ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်း နယ်စပ်မှာရှိတဲ့ ညောင်ကျိုးစခန်းကို စစ်ကောင်စီတပ်တွေက စစ်ကူ ထပ်မပို့နိုင်တော့တာကြောင့် အဲဒီစခန်းကို လက်လွှတ်လိုက်တော့မယ် အခြေအနေ ဖြစ်နေတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

ညောင်ကျိုးစခန်းကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အစကတည်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ 

“ညောင်ကျိုးက စစ်မှုမပို့နိုင်တော့ဘူးဆိုတဲ့ သဘောမျိုး သက်ရောက်တဲ့ စကားတွေ ဒကစဘက်ကနေ ထွက်လာတာ ရှိပါတယ်။ စစ်ကူပို့တဲ့ လမ်းကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်ခံရတာမှာ သူတို့ လမ်းကင်းလည်း ချမထားနိုင်တာကြောင့်မလို့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ပစ်ထားတဲ့ အနေအထားမျိုးပါ။” လို့ CDM ဗိုလ်ကြီးဇင်ယော်ကလည်း တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရကြောင်း မောင်းကို ပြောပြပါတယ်။ 

ဒါ့အပြင် ညောင်ကျိုးစခန်းနားမှာ တည်ရှိတဲ့ ကပစ (၆) က တပ်သားတွေကိုလည်း ကပစစက်ရုံရဲ့ လုံခြုံရေးအတွက်သာ အာရုံစိုက် စောင့်ကြပ်ခိုင်းတာကြောင့် ညောင်ကျိုးစခန်းကို စစ်ကောင်စီက လက်လွှတ်ရမယ့် အနေအထားဖြစ်နေတယ်လို့ သိရပါတယ်။ 

“ကပစ တပ်သားတွေကိုလည်း စစ်ကူက မလွှတ်တော့ဘူး။ လွှတ်လိုက်ရင် ထွက်ပြေးတာရော၊ အရေးယူချင်သလိုယူဆိုပြီး ပြန်မလာတာရော အဲ့လိုလုပ်တဲ့ အဖွဲ့တွေများလို့ ကပစ ၆ ကလည်း သူတို့ လုံခြုံရေးကိုပဲ အဓိကထားပြီး ဆောင်ရွက်နေပြီလို့ သိရပါတယ်” လို့ ဆိုပါတယ်။   

တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ ညောင်ကျိုးစခန်းဟာ စစ်ကောင်စီရဲ့ အသက်သွေးကြောဖြစ်တဲ့ ကပစ ၆ (သံချက်စက်ရုံ) နဲ့ ၁၀ မိုင်သာ ဝေးကွာတဲ့ နေရာမှာ တည်ရှိနေတာပဲ ဖြစ်ပါတယ်။ 

AA ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ညောင်ကျိုးတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အသက် ၃၆ နှစ်အရွယ် ဗိုလ်မှူးသန့်ဇော်ဟိန်း သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။ 

ညောင်ကျိုးတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်သား သေဆုံးမှုတွေ အများအပြားရှိနေပြီး တပ်သားတချို့ အမိန့်မနာခံဘဲ နောက်တန်းကို ဆုတ်ခွာ ထွက်ပြေးလာသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အမေရိကန်ရောက် ကိုထိန်လင်း နယူးယောက်မြို့ရှိ ကုလဆိုင်ရာ မြန်မာသံရုံးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံ…

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံသံရုံးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ် အဲရစ် (ခ) ကိုထိန်လင်း သွားရောက်ခဲ့ပြီး ကုလဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်း သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

နေပြည်‌တော်လမ်းပိုင်းမှာ PLA က ၃နာရီကြာ ထိန်းချုပ်စစ်ဆေးစဉ် စစ်ကောင်စီ ဗိုလ်မှူး၊ တပ်ကြပ်နှင့် ရဲဒုတပ်ကြပ်တို့ကို ဖမ်းမိ၊ အပြန်လမ်းမှာ တိုက်ပွဲဖြစ်ပြီး သုံ့ပန်း ၃ ဦးလုံး သေဆုံး

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် လမ်းပိုင်းတနေရာမှာ OPRF - PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစု - ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ၃ နာရီကြာ လမ်းထိန်းချုပ်ထားစဉ်မှာ ကပစ ဗိုလ်မှူး ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၃ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစုကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျွန်းကြီးကျေးရွာ မင်္ဂလာဆောင် လေကြောင်းဗုံးကြဲခံရမှု သေဆုံးသူ ၁၂ ဦးအထိရှိလာ၊ ၃၇ ဦး ပြင်းထန်စွာ ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျွန်းကြီးကျေးရွာရှိ မင်္ဂလာဆောင်ကို အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ဒေသခံ (၁၂) ယောက်အထိ ရှိလာပြီး (၃၇) ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်မြို့ပေါ် အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးသေဆုံးဟု ဆို

ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့ပေါ်မှာ  အပြန်အလှန် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူငယ် ၁၅ ယောက်ထက်မနည်း ဖမ်းဆီးခံရကြောင်း Pyay UnderGround News -PUGN က ဖော်ပြပါတယ်။
Read More

ဘုတလင်မှာ စစ်ကော်မရှင်တပ်က ဒေသခံများအား အတင်းအဓမ္မ ဖမ်းဆီးကာ ရွေးကောက်ပွဲအတွက် အဓမ္မစေခိုင်းမှုအချို့ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ဒေသခံတွေကို စစ်ကော်မရှင်တပ်က ဖမ်းဆီးပြီး သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲ မဲပေးမှုအတွက် အတင်းအဓမ္မ စေခိုင်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ဖာပွန်ခရိုင်မှာ ၁၅ ရက်အတွင်း တိုက်ပွဲ (၄၅) ကြိမ် ဖြစ်ပွါးခဲ့၊ စစ်ကောင်စီတပ်သား (၁၁) ယောက် သေ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာ ဒီဇင်ဘာလ ပထမ ၁၅ ရက်တာအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား (၁၁) ယောက် သေဆုံးပြီး (၈) ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။