ထိုင်းနိုင်ငံ၊ ချွန်ပူရီမြို့ရှိ သံမဏိစက်ရုံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၆) ယောက်ကို လုပ်အားခတွေ မရှင်းပေးတဲ့ကိစ္စနဲ့ ပတ်သက်လို့ တိုင်ကြားလာတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက လိုက်ပါကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

နစ်နာသူ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေက ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၈ ရက်မှာ အလုပ်သမားဝန်ကြီးဌာနကို တိုင်ကြားလာတာကြောင့် ချွန်ပူရီမြို့၊ ဆဝါဒီကန်ရုံးကို သွားရောက်ပြီး စက်ရုံပိုင်ရှင်နှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပေမယ့် အဆင်မပြေတာကြောင့် အမှုဖွင့် တိုင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

ဆဝါဒီကန်ရုံးက စက်ရုံပိုင်ရှင်ကိူ (၃) ကြိမ်တိုင်တိုင် ရုံးချိန်းခေါ်ယူပေမယ့် လာရောက်ဖို့ ပျက်ကွက်ခဲ့ပြီး အဆိုပါအမှုကို တရားရုံးတင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်မှာတော့ တရားရုံးထုတ် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ထိုင်းတရားရုံးကနေ လုပ်အားခတွေကို မတ်လကုန်ကစလို့ အလုပ်သမား (၁၆) ယောက်အနက် (၁၃) ယောက်အတွက် တစ်ယောက်ကို တစ်လ ဘတ် (၄၀၀၀)ဘတ် နှုန်းနဲ့ (၄)လစာ ပေးလျော်ဖို့နဲ့ လုပ်သက်များတဲ့ အလုပ်သမား (၃) ယောက် အတွက် တစ်ယောက်ကို (၈၀၀၀၀) နှုန်း ပေးလျော်ဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

လုပ်သက်များတဲ့ အလုပ်သမား ၃ ယောက်အတွက် နစ်နာကြေးတွေကို (၈)လပိုင်းကစလို့ တစ်လကို ဘတ် (၅၀၀၀) ဘတ်နှုန်းနဲ့ (၁၆)လ ပေးလျော်ဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ NUG အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်

0 Shares:
You May Also Like
Read More

အာဏာသိမ်းစစ်တပ်လက်ထဲက နိုင်ငံတကာက ပေးအပ်တဲ့ ငလျင်အလှူငွေတွေကို စောင့်ကြည့်ဖို့လိုအပ်ဟု သတိပေး

အာဏာသိမ်းစစ်တပ်လက်ထဲမှာ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် နိုင်ငံတကာကလှူဒါန်းထားတဲ့ စီးဆင်းငွေ အမေရိကန်ဒေါ်လာ ၁၃၆ သန်းအထိ ရရှိထားတာကြောင့် ပြည်သူတွေထံ ရောက်ရှိဖို့ စောင့်ကြည့်ရမယ်လို့ Burma News International နဲ့ Myanmar Peace Monitor တို့က ပူးတွဲထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။
Read More

AAC ရုံးအဆောက်အဦကို ရက် ၆၀ အတွင်း ထိုင်းအစိုးရ ဖျက်ခိုင်း

ထိုင်းရောက်မြန်မာအလုပ်သမားအရေးကို ကူညီဖြေရှင်းပေးတဲ့ AAC အဖွဲ့ရဲ့ ရုံးအဆောက်အဦကို ထိုင်းအစိုးရက ချိတ်ပိတ်လိုက်ပြီး ရက် ၆၀ အတွင်း မဖျက်သိမ်းပေးရင် ဒဏ်ငွေဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ ကျခံရမှာဖြစ်ကြောင်း လာရောက် စာကပ်သွားတယ်လို့ သိရပါတယ်။
Read More

NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂဥက္ကဌနှင့် အမှုဆောင်များကို တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးနဲ့ ဝန်ကြီးဌာနအကြံပေး ဒေါ်ရွှေရွှေစိန်လတ်တို့ဟာ ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂဥက္ကဌနဲ့ အမှုဆောင်တွေကို တွေ့ဆုံခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ ကန့်ကွက်နေပေမယ့် တောင်ကိုရီးယားရောက် မြန်မာ ထောင်နဲ့ချီပြီး NUG ကိုရီးယားရုံးမှာ ပတ်(စ်)ပို့သက်တမ်းတိုးနေ

တောင်ကိုရီးယားနိုင်ငံ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ တောင်ကိုရီးယားနိုင်ငံကိုယ်စားလှယ်ရုံးက ပတ်(စ်)ပို့ သက်တမ်းတိုးပေးခဲ့ရာ လာရောက်သက်တမ်းတိုးသူ တစ်ထောင်ကျော် ရှိလာပြီလို့ သိရပါတယ်။
Read More

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ထိုင်း၊ ကမ္ဘောဒီးယား နှစ်နိုင်ငံ ဝန်ကြီးချုပ်များ ဖုန်းပြောပြီးနောက် အပစ်ရပ်ဖို့ သဘောတူဟု ဆို၊ ဒီနေ့မနက်ပိုင်းအထိ နယ်စပ်တွင် လက်နက်ကြီးပစ်ခတ်မှုများ ရှိနေဆဲ ဖြစ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်းနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်တွေကို နှစ်နိုင်ငံအပစ်ရပ်ဖို့ ဖုန်းခေါ်ပြီး ပြောဆိုခဲ့ရာ အပစ်ရပ်ဖို့ သဘောတူညီမှုရရှိပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းတွေက ဆိုပါတယ်။
Read More

မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသည့် ဂျပန်နိုင်ငံ ပါတီစုံလွှတ်တော်အမတ်များသမဂ္ဂ အရေးပေါ် အစည်းအဝေးကျင်းပ

မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးတဲ့ ဂျပန်နိုင်ငံ ပါတီစုံလွှတ်တော်အမတ်များသမဂ္ဂရဲ့ အရေးပေါ် အစည်းအဝေးကို ဧပြီ ၄ ရက် ဒီနေ့ မနက်ပိုင်းက ဂျပန်နိုင်ငံ၊ အောက်လွှတ်တော်အမတ်များရုံး အဆောက်အဦးရဲ့ အထူးအစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ NUG ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။