ဇိုမီးဖက်ဒရယ်ပြည်ထောင်စု/ ဇိုလန်း – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Zomi Federal Union/Zoland – People’s Defence Force) အနေနဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီနဲ့ ကာလရှည်ကြာတိုက်ပွဲတွေ ​ဖြစ်ပွားခဲ့ပြီးနောက် အခုအခါ ချင်းဒေသရဲ့ ၈၀% ကျော်ကို ထိန်းချုပ်ထားနိုင်နေပြီ ဖြစ်တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ PDF Zoland က မိမိတို့ဖွားမြင်ရာ ချင်းပြည်နယ်မှာ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး အိပ်မက်ကို တဖြည်းဖြည်း အကောင်အထည်ဖော်လာနိုင်ပြီ ဖြစ်တယ်လို့လည်း ကြေညာထားပါတယ်။

မကြာမီအချိန်မှာ မြန်မာနိုင်ငံ အနောက်တောင်ပိုင်း ချင်းပြည်နယ်ရှိ ဇိုမီးဖက်ဒရယ်ပြည်ထောင်စု/ ဇိုလန်း – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Zomi Federal Union/Zoland – People’s Defence Force) တည်ထောင်ခဲ့တာ ၄ နှစ် ပြည့်တော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၁ အာဏာသိမ်းမှုအပြီး တူမီးသေနတ်တွေနဲ့ စတင်တော်လှန်ခဲ့ရတဲ့ ဇိုလန်း ​ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ တပ်ဖွဲ့တည်ထောင်တာ ၄ နှစ်ပြည့်တော့မယ့် အခုအချိန်မှာတော့ စနစ်တကျစုစည်းထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခု အဖြစ် တိုးတက်လာခဲ့ပြီ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အောင်ဇေယျစစ်ကြောင်းမှ စစ်သား ၃ဦး လက်နက်ယူဆောင် အလင်းဝင်လာခဲ့

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက စစ်သား ၃ ယောက်ဟာ လက်နက်အချို့ကို ယူဆောင်ကာ အလင်းဝင်ရောက်လာတယ်လို့ ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျန်းမာရေးစောင့်ရှောက်မှု မရရှိလို့ စစ်အာဏာသိမ်း ကာလအတွင်း အကျဉ်းသား ၁၀၀ ကျော်သေဆုံးခဲ့ရ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်တွေထဲ သေဆုံးခဲ့ရသူ ၁၀၀ ကျော်သွားပြီလို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ခရီးသည်တင်ယာဥ် တိမ်းမှောက်လို့ ၂ ယောက်သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၅၄/၀) မှာ ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ယာဥ်ပေါ်ပါ ခရီးသည် ၂ ယောက် သေဆုံးကာ ၁၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုတွင် အကြမ်းဖက်စစ်ကော်မရှင်က ကုန်စည်စီးဆင်းမှု ခက်ခဲအောင် ပိတ်ဆို့ကန့်သတ်မှုတွေ ပိုမိုလုပ်ဆောင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်က မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်စေဖို့ ရည်ရွယ်ချက်နဲ့ လမ်းပိုင်းတွေ၊ မြို့အဝင်အထွက်ဂိတ်တွေ ပိတ်ဆို့ကာ ကုန်ပစ္စည်းသယ်ဆောင်ခွင့်တွေကို ဆိုးဆိုးရွာရွား ကန့်သတ်လိုက်ကြောင်း သိရပါတယ်။
Read More

KK park ပြဿနာ နောက်ဆက်တွဲကြောင့် မြဝတီမှ ကုန်ပစ္စည်းများ သယ်ယူစားရိတ် ၅ ဆအထိ မြင့်တက်နေ

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK park နေရာကို စစ်တပ်ကနေ ဝင်စီးပြီးနောက်ပိုင်းမှာ မြဝတီကနေ ကုန်ပစ္စည်းသယ်ယူစားရိတ်တွေဟာ ၅ ဆ အထိ မြင့်တက်လာနေတယ်လို့ ကုန်တင်ယာဉ်မောင်းတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ် ကပစ ၂၄ မှ ဒုတပ်ကြပ် ၁ ဦး လက်နက် ၂ လက်နှင့်အတူ အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄) က ဒုတပ်ကြပ်တစ်ယောက် လက်နက် ၂ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် အမှတ် (၅) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။