တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၁၀၃ တပ်ရင်းက ယာယီတပ်ရင်းမှူး ဗိုလ်မှူးအဆင့်ရှိသူကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

မတ်လ ၂၆ ရက် မနက်ပိုင်းက အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ်ရှိ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းနဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း ၇ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ မြိတ်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၁၀၃ တပ်ရင်းက ယာယီတပ်ရင်းမှူး ဗိုလ်မှူးသိန်းထိုက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ ဗိုလ်မှူးရဲ့ ထွက်ဆိုချက်အရ သူဟာ တနင်္သာရီမြို့နယ်အတွင်း လတ်တလောစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ထွက်ပြေးလာသူဖြစ်ကြောင်း သိရတယ်လို့ မြိတ်ခရိုင် တပ်ရင်း ၁ က ဆိုပါတယ်။

အဲ့ဒီနောက် အရပ်သား ဟန်ဆောင်ကာ ခရီးသည်တင်ကားနဲ့ ရန်ကုန်မြို့ကို သွားရောက်ဖို့ လုပ်ဆောင်ချိန် တော်လှန်ရေးတပ်တွေရဲ့ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိတာဖြစ်ပြီး လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ ဗိုလ်မှူးကို ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကာ လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါ မန်ကျည်းခင်ရွာကို ခလရ ၅၀ စစ်ကြောင်း အချိန်မတော် ဝင်ရောက်စီးနင်း၊ ကိုယ်ဝန်ဆောင်သည်အပါ အရပ်သား ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ ခလရ ၅၀ တပ်ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက မြို့အနောက်ဘက် မန်ကျည်းခင်ရွာဆီ အချိန်မတော် ဝင်ရောက်စီးနင်းရင်းကိုယ်ဝန်ဆောင်သည်အပါ အရပ်သား ၁၀ ယောက်ထက်မနည်းကို အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
Read More

အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ပြည်သူ ၃.၄ သန်းကျော် ရှိလာ

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာပြည်သူ ဦးရေဟာ ၃.၄ သန်းရှိလာပြီဖြစ်တယ်လို့ UNOCHA က နိုဝင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ကိုဖျက်သိမ်းပြီး ယောတပ်တော် (Yaw Army) နှင့် ပေါင်းစည်းကာ အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲဝင်သွားမည်

ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ယောတပ်တော် (Yaw Army) နဲ့ပူးပေါင်းကာ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်သွားမယ်လို့ ယောတပ်တော် (Yaw Army) က မတ်လ ၃ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်ကုန် ပြန်လာချင်တဲ့ ရဲဘော်လူငယ်တွေရဲ့ လမ်းခရီးမှာ လက်နက်တပ်ဆင်ပေးဖို့ မျှော်လင့်ခြင်း ရန်ကုန်

ရန်ကုန်ကို ရောက်နိုင်ဖို့ မျှော်လင့်ချက်တွေနဲ့အတူ ရဲဘော်တွေကို လက်နက်​ပြည့် တပ်ဆင်ပေးနိုင်ဖို့ မျှော်လင့်ခြင်း ရန်ကုန်ဆိုတဲ့ ကမ်ပိန်းလုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိန်းက မောင်းကို ပြောပါတယ်။
Read More

စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေက CDM စစ်အရာရှိတွေကို အကူညီတောင်းခံပြီး စုံစမ်းနေ

ရှေ့တန်းမှာ ဖမ်းဆီးခြင်းခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်တပ်ဘက်က တာဝန်ယူမှု လုံး၀မရှိဘဲ မိသားစုဝင်တွေက မိမိအစီအစဉ်နဲ့သာ မိမိမေးမြန်းစုံစမ်းနေရတယ်လို့ တပ်တွင်း သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး CDM ဗိုလ်ကြီးထက်မြက်ကပြောပါတယ်။
Read More

ခလရ ၅၂ တပ်ရင်းမှ ပြည်သူ့စစ် ၁ဦး ခန္တီးပကဖ ထံ အလင်းဝင်ခိုလှုံ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ လှုပ်ရှားစစ်ကြောင်းကနေ ထွက်ပြေးအလင်းဝင်လာတဲ့ ပြည်သူ့စစ် ၁ ယောက်ကို ဘေးလွတ်ရာ ပို့ဆောင်ပေးခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) သတင်းပြန်ကြားရေးတာဝန်ခံ ကိုထက်အောင်ရှိန်က မောင်းကို ပြောပါတယ်။