စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ရေဦးလမ်း ကျွန်းခြံအတွင်းနဲ့ ဥသျှစ်ကန်သုဿန်သို့ ရောက်ရှိ လာတဲ့ ပန်းရံပျူ၊ ခွန်းတောင်ကြီးပျူ၊ ဇီးကုန်းလေးပျူ၊ ဇီးကုန်ကြီးပျူနဲ့ အကြမ်းဖက်စစ်သား ပူးပေါင်းအင်အားကို မတ်လ ၂၅ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

တိုက်ပွဲ ၃ နာရီကြာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကနေ မေဂွန်ရွာ ပျူစခန်းက ကား ၂စီးနဲ့ ကျွန်းခြံကို တပ်ကူထပ်မံရောက်ရှိလာပြီး ရွှေဘိုမြို့ ခလရ ၄၂တပ်၊ ရွှေဘိုမြို့ ကညနရုံး၊ရွှေဘိုကန်တော်တို့ကနေ ၁၂၂ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ယောက်သေပြီး စစ်အသုံးအဆောင် ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ရွှေဘိုမြို့နယ် ပကဖတာဝန်ခံရဲ့ ကွပ်ကဲမှုနဲ့ ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့(PDO)က ဦးဆောင်ပြီး ရွှေဘိုမြို့နယ်ပကဖ Federal Tech Shwebo-Drone တပ်ဖွဲ့နဲ့ တိုက်နယ်-၅ (ပကဖ)၊ တိုက်နယ်-၁ (ပကဖ)၊ တိုက်နယ်-၂ (ပကဖ)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်မြို့နယ်အတွင်း စျေးဝယ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက်သေ၊ သေနတ် ၃ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထားဝယ်နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ် ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက်သေကာ သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ YePhyu People Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း အလင်းဝင်လိုသည့် စစ်ကောင်စီတပ်သား ၃ ဦးကို Spring Warriors Column ရဲဘော်များ သွားရောက်ခေါ်ဆောင် (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နောင်ကုန်းကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား တွေထဲက အလင်းဝင်ချင်တဲ့ တပ်သား ၃ ယောက်ကို သွားရောက်ခေါ်ဆောင်ခဲ့တယ်လို့ Spring Warriors Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပုလောမြို့နယ် မိမ္မမြို့ကျေးရွာအား စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ယောက် ထိခိုက်သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာအုပ်စု မိမ္မမြို့ကျေးရွာအနီး စစ်ကောင်စီတပ် လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကန်ပိုက်တီမြို့က ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို တရုတ်အာဏာပိုင်တွေက မူဆယ်နယ်စပ်ဂိတ်သို့ ပြန်လည်ပို့ဆောင် (ရုပ်/သံ)

ကချင်ပြည်နယ် ကန်ပိုက်တီမြို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်စဉ် တရုတ်နိုင်ငံသို့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို အာဏာပိုင်တွေက နိုဝင်ဘာ ၂၃ ရက် မနေ့ညပိုင်းက မူဆယ်မြို့ နယ်ဂိတ်ကနေ စစ်ကောင်စီတပ်ထံ ပြန်လည်လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။
Read More

မိုးကုတ်မြို့နယ် ရေထွက်ကြီးကျေးရွာကို စစ်ကော်မရှင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ အမျိုးသား ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် ရေထွက်ကြီးကျေးရွာကို စစ်ကော်မရှင်က တိုက်လေယာဉ်နဲ့ အောက်တိုဘာ ၁ ရက် မနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မင်းကင်းမြို့နယ် ပကဖအင်အားစုဖွဲ့လေ့ကျင့်ရေးနှင့် မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် ပကဖ အင်အားစုဖွဲ့လေ့ကျင့်ရေးနဲ့ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၁၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။