စစ်ကိုင်းတိုင်း ကနီမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ၃ ရက်ဆက် ဒရုန်းတွေ၊ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁ ယောက်သေပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွား တယ်လို့ Chindwin Rocket Brother အဖွဲ့ထံက သိရပါတယ်။

မတ်လ ၂၃ ရက် နေ့လယ်ပိုင်းက ကနီမြို့ရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နတ်ကြီးကျေးရွာရေဆိပ်သို့ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို တန်ပြန်ပြီး  ဗျူဟာ 45 KLG PDF ဒရုန်းအဖွဲ့က ကနီမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို Fixed Wings ဒရုန်း ၂ စီးနဲ့ ဗုံးသီး ၇ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ၃ ယောက် ဗုံးစထိမှန်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း Fixed Wings ဒရုန်း ၁ စီးလည်း ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ 

မတ်လ ၂၄ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကနေ YellowCatA2 UAV Drone နဲ့ ကနီ မြို့နယ်ရှိ ကျေးရွာတွေကို ကင်းထောက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ဗျူဟာ 45 KLG PDF ဒရုန်းအဖွဲ့ Fixed Wings ဒရုန်း ၂ စီး အသုံးပြုပြီး ကနီမြို့ပေါ်အထိုင်စခန်းတွေကို ဗုံးသီး ၄ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၁ ယောက်သေခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် မတ်လ ၂၅ ရက် နေ့လယ်ပိုင်းမှာ ကနီမြို့နယ်အရှေ့တောင်ခြမ်းရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်က UAVs ဒရုန်းနဲ့ ကင်း‌ထောက်မှုတွေ လုပ်နေတဲ့အတွက် ဗျူဟာ 45 KLG PDF၊ Chindwin Rocket Brothers- CRB ၊ချိုမိုင်မိုင် ကနီနယ်နဲ့ နယ်မြေခံ ပကဖတွေ ပူး ပေါင်းပြီး ကနီမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာကို Fixed Wings ဒရုန်း ၂ စီးနဲ့ ဗုံးသီး ၄ လုံးကြဲချပြီး ရော့ကတ် ၇ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါ တယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ဗိုလ်မှူးနေအိမ်၊ ရဲစခန်းဝန်ထမ်းအိမ်ယာ၊ ထွေအုပ်ရုံး၊ စာရင်းစစ်ရုံးတွေ ထိ ခိုက်ပျက်စီးမှုရှိခဲ့ပြီး ရဲမေ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ ကနီမြို့ မြောက်ဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ကနီမြို့ပေါ်ရပ်ကွက် ၂ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကန်ပိုက်တီမြို့က ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို တရုတ်အာဏာပိုင်တွေက မူဆယ်နယ်စပ်ဂိတ်သို့ ပြန်လည်ပို့ဆောင် (ရုပ်/သံ)

ကချင်ပြည်နယ် ကန်ပိုက်တီမြို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်စဉ် တရုတ်နိုင်ငံသို့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို အာဏာပိုင်တွေက နိုဝင်ဘာ ၂၃ ရက် မနေ့ညပိုင်းက မူဆယ်မြို့ နယ်ဂိတ်ကနေ စစ်ကောင်စီတပ်ထံ ပြန်လည်လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။
Read More

စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်နဲ့ စျေးဆိုင်တွေ မီးလောင်ပျက်စီး (ရုပ်/သံ)

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်နဲ့ စျေးဆိုင်တွေ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံထံက သိရပါတယ်။
Read More

ရွှေဘို-ရေဦးလမ်း ကျွန်းခြံနှင့် ဥသျှစ်ကန်သုဿန်မှာ စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ရေဦးလမ်း ကျွန်းခြံအတွင်းနဲ့ ဥသျှစ်ကန်သုဿန်သို့ ရောက်ရှိ လာတဲ့ ပန်းရံပျူ၊ ခွန်းတောင်ကြီးပျူ၊ ဇီးကုန်းလေးပျူ၊ ဇီးကုန်ကြီးပျူနဲ့ အကြမ်းဖက်စစ်သား ပူးပေါင်းအင်အားကို မတ်လ ၂၅ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း ပြည်သူများထံ အဓမ္မပိုက်ဆံတောင်းနေသည့် အကြမ်းဖက်စစ်အုပ်စုကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ‌ချောင်းဦးမြို့နယ်အတွင်း ပြည်သူတွေထံက အဓမ္မပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ Royal Tiger Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ယနေ့ နေ့လယ် မိုးကုတ်မြို့ ဘုရားငါးဆူကို စစ်ကော်မရှင် ဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ဘုရားငါးဆူအနီးကို အကြမ်းဖက်စစ်ကော်မရှင်က ဒီနေ့ အောက်တိုဘာ ၂၁ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကိုင်း၊ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ် တိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီတပ်သား ၆ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုအတွင်း စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ထိခိုက်ပျက်စီးမှုတချို့ရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က ဒီကနေ့ညနေမှာ ထုတ်ပြန်ပါတယ်။