တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားဆီက သေနတ်ကောက်ဖို့ ကြိုးစားကြတဲ့ အညာဒေသ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံကို ဧရာအနောက်မြို့တော်သို့ ကမ်ပိန်းကနေ ထုတ်ပြန်လိုက်ပါတယ်။

ရုပ်သံဖိုင်အတွင်း ကွင်းပြင်ထဲ သေဆုံးနေတဲ့ စစ်ကောင်စီတပ်သားဆီက သေနတ်ကောက်ဖို့ အကာအကွယ်ကြီးကြီးမားမားမရှိဘဲ သစ်သားတုံးကို အကာအကွယ်ပြုကာ စွန့်စွန့်စားစားကြိုးစားနေကြတဲ့ ရဲ ဘော်တွေကို တွေ့မြင်ရပါတယ်။

“အညာမှာ အသက်ထက် သေနတ်က ပို‌ဈေးကြီးတော့ အသက်စွန့်ပြီး သေနတ်တက်ကောက်ကြတယ်။ သေရင်‌ မြေကြီး ရှင်ရင် သေနတ်တဲ့။ အကာအကွယ် ဆိုလို့ သစ်တုံးလေးနဲ့ ဦးထုတ်သာ ပါခဲ့ပါတယ်ဗျာ။ ဒါဟာ တမင်ဖန်တီးထားတဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်းမဟုတ်ပါဘူး၊ အညာမြေက ဖြစ်ရပ်မှန် video တစ်ပုဒ်ပါ။ ရန်သူနဲ့ ဘယ်လောက်နီးကပ်လဲဆိုတာ ဒီ video ကြည့်တာနဲ့ မှန်းဆနိုင်ပါတယ်” လို့ ဆိုပါတယ်။

ဧရာအနောက်မြို့တော်သို့ ကမ်ပိန်းဟာ သိန်း ၁၅၀၀ သတ်မှတ်ထားပြီး မတ်လ ၃၁ ရက်မှာ ကမ်ပိန်းကာလပြီးဆုံးတော့မှာဖြစ်တဲ့အတွက် တော်လှန်ပြည်သူထောက်ပို့တွေ ပါဝင်အားဖြည့်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။ 

ကမ်ပိန်းရရှိငွေတွေကို Thu Rain TR၊  Earthquake People’s Defence Force၊ Justice Revolution Force၊ Hunter Pakokku၊ Six Senses Guerrilla Force စတဲ့ ပခုက္ကူအခြေစိုက် အဖွဲ့ ၅ ဖွဲ့ဆီကို ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဘုတလင်တိုက်ပွဲက အောင်ပွဲရ ရဲဘော်တွေကို ဂုဏ်ပြု ဆုငွေများချီးမြှင့် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်နိုင်ခဲ့တဲ့ ရဲဘော်တွေကို ဂုဏ်ပြုဆုငွေချီးမြှင့်ပေးခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ ကရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

SSNDF / KNDF B-103 မှ သင်တန်းသား ရဲဘော်သစ်များ ဖိတ်ခေါ် (ရုပ်/သံ)

SSNDF / KNDF B-103 က စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ဖို့အတွက် သင်တန်းသား ရဲဘော်သစ်တွေ ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေကို ကိုကျော်သက်လင်းနဲ့ Black Panther Column ရဲဘော်တွေက လက်နက်ချအလင်းဝင်ရောက်ဖို့ ဖိတ်ခေါ် (ရုပ်/သံ)

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရုပ်မြင်သံကြား CDM အရာရှိ ကိုကျော်သက်လင်းနဲ့ Black Panther Column ရဲဘော်တွေက စစ်ကောင်စီတပ်သားတွေ လက်နက်ချအလင်းဝင်ရောက် ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ "သင့်အသက်မဆုံးရှုံးခင် မှန်ကန်တဲ့လမ်းကိုရွေးချယ်ပါ။ စစ်ကောင်စီထံမှ ရုန်းထွက်ပြီး ကျားသစ်နက်စစ်ကြောင်းက သင့်ကို ကြိုဆိုလျှက်ရှိသည်''လို့ Black Panther Column မှ Facebook စာမျက်နှာမှရေးသားမျှဝေထားပါတယ်။
Read More

ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေး ဂိတ်ကို မတ်လ ၈ ရက် ယနေ့ နံနက်ပိုင်းက ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

ချောင်းမရွာကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကော်မရှင်တပ်အား ချေမှုန်းပြီး ပြန်လာသည့် တော်လှန်ရေးရဲဘော်များ၏ အိမ်ပြန်ခရီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကော်မရှင်တပ်ကို ချေမှုန်းပြီး ပြန်လာတဲ့ တိမ်ပျံပြောက်ကျားတပ်ဖွဲ့ ရဲဘော်တွေရဲ့ အိမ်ပြန်ခရီးဟာ အန္တရာယ်များလှပါတယ်။ 
Read More

ရန်ကုန်-မန္တလေး အမြန်လမ်း စစ်တပ်ဂိတ်ကို အနီးနားအထိ ဝင်ရောက်ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၉ က အကြမ်းဖက်စစ်တပ်ဂိတ်ကို ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းက တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး  ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ကာ မြေပြင်ကနေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force အဖွဲ့ထံက သိရပါတယ်။