ထိုင်းနိုင်ငံ၊ ချွန်ပူရီမြို့ရှိ သံမဏိစက်ရုံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၆) ယောက်ကို လုပ်အားခတွေ မရှင်းပေးတဲ့ကိစ္စနဲ့ ပတ်သက်လို့ တိုင်ကြားလာတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက လိုက်ပါကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

နစ်နာသူ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေက ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၈ ရက်မှာ အလုပ်သမားဝန်ကြီးဌာနကို တိုင်ကြားလာတာကြောင့် ချွန်ပူရီမြို့၊ ဆဝါဒီကန်ရုံးကို သွားရောက်ပြီး စက်ရုံပိုင်ရှင်နှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပေမယ့် အဆင်မပြေတာကြောင့် အမှုဖွင့် တိုင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

ဆဝါဒီကန်ရုံးက စက်ရုံပိုင်ရှင်ကိူ (၃) ကြိမ်တိုင်တိုင် ရုံးချိန်းခေါ်ယူပေမယ့် လာရောက်ဖို့ ပျက်ကွက်ခဲ့ပြီး အဆိုပါအမှုကို တရားရုံးတင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်မှာတော့ တရားရုံးထုတ် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ထိုင်းတရားရုံးကနေ လုပ်အားခတွေကို မတ်လကုန်ကစလို့ အလုပ်သမား (၁၆) ယောက်အနက် (၁၃) ယောက်အတွက် တစ်ယောက်ကို တစ်လ ဘတ် (၄၀၀၀)ဘတ် နှုန်းနဲ့ (၄)လစာ ပေးလျော်ဖို့နဲ့ လုပ်သက်များတဲ့ အလုပ်သမား (၃) ယောက် အတွက် တစ်ယောက်ကို (၈၀၀၀၀) နှုန်း ပေးလျော်ဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

လုပ်သက်များတဲ့ အလုပ်သမား ၃ ယောက်အတွက် နစ်နာကြေးတွေကို (၈)လပိုင်းကစလို့ တစ်လကို ဘတ် (၅၀၀၀) ဘတ်နှုန်းနဲ့ (၁၆)လ ပေးလျော်ဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ NUG အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်

0 Shares:
You May Also Like
Read More

မြန်မာငလျင်ဘေးအတွက် ဝမ်းနည်းကြောင်း အရှေ့တီမောနိုင်ငံသမ္မတက NUG ယာယီသမ္မတ ဒူဝါလရှီးလထံ သဝဏ်လွှာပေးပို့ 

ငလျင်ဒဏ်သင့် မြန်မာပြည်သူတွေအတွက် စိတ်ထိခိုက် ဝမ်းနည်းရပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတယ်လို့ အရှေ့တီမောနိုင်ငံသမ္မတ José Ramos-Horta က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ယာယီသမ္မတ ဒူဝါလရှီးလဆီ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

ပေါက်ကြားလာသည့် ဟွန်ဆင်နှင့် ဖုန်းခေါ်ဆိုမှုကိစ္စ ထိုင်းဝန်ကြီးချုပ် တောင်းပန်၊ ညွန့်ပေါင်းဖွဲ့စည်းမှု ယိုင်နဲ့လာ

"ပေါက်ကြားလာတဲ့ ကမ္ဘောဒီးယားခေါင်း‌ဆောင်နဲ့ ပြောဆိုထားတဲ့ အသံဖိုင်က လူထုကို အဆင်မပြေ ဖြစ်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်" လို့ ကြာသပတေးနေ့ မနက်က သတင်းစာရှင်းလင်းပွဲမှာ ပတွန်တန်က ပြောပါတယ်။
Read More

မြန်မာပြည်သူတွေဟာ ကုလအပေါ် မျှော်လင့်ချက်နဲ့ ယုံကြည်မှုတွေ လျော့ပါးသွားပြီဟု ဦးကျော်မိုးထွန်း ပြော

မြန်မာပြည်သူတွေဟာ ကုလသမဂ္ဂအပေါ် မျှော်လင့်ချက်နဲ့ ယုံကြည်မှုတွေ လျော့ပါးလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

မင်းအောင်လှိုင်၏ ရုရှားခရီးစဉ် စတင်၊ မတ်လ ၄ ရက်နေ့တွင် ပူတင်နှင့် တွေ့ဆုံမည်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဒုတိယအကြိမ်မြောက် ရုရှားနိုင်ငံခရီးစဉ်အဖြစ် ဒီနေ့ မတ်လ ၃ ရက်မှာ နေပြည်တော်လေဆိပ်ကနေထွက်ခွါသွားပြီ ဖြစ်ပါတယ်။
Read More

ရုရှားအရာရှိများကို ငါးသလောက်ပေါင်း၊ လက်ဖက်သုပ်များဖြင့် မင်းအောင်လှိုင် ဧည့်ခံခဲ့ဟု စစ်အုပ်စု ထိန်းချုပ် သတင်းစာ ဖော်ပြ

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပမယ့် ကမ္ဘာ့အဏုမြူဖိုရမ် (World Atomic Week 2025) တက်ဖို့ သွားရောက်တဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားအရာရှိတွေကို ငါးသလောက်ပေါင်း၊ လက်ဖက်သုပ်တွေနဲ့ ဧည့်ခံခဲ့တယ်လို့ စစ်အုပ်စုထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
Read More

BGF ခေါင်းဆောင် စောချစ်သူကို ထိုင်းအစိုးရ ဖမ်းဆီးအရေးယူဖို့ ထိုင်းလွှတ်တော်အမတ် တိုက်တွန်း

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့က ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ အပါအဝင် လူကုန်ကူးမှုတွေ လုပ်ကိုင်နေသူတွေကို ကရင်နယ်ခြားစောင့် BGF တပ်ဖွဲ့က ကာကွယ်ပေးနေတာကြောင့် BGF ခေါင်းဆောင်ဖြစ်သူ စောချစ်သူကို ထိုင်းအစိုးရအနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူဖို့ လိုအပ်ကြောင်း ထိုင်းလွှတ်တော်အမတ်က တိုက်တွန်းပြောဆိုလာပါတယ်။