တိုင်းပြည်ကို မတရားအာဏာသိမ်းကာ နိုင်ငံတစ်ဝန်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို ဂုဏ်ယူတယ်လို့ အငြိမ်းစား စစ်တပ်အရာရှိတွေက ပြောကြားလိုက်ပါတယ်။

အငြိမ်းစား စစ်တပ်အရာရှိတွေကို  စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်မှာ တော်လှန်ရေးနေ့ (တပ်မတော်နေ့) အခမ်းအနား မတိုင်မီ ဂါရ၀ပြုချိန်မှာ ပြောကြားလိုက်တာပါ။ စစ်တပ်အရာရှိဟောင်းတွေရဲ့ ကိုယ်စား သမ္မတဟောင်း ဦးသိန်းစိန်က မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို ဂုဏ်ယူတယ်လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ဦးဆောင်မှုနဲ့ တပ်မတော်အရေးကိစ္စတွေ၊ တိုင်းပြည်တည်ငြိမ်ရေးတွေနဲ့အတူ လူမှုစီးပွားတိုးတက်ရေးကို နေ့မအား ညမအား ဆောင်ရွက်နေတာကို ဂုဏ်ယူတယ်လို့ ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

(ဓာတ်ပုံ စကစပြန်ကြားရေးဝန်ကြီးဌာန)

တပ်မတော်ရဲ့ အစဉ်အလာတွေကို မပြတ်ထိန်းသိမ်း သွားဖို့လည်း အရေးကြီးတယ်လို့ သမ္မတဟောင်း ဦးသိန်းစိန်က ဆိုပါတယ်။

ပြည်ပကျူးကျော်မှုအတွက် ကာကွယ်ရေး၊ ပြည်တွင်းဆူပူသောင်းကျန်းမှုကို တားဆီးရေးတို့သာမက အမျိုး၊ ဘာသာ၊ သာသနာနဲ့ ယဉ်ကျေးမှုတို့ မပျောက်ပျက်ရေးတို့ကိုပါ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးနေတယ်လို့လည်း မင်းအောင်လှိုင်က  အငြိမ်းစား တပ်မတော်အရာရှိတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါသေးတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းပြုလုပ်တဲ့  တပ်မတော်နေ့အခမ်းအနားတွေမှာ ဦးသိန်းစိန်အပါအဝင် အငြိမ်းစား စစ်အရာရှိတွေကို ဖိတ်ကြားလေ့ရှိပြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေက ဂါရ၀ပြုပွဲကို ပုံမှန် ကျင်းပလေ့ရှိပါတယ်။

နှစ်စဉ် ဂါရ၀ပြုပွဲတွေတိုင်းမှာ စစ်အာဏာရှင်ဟောင်း သန်းရွှေကိုတော့ မြင်တွေ့ရလေ့မရှိပါဘူး။

0 Shares:
You May Also Like
Read More

ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်း တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနား

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန - MOD ကနေ ပြည်သူ့ကာကွယ်ရေးတပ်အဖြစ် တရားဝင် အသိအမှတ်ပြုတည်ထောင်ပေးခဲ့တာ ဧပြီလ (၁၇) ရက် ဒီနေ့မှာ (၃) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပြည်သူကိုသတ်သည့် စစ်တပ် လက်ကိုင်တုတ် ကြံ့ခိုင်ရေးက အတွေ့အကြုံမရှိသူများ လက်ထဲတွင် ပြည်သူ့အနာဂတ် ပွန်းပဲ့ခံလို့မဖြစ်ဘူးဟုပြောကာ မဲဆွယ်

အာဏာသိမ်း စစ်ဗိုလ်ချုပ်အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက သူတို့ပါတီဟာ အတိတ်သမိုင်းကောင်းတွေ ရှိခဲ့ပြီး ပါတီနောက်မှာ ခိုင်မာတဲ့အဖွဲ့အစည်းရှိတယ်လို့ ပြောဆို မဲဆွယ်ခဲ့ပါတယ်။
Read More

အောင်လံတွင် မိုင်းကွင်းစစ်သည့် ခြေလျင်စစ်သားများ တိုက်ခိုက်ခံရကာ ဗိုလ်လေးအဆင့်ရှိသူအပါ ၁၆ ဦးနီးပါး သေ

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ မိုင်းကွင်းလာစစ်တဲ့ အကြမ်းဖက်စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်ရာကနေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က ဗိုလ်လေးအဆင့်ရှိသူအပါအဝင် ၁၆ယောက်သေကာ အများအပြားထိခိုက်သွားကြောင်း Yoma Fighter Column တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သန်းခေါင်စာရင်းကောက်ဖို့ လော်စပီကာနဲ့ လိုက်အော်နေတဲ့ အုပ်ကြီး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ လိပ်ဥကုန်းအုပ်စု အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်းကောက်ဖို့ လော်စပီကာနဲ့ လိုက်အော်နေတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံက သိရပါတယ်။
Read More

မုံရွာရဲစခန်းအချုပ်မှာ LGBT နိုင်ကျဉ်း ၁ ယောက် ဆေးရုံတက်ရောက်ကုသခွင့်မရလို့ ရောဂါပြင်းထန်စွာနဲ့ ကျဆုံးခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မရဲစခန်းအချုပ်မှာ  LGBT လိင်စိတ်ခံယူထားသူ နိုင်ငံရေးအကျဉ်းသား ဘုံဘုံ ဟာ ကျောက်ကပ်ရောဂါနဲ့ အတွင်းအကြောတက်ခြင်းဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရပြီး ရဲစခန်းအချုပ်အတွင်းမှာပဲ ဒီဇင်ဘာလ(၂၅)ရက်မှာ ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။
Read More

၄ နှစ်ပြည့် PIO/PIA တပ်ပေါင်းစုအင်အားဖြင့် စစ်အုပ်စုကို ချေမှုန်းရန် စိတ်အားထက်သန်နေ

အကြမ်းဖက်စစ်အုပ်စုကို တပ်ပေါင်းစုအင်အားနဲ့သာ ဖြိုချနိုင်မယ်လို့ ယုံကြည်တဲ့အတွက် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) မှာ အဖွဲ့ဝင်တပ်အဖြစ် ပါဝင်ခဲ့ကြောင်းနဲ့ ကပစစက်ရုံတွေရှိရာ နိုင်ငံအလယ်ပိုင်းကို ထိုးဖောက်နိုင်ဖို့ ရည်ရွယ်ထားကြောင်း ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။