စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ “လူထုတွေ့ဆုံပွဲနဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ” ပြုလုပ်ခဲ့ပြီး လေကြောင်းအန္တရာယ် ကာကွယ်ရေးဆိုင်ရာ ပန်းဖလက်တွေ ဖြန့်ဝေခဲ့တယ်လို့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) က အဆိုပါဟောပြောပွဲတွေကို ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတွေဆီ သွားရောက်ကာ မတ်လ (၂၃) ရက်ကနေ စတင်ပြီး မတ်လ( ၂၆ ) ရက်အထိ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

BLDF ရဲ့ နိုင်ငံရေးမူဝါဒ၊ စစ်ရေးမူဝါဒတွေကို ပြည်သူလူထုဆီ ရှင်းလင်းတင်ပြတာ၊ တပ်ဦးဖြစ်ပေါ်လာပုံကို ဟောပြောတာ၊ လေကြောင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောတာ၊ ဗုံးခိုကျင်းတူးဖော်ပုံ ရှင်းလင်းပြောကြားတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံဟောပြောပွဲတွေမှာ ရပ်ရွာလူထုကလည်း တခဲနက် တက်ရောက်ပါဝင်ခဲ့ပြီး BLDF အနေနဲ့ အခြေစိုက်ရာဒေသတွေမှာ လူထုတွေ့ဆုံပွဲနဲ့ ဟောပြောပွဲတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပုလောမြို့မရဲစခန်းကို PDF များ ဝင်ရောက်တိုက်ခိုက်ရာ ဒုရဲအုပ်နှင့် ရဲတပ်သား သေဆုံးပြီး ရဲ ၆ ဦးခန့် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ပုလောမြို့မရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ဒုရဲအုပ် ၁ ယောက်နဲ့ ရဲတပ်သား ၁ ယောက် သေဆုံးပြီး ၆ ယောက်ခန့် ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၁ က ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်မှာ စစ်ကောင်စီဂိတ်စခန်းနဲ့ ပျူခေါင်းဆောင်နေအိမ်တို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီဂိတ်စခန်းနဲ့ ပျူခေါင်းဆောင်နေအိမ်တို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။
Read More

မြဝတီမြို့အနီး စစ်ကောင်စီက လေယာဉ်နဲ့ လာချပေးတဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာတချို့ကို တော်လှန်ရေးအဖွဲ့တွေ သိမ်းဆည်းရရှိထား

ကရင်ပြည်နယ်၊ မြဝတီမြို့က ကုန်သွယ်ရေးဇုန်အတွင်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ စစ်သားတွေချပေးနေတယ်လို့ ဒေသခံရဲ့အဆိုကို ကိုးကားပြီး မောင်းမီဒီယာမှာ မနေ့က ကနဦးသတင်းဖော်ပြခဲ့ပါတယ်။
Read More

နှစ်ပေါင်း ၃၀ ကြာပြီးနောက် မာနယ်ပလောမှာ ပထမဆုံးအကြိမ် ကရင့်တော်လှန်ရေးနေ့ ပြန်လည်ကျင်းပ

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို
Read More

နိုင်ငံတစ်ဝန်း မေလအတွင်းတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား (၉၇) ဦး သေဆုံးခဲ့…

မြန်မာနိုင်ငံတစ်ဝန်း မေလအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၉၇) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကလေးမှာ စစ်ကောင်စီတပ်တွေကို ရက်ဆက် မိုင်းခွဲဖို့ ကြိုးစားပေမယ့် ဘတ္ထရီလိုအပ်ချက်ကြောင့် မိုင်းမကွဲမှုတွေ ရှိနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ကာ ဂိတ်ထောင်ဆက်ကြေးကောက်ပေးနေသူကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး စစ်ကောင်စီတပ်တွေကို ရက်ဆက် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ကလေးခရိုင် မိုင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။