ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ယောက်အထိရှိလာပြီလို့ ဒေသခံတွေနဲ့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။

မတ်လ ၂၅ ရက် ညပိုင်းမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၃ ယောက် ပွဲချင်းပြီး သေဆုံးပြီး ဒဏ်ရာရသူ ၁၄ ယောက်ထဲက ၂ ယောက်လည်းဆေးကုသမှု ခံယူရင်း ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေဟာ ပုဏ္ဏားကျွန်းမြို့၊ လိပ်ကုန်းပြင်ရပ်ကွက်၊ စံပြရပ်ကွက်နဲ့ ယိုးတရုတ်ချောင်းဝကျေးရွာကနေ အောင်ဖြူပြင်ရွာကို စစ်ဘေးရှောင်ကာ လာရောက်နေထိုင်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူတွေထဲမှာ အသက် ၂ နှစ်နဲ့ အသက် ၁၅ နှစ်အကြား ကလေးငယ် ၅ ယောက်၊ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၆ ယောက် စုစုပေါင်း ၁၂ ယောက် ပါဝင်တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ အာရက္ခမင်းသမီး မီဒီယာ)

0 Shares:
You May Also Like
Read More

စစ်ကိုင်း၊ မကွေးဘက် ခရီးဆန့်နိုင်နေပြီဖြစ်သည့် တော်လှန်ရေးအတွက် ပိုမိုကောင်းမွန်ထိရောက်မည့် အခြေအနေများ စီမံဆောင်ရွက်ရန် NUG ဝန်ကြီးချုပ် တိုက်တွန်း

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဘက်အထိ ခရီးဆန့်နိုင်နေပြီဖြစ်တဲ့ တော်လှန်ရေးအတွက် ပိုမိုကောင်းမွန်ထိရောက်မယ့် အခြေအနေတွေ စီမံဆောင်ရွက်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၁၉/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။
Read More

အမေရိကန်မှာ NUG ဝန်ကြီး ဒေါက်တာဆာဆာက သံအမတ်ကြီးဦးကျော်မိုးထွန်းအပါအဝင် နယူးယောက်ရှိ မြန်မာပြည်သူတွေနဲ့ တွေ့ဆုံခဲ့…

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာက ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

ဒီပဲယင်းမြို့နယ်ထဲက စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲ၊ လက်ရှိအချိန်ထိ ဆရာမ ၂ဦးနှင့် ကျောင်းသားကျောင်းသူ ကလေးငယ် ၁၁ ဦးသေဆုံးဟုသိရ၊ အများအပြား ထိခိုက်ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဆရာမ ၂ယောက်၊ ကျောင်းသားကျောင်းသူ ကလေးငယ်တချို့ရဲ့ အလောင်းတွေ ရရှိထားကြောင်း ကနဦးသိရှိရပြီး ထိခိုက်သေဆုံးမှု ပိုမိုများပြားလာနိုင်တယ်လို့ ​ဒေသခံတွေဆီက သိရပါတယ်။
Read More

ပင်လယ်ပြင်ကို ကာကွယ်နိုင်တဲ့ သုံးဖက်မြင် ရေတပ်ဖြစ်နေပြီလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုပြန်

တပ်မတော်(ရေ)ကို  သုံးဖက်မြင် စစ်ဆင်ရေးတွေလုပ်ဆောင်နိုင်တဲ့ တိုက်ပွဲဝင်အသင့် ရေတပ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။
Read More

ရေဘေးဒဏ်ခံစားနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို တကသများ-ရန်ကုန်က စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လှူဒါန်း

၂ နှစ်ကြာ စစ်ရှောင်နေရတဲ့ ပြည်သူတွေဟာ မုန်တိုင်းရဲ နောက်ဆက်တွဲ ရေကြီးရေလျှံမှုကိုပါ တစ်ပါတည်းခံစားနေရပြီး ကျန်းမာရေးကုသဖို့ ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသတွေမှာ ရှိနေတာကြောင့် လိုအပ်နေတဲ့ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးအချို့ကို ရန်ကုန်အခြေစိုက်တက္ကသိုလ် ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) က လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ခမရ-၄၂၇ တပ်ရင်းမှ စစ်မှုထမ်းတပ်သား ၁ ဦး လက်နက်ခဲယမ်းများယူဆောင်ကာ နေပြည်တော်ပကဖထံ ထွက်ပြေးခိုလှုံ

မကွေးတိုင်း၊ မကွေးမြို့ပေါ်ကနေ ပေါ်တာဆွဲဖမ်းဆီးခံရပြီး ဒီမော့ဆို အခြေစိုက် ခမရ-၄၂၇ တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သား ၁ ယောက် စစ်ကြောင်းကနေ လက်နက်ခဲယမ်းတွေယူဆောင်ပြီး အလင်းဝင်ရောက်လာကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ -နေပြည်တော် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။