ဒီနေ့ မတ်လ ၂၈ရက် နေ့လယ်ပိုင်း လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် နေပြည်တော် လေကြောင်းထိန်းသိမ်းရေးတာဝါ ပြိုကျသွားခဲ့ပါတယ်။

ပြင်းထန်တဲ့ငလျင်အရှိန်ကြောင့် လေကြောင်းထိန်းသိမ်းရေးတာဝါအတွင်း ဝန်ထမ်းတချို့ သေဆုံးထိခိုက် ဒဏ်ရာရရှိမှုတွေလည်း ရှိခဲ့ပါတယ်။

လေကြောင်းထိန်းသိမ်းရေးတာဝါ ပြိုကျမှုမှာ လူထိခိုက်သေဆုံးမှု အခြေအနေကို လက်တလောမသိရှိရသေးဘဲ ဝန်ထမ်းအင်အား ၁၀ ယောက်ကျော်အထိ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ CDM စစ်တပ်အရာရှိတွေက ဆိုပါတယ်။

ငလျင်ဒဏ်ကြောင့် လေကြောင်းထိန်းသိမ်းရေးတာဝါ ပျက်စီးခဲ့ရပြီးတဲ့နောက် လေယာဉ်ခရီးစဉ်တွေကိုလည်း ရပ်နားထားရပါတယ်။

အင်အားပြင်းငလျင်ဒဏ်ကြောင့် နေပြည်တော်လေဆိပ်ပိတ်ထားရပြီး သပြေကုန်းဈေးရုံ၊ ဈေးဝယ်စင်တာတွေ၊ ခုတင် ၁,၀၀၀ ဆေးရုံ၊ လွှတ်တော်အဆောက်အဦး၊ ဝန်ထမ်းအိမ်ရာ၊နေပြည်တော် တိုင်းစစ်ဌာနချုပ်ရုံးတွေ ထိခိုက်ပျက်စီးခဲ့ရသလို လူထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်တန်းဒေသထိုးစစ်တွေကို  ​မြေပြန့်ဆီ စစ်ရေးအတွေ့အကြုံတွေနဲ့အတူ ဝတ်မှုံကူးသယ်​​ဆောင်သွားမယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) ပြော

၂၀၂၅ ခုနှစ်အတွင်း တောင်တန်းဒေသထိုးစစ်တွေကနေ မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ၄နှစ်တာစစ်ရေးအတွေ့အကြုံတွေနဲ့ ဝတ်မှုံကူးသယ်ဆောင်လာဖို့ရှိကြောင်း ကျောင်းသားလက်ရုံးတပ်တော် (SAF) က ဆိုထားပါတယ်။
Read More

ကျောက်ဖြူသို့ တပ်ပြောင်းလာသည့် ခမရ ၂၁၁ ဒုတပ်ရင်းမှူး ဗိုလ်မှူးဝင်းသန့် AA ၏ စနိုက်ပါလက်ချက်ကြောင့် သေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူကို ရာထူးတိုးပြောင်းရွှေ့လာတဲ့ ခမရ ၂၁၁ က ဒုတပ်ရင်းမှူး ဗိုလ်မှူးဝင်းသန့်ဟာ အာရက္ခတပ်တော် (AA) ရဲ့ စနှိုက်ပါလက်ချက်ကြောင့် သေဆုံးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

လူ့အခွင့်အရေးနေ့တွင် မြောက်ဦးဆေးရုံကို အကြမ်းဖက်စစ်တပ် ဗုံးကြဲ၊ ပြည်သူ အယောက် ၃၀ ကျော် သေဆုံးကာ အယောက် ၇၀ ကျော် ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ဆေးရုံကြီးကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ အယောက် ၃၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိကြောင်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
Read More

စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ မကွေးမြို့နယ်မှာ ပြည်သူတွေဆီက စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) ဆီက သိရပါတယ်။
Read More

သီပေါရောက် စစ်ရှောင်များကို တအာင်းအမျိုးသမီးအဖွဲ့အစည်း စားနပ်ရိက္ခာ ကူညီထောက်ပံ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ဆွတ်လန်းကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်က လိုအပ်တဲ့ စားနပ်ရိက္ခာတွေ သွားရောက် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။
Read More

ပေါင်းတည်ထောင်တွင် နိုင်ငံရေးအကျဥ်းသားတစ်ဦး ရုတ်တရက် နှလုံးရပ် သေဆုံး

ပဲခူးတိုင်း၊ ပေါင်းတည် အကျဥ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုလှမင်း (ခ) ကိုလှကြီးဟာ ရုတ်တရက် နှလုံးရပ်‌ သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။