နေပြည်တော်မှာ ဒီနေ့ ကျင်းပပြုလုပ်မယ့် ဖက်ဆစ်တော်လှန်ရေးနေ့၊ စစ်ကောင်စီအခေါ် (တပ်မတော်နေ့) စစ်ရေးပြဖို့ စုဝေးရောက်ရှိနေတဲ့ စစ်သားတွေ အရက်မူးစကားများ ရန်ဖြစ်ကြရာကနေ စစ်သား ၁၈ ယောက် ဒဏ်ရာရရှိခဲ့ပြီး ၃ ယောက်ကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေ ရှိနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

မတ်လ ၂၆ ရက် မနေ့က ညပိုင်းအချိန်မှာ နေပြည်တော်၊ တည်းခိုရေးတပ် အမှတ် (၃) မှာ စစ်ရေးပြအတွက် စုဝေးရောက်ရှိနေတဲ့ တပ်သားတွေကို ထားရှိရာ အဆောင် (၃) နဲ့ အဆောင် (၄) တို့က တပ်သားတွေ အရက်မူးရာကနေ စကားများရန်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ 

တပ်သားတွေကို ထားရှိရာ အိပ်ဆောင်မှာ အိပ်ဆောင် ၁ ခုကို လူအယောက် ၇၀၀ ကျော်ကနေ ၉၀၀ ကျော်အထိ ထားရှိထားပြီး ရန်ဖြစ်နေချိန် အိပ်ဆောင် (၂) က ရာနဲ့ ချီတဲ့ တပ်သားတွေက တုတ်နဲ့ အုတ်ခဲတွေကို ကိုင်ဆောင်ကာ  ပစ်ခတ်ရိုက်နှက်ခဲ့ကြတယ်လို့ သိရပါတယ်။ 

ဝတ်စုံပြည့် စစ်ရေးပြလေ့ကျင့်သည့်နေ့က ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း လိုက်လံကြည့်ရှုစဉ် (ဓာတ်ပုံ မြဝတီ)

“ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိတဲ့ စစ်ကြောင်းတပ်ရင်းမှူး (၁)ဦး ပါ အရိုက်ခံရပြီး ဖူးယောင်ဒဏ်ရာများ ရရှိထားတယ်။ ရန်ပွဲဖြေဖို့ တကက (၂) ကနေ အင်အားအလုံးအရင်းနဲ့ ဝင်ဖြေတယ်။ နောက်ဆုံး ကျင်စက်တွေပါသုံးပြီး အကြမ်းဖက် လုံခြုံရေးခေါ် လူစုခွဲလိုက်ရတယ်။ အခုတော့ အရာရှိတော်တော်များများတော့ ရုံးတက် ဖြေရှင်းနေရတယ် ကြားပါတယ်” လို့ အမည်မဖော်လိုတဲ့ တပ်တွင်းသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။ 

အဆိုပါ ရန်ပွဲဖြစ်ပွားမှုမှာ စစ်သား ၁၅ ယောက် သွေးထွက်သံယိုဒဏ်ရာ (မစိုးရိမ်ဒဏ်ရာ) ရရှိခဲ့ပြီး ၃ ယောက်ကတော့ အသက်အန္တရာယ်စိုးရိမ်ရကာ စုစုပေါင်း ၁၈ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါမှာ (၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ် ပြုလုပ်…

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ လူ့အခွင့်ရေးရာတာ၀န်ခံ တို့ ဦးဆောင်ပြီး ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ (၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

PDF ရဲဘော်များ မကြာခင် ပြန်လွတ်လာမည်၊ အနည်းငယ် နားလည်မှုလွဲရုံသာဖြစ်ပြီး စစ်အာဏာရှင်ကို အဆုံးထိ ဆက်တိုက်သွားမည်ဟု ဗျူဟာ ၃၃ နည်းဗျူဟာမှူး စောဒါးကို အသိပေး

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်မဟာ (၄)၊ တပ်ရင်း (၁၂) က ထိန်းသိမ်းထားတဲ့ ဗျူဟာမှူး၊ တပ်ရင်းမှူးအပါအဝင် PDF အယောက် ၅၀ နီးပါး မကြာခင် မိခင်တပ်ရင်းထံ ပြန်ရောက်လာမှာဖြစ်ကြောင်း အမှတ်(၃၃) နည်းဗျူဟာရဲ့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုက လူမှုကွန်ရက်တဆင့် အသိပေးလာပါတယ်။
Read More

ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ အကြမ်းဖက်စစ်ကောင်စီ အဖွဲ့ဝင် တပ်သားတစ်ယောက် လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

စစ်အာဏာရှင် ကျရှုံးရင် ရိုးရာပွဲတော်တွေ ပျော်ရွှင်ခမ်းနားစွာ ကျင်းပနိုင်မှာဖြစ်လို့ တော်လှန်ရေးမှာ ဆက်လက်ဝန်းရံပေးဖို့ ဒီပါ၀လီနေ့မှာ CRPH သဝဏ်လွှာပေးပို့

စစ်အာဏာရှင် ကျရှုံးရင် ဘာသာရေးဆိုင်ရာ ရိုးရာပွဲတော်တွေကို ပိုမိုပျော်ရွှင်စွာကျင်းပနိုင်မှာ ဖြစ်လို့ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ပေးကြဖို့ ဟိန္ဒူဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ  မီးထွန်းပွဲတော် ဒီပါဝလီနေ့ အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကသဝဏ်လွှာပေးပို့ဆုတောင်းလိုက်ပါတယ်။
Read More

အစိုးရပီသတဲ့ အဖွဲ့အစည်းအောက်မှာ သဘာဝဘေးနဲ့ကြုံရရင် အခုလောက် အခြေအနေမဆိုးနိုင်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ် ပြော

အစိုးရပီသတဲ့ အဖွဲ့အစည်းတွေအောက်မှာသာ အခုလို သဘာဝဘေးကို ကြုံတွေ့ရရင် အခုလောက်တိုင်းပြည်ဟာ အခြေအနေမဆိုးရွားနိုင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
Read More

နတ်တလင်းတွင် အကြမ်းဖက်ဂိတ်စခန်းကို PDF ဝင်ပစ်ရာ စစ်အုပ်စု ကြောက်လန့်တကြား ထွက်ပြေး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပျူစောထီးဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်အုပ်စုတွေ ကြောက်လန့်တကြား စခန်းစွန့်ခွာထွက်ပြေးသွားကြတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၁) တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။