မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ ဒုက္ခဟာ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာ  ပိုမိုဆိုးရွားလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်ရဲ့ (၆၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးမှာ သံအမတ်ကြီးက ပြောကြားလိုက်တာပါ။

ရိုဟင်ဂျာတွေရဲ့ ဒုက္ခဟာ ကြီးလေးခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ မတရား စစ်အာဏာသိမ်းချိန်ကစလို့ ပိုမိုဆိုးရွားလာခဲ့ကာ ဒုက္ခသည်တွေအနေနဲ့ ရင်သွေးငယ်အသစ်တွေ မွေးဖွားမှု တိုးပွားလာခြင်းနဲ့ အသစ်ထပ်မံ ဖြစ်ပေါ်လာတဲ့  ပြဿနာတွေအပါအဝင် အမျိုးမျိုးသော စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဒုက္ခသည်တွေ နေရပ်ကို ဘေးကင်းလုံခြုံစွာ၊ သိက္ခာရှိစွာနဲ့ ဆန္ဒအလျောက် ပြန်လည် သွားရောက်ရေး ကနဦး သဘောတူညီချက်ကလည်း အခြေအနေ အရပ်ရပ်ကြောင့် ခက်ခဲလျက်ရှိနေပြီး သူတို့ နေရပ်ပြန်လည်သွားရောက်ရေးအတွက် သင့်လျော်တဲ့ ပတ်ဝန်းကျင်ကလည်း ယနေ့တိုင် မဖြစ်ပေါ်သေးဘူးလို့ ထောက်ပြပါတယ်။ 

လက်ရှိ ရိုဟင်ဂျာ အရေးကိစ္စဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပြဿနာရဲ့ ဇစ်မြစ်မှာ စစ်အာဏာရှင်တွေနဲ့  သူတို့ကျင့်သုံးနေတဲ့ အာဏာရှင်စနစ်ကြောင့် ဖြစ်တယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ  ရိုဟင်ဂျာနဲ့ တခြားသော လူနည်းစုတွေအပါအဝင် ပြည်သူအားလုံးရဲ့ အခြေခံ အခွင့်အရေးတွေကို မြှင့်တင်ကာကွယ်ခြင်းဟာ အခြေခံဦးစားပေး လုပ်ဆောင်ရမှာဖြစ်တယ်လို့ သံအမတ်ကြီးက ကုလနဲ့ နိုင်ငံတကာကို အသိပေးပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ စစ်တပ်က အရပ်သား ပြည်သူလူထုအပေါ် ပုံစံအမျိုးမျိုးနဲ့ ရက်စက်ကြမ်းကြုတ်၊ လူမဆန်စွာ ကျူးလွန်နေတာကို ကမ္ဘာကြီးအနေနဲ့ မျက်ဝါးထင်ထင် တွေ့မြင်နေရပြီလို့လည်း ဆိုပါတယ်။

စစ်တပ်က မြန်မာနိုင်ငံတစ်ဝန်းမှာ  ကျူးလွန်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မဆင်မခြင် ဗုံးကြဲတိုက်ခိုက်မှုတွေကို မရပ်တန့်နိုင်ရင် ဒုက္ခသည်တွေနေရပ်ပြန်လည်သွားရောက်ရေး မဖြစ်နိုင်ဘူးလို့ လည်း သံအမတ်ကြီးက ပြောပါတယ်။ 

စစ်ကောင်စီဟာ  မတရား စစ်အာဏာသိမ်းမှု မတိုင်ခင်ကတည်းက စစ်ရာဇဝတ်မှုတွေနဲ့  လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေခဲ့တာ ဖြစ်ပါတယ်။ စစ်တပ် ကျူးလွန်ခဲ့တဲ့ ယုတ်ရင်းကြမ်းတမ်းတဲ့ လုပ်ရပ်တွေဟာ  ရိုဟင်ဂျာနဲ့ တခြားသော လူနည်းစုတွေအပါအဝင် မြန်မာပြည်သူ အားလုံးအပေါ် သက်ရောက်မှုရှိခဲ့တယ်လို့ သံအမတ်ကြီးက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

“နင့်ကို ငါတို့ မကြိုဆိုဘူး … လူသတ်ကောင် မင်းအောင်လှိုင်” ဆိုင်းဘုတ်ကိုင်စွဲကာ ထိုင်းတက်ကြွလှုပ်ရှားသူများ ဆန္ဒပြ

ထိုင်းနိုင်ငံကို (BIMSTEC) အစည်းအဝေး တက်ဖို့ ရောက်ရှိနေတဲ့ မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ဦးဆောင်ပြီး ဘန်ကောက်မြို့ Bangkok Art and Culture Centre ရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
Read More

ဘန်ကောက်မှာ We Do Not Welcome Murderer Min Aung Hlaing (လူသတ်သမားမင်းအောင်လှိုင်ကို ငါတို့မကြိုဆိုဘူး) စာတမ်းချိတ်ဆွဲဆန္ဒပြ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ BIMSTEC အစည်းဝေး ကျင်းပမယ့် ရှန်ဂီလာဟိုတယ်အနီးမှာ We Do Not Welcome Murderer Min Aung Hlaing (လူသတ်သမားမင်းအောင်လှိုင်ကို ငါတို့မကြိုဆိုဘူး) စာတမ်းချိတ်ဆွဲပြီး ဆန္ဒပြထားကြောင်း သိရပါတယ်။
Read More

လူကုန်ကူးမှုအတွက် ဖမ်းဝရမ်းထုတ်ခံရတော့မည့် BGF ခေါင်းဆောင် စောချစ်သူနှင့် အပေါင်းအပါတစ်သိုက်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့ကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်စောချစ်သူနဲ့ အပေါင်းအပါတွေကို လူကုန်ကူးမှုတွေအတွက် ဖမ်းဝရမ်းထုတ်ဖို့ လုပ်ဆောင်နေတယ်လို့ ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။
Read More

MNDAA နဲ့ မြန်မာစစ်တပ် အပစ်ရပ်သဘောတူညီမှုစာချုပ်ကို တရားဝင်လက်မှတ်ရေးထိုးကြောင်း တရုတ်နိုင်ငံခြားရေး ပြော

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ မြန်မာစစ်တပ်တို့ဟာ စနေနေ့က စတင်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင် လက်မှတ် ရေးထိုးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
Read More

မြန်မာအပါအဝင် အာရှဘက်က ရွှေ့ပြောင်းလုပ်သားတွေ လိုချင်ကြောင်း ရုရှား ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကနေဒါက  စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ စစ်ဗိုလ်ချုပ်တွေကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုအား Justice For Myanmar က ကြိုဆိုကြောင်း ထုတ်ပြန်၊ စစ်အုပ်စုကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်လက်တိုးမြှင့်လုပ်ဆောင်ဖို့ တောင်းဆို

အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်ထဲက စစ်ဗိုလ်ချုပ်တွေအပါအဝင် လူပုဂ္ဂိုလ် ၁၃ ဦးနဲ့ အဖွဲ့အစည်း သုံးခုကို ကနေဒါအစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တဲ့ အပေါ် ကြိုဆိုကြောင်း Justice For Myanmar က ထုတ်ပြန်လိုက်ပါတယ်။