အပျက်အစီးများပြီး လူအသေအပျောက်များနိုင်တဲ့ ငလျင်ဒဏ်သင့် ဒေသ ၆ ခုကို စစ်ကောင်စီက အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။

ငလျင်ဘေးဒဏ် အပြင်းအထန်ခံစားခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေနဲ့  ရှမ်းပြည်နယ်အရှေ့မြောက်ဒေသတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးပေါ်အခြေအနေအဖြစ် စစ်ကောင်စီက ကြေညာလိုက်တာပါ။

စစ်ကောင်စီက ကြေညာခဲ့တဲ့ ဒေသတွေမှာ နေရာအနှံ့ပျက်စီးဆုံးရှုံး အသေအပျောက်တွေ ရှိနိုင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာကို ဗဟိုပြုပြီး ဒီနေ့ နေလယ် ၁၂ နာရီ ၅၀ မိနစ်အချိန်မှာ ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့ကာ ၁၂ မိနစ်အကြာမှာ စစ်ကိုင်းမြို့တောင်ဘက် ၁၈ ကီလိုမီတာအကွာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၆.၄ အဆင့်ရှိ ငလျင်ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိလေ့လာရေး အသင်း (USGS) က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စုစည်းညီညွတ်အားဖြင့် တိုက်ပွဲဝင်ရန် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်း

အကြမ်းဖက် စစ်အာဏာရှင်ကို ဗျူဟာမြောက် ခုခံတွန်းလှန်ဖို့အတွက် တပ်ဖွဲ့ ၁၉ ဖွဲ့ ပါဝင်တဲ့ “နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု” ကို ဖွဲ့စည်းလိုက်ကြောင်း မနေ့က ဒီဇင်ဘာ ၁၅ ရက်မှာ ကြေညာလိုက်ပါတယ်။
Read More

မလေးရှားနှင့် အာဆီယံတို့ မြန်မာမှာ ရွေးကောက်ပွဲကိစ္စ ဆွေးနွေးမည်ဟု ဆို

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Mohamad Hasan ဟာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့နဲ့အတူ စက်တင်ဘာ ၁၉ ရက်မှာ မြန်မာနိုင်ငံကို တရားဝင် လာရောက်မှာဖြစ်ပြီး စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ အကောင်အထည်ဖော်ရေး နည်းလမ်းတွေနဲ့ အခြားအကြောင်းအရာတွေ ဆွေးနွေးမှာဖြစ်ကြောင်း Bernama သတင်းက ဩဂုတ်လ ၁၄ ရက်မှာ ဖော်ပြထားပါတယ်။ 
Read More

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က Jet Fighter နဲ့ ပေါင် (၅၀၀) ဗုံး ၄ လုံး ကြဲချလို့ အရပ်သား (၃) ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter နဲ့ ပေါင် (၅၀၀) ဗုံး ၄ လုံး လာရောက်ကြဲချတိုက်ခိုက်ရာ အရပ်သား (၃) ယောက် ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာပြည်သူအပေါ် စစ်ကောင်စီ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေခြင်းကို အာဆီယံအနေနှင့် လျစ်လျူမရှုဖို့ NUG ပြော

မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မင်းအောင်လှိုင်နဲ့ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာကို အာဆီယံအနေနဲ့ လျစ်လျူမရှုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောကြားလိုက်ပါတယ်။
Read More

သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်မြဲရေးကို ထောက်ခံကြောင်း ဆားလင်းကြီးမှာ ဆန္ဒပြတောင်းဆို

ကုလသမဂ္ဂမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ပြည်သူတွေ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
Read More

ထီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်သား ၁ ယောက် ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ

မကွေးတိုင်း၊ ထီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်သား ၁ ယောက်ဟာ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။