ထိုင်းလွှတ်တော် အမျိုးသားလုံခြုံရေးနှင့် နယ်စပ်ရေးရာကော်မတီက ဦးဆောင်ပြီး “တည်တံ့သောငြိမ်းချမ်း ရေးနှင့် လုံခြုံရေးမြှင့်တင်ခြင်း – ထိုင်းနှင့်အာဆီယံတို့၏ နယ်နိမိတ်တည်ငြိမ်မှုနှင့် ဒီမိုကရေစီသို့ ဦးတည်သည့်လမ်းကြောင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို မတ်လ ၂၂ ရက်နဲ့ ၂၃ ရက်တို့မှာ ကျင်းပခဲ့ပါတယ်။
ဒုတိယအကြိမ် ထိုင်းလွှတ်တော်မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါမြန်မာ့အရေးဆွေးနွေးပွဲကို အတိုက်အခံ ထိုင်း ပြည်သူ့ပါတီက ဦးဆောင်ခဲ့တာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အစိုးရအေဂျင်စီတွေ၊ နိုင်ငံအသီးသီးက သံတမန်တွေအပြင် NUCC, CRPH, KNU၊ KNPP၊ Blood Money Campaign စတဲ့ တော်လှန်ရေးအင်အားစုများမှ ကိုယ်စားလှယ်တွေ၊ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲများအတွင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) မှ ထိုင်းရောက်မြန်မာပြည်သူများကို ဖမ်းဆီးပြီး စစ်ကောင်စီထံသို့ ပြန်လွှဲပြောင်းခြင်း မပြုလုပ်ဖို့ တင်ပြတောင်းဆိုဆွေးနွေးခဲ့သလို၊ ပညာရှင်ပါမောက္ခ ဒေါက်တာ Zachary Abuza ကလည်း အချက် ၅ ချက်ကို ကိုးကားတင်ပြပြီး မြန်မာစစ်ကောင်စီ စစ်မနိုင်‌တော့ဟု မှတ်ချက်ပြုဆွေးနွေးသွားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် Tom Andrews က တိုင်းပြည်ရဲ့ သုံးပုံတစ်ပုံခန့်သာ ထိန်းချုပ်နိုင်တဲ့ မြန်မာစစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမယ်လို့ ပြောလာခြင်းဟာ စိတ်ကူးယဉ်ခြင်းသာဖြစ်ပြီး ၄င်းတို့ရဲ့ ရွေးကောက်ပွဲဟာ ယုတ္တိမတန်ကြောင်း ဆွေးနွေးခဲ့သလို၊ မြန်မာစစ်တပ်ရဲ့ ဝင်ငွေရလမ်းတွေကို စောင့်ကြည့်တဲ့ Blood Money Campaign အဖွဲ့ကလည်း မြန်မာစစ်တပ်ဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အမေရိကန် ဝင်ငွေ သန်းရာပေါင်းများစွာ နှစ်စဥ် တိုးရနေပြီး တစ်ဖက်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဆွေးနွေး‌ပြောဆိုခဲ့ပါတယ်။
ဆွေးနွေးပွဲ နှစ်ရက်တာအတွင်း နိုင်ငံရေးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများလည်း ပါဝင်ဆွေးနွေးခဲ့ကြပြီး၊ အဆိုပါဆွေးနွေးသူများအကြား ပံ့ပိုးညှို့နှိုင်းပေးသူအဖြစ်ပါဝင်ခဲ့တဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ Igor Blazevic က သူပါဝင်ခဲ့တဲ့စကားဝိုင်းက ဆွေးနွေးချက်အချို့ကို သူ့ရဲ့လူမှုကွန်ရက်မှာအခုလို ပြန်လည်ဖြန့်ဝေထားပါတယ်။
“ကျွန်မတို့ရဲ့ အိမ်နီးချင်းတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက မိတ်ဆွေတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်အောင် အတတ်နိုင်ဆုံးလုပ်ဆောင်ဖို့ အဓိကအနေနဲ့ တောင်းဆိုလိုပါတယ်။ မိမိတို့အနေနဲ့ အသက်ရှင်သန်ရေးနဲ့ လွတ်မြောက်ရေးတို့အတွက် အခက်အခဲတွေကို ရုန်းကန်ရင်း အောက်ခြေကနေ အစိုးရသစ်တရပ် တည်ဆောက်နေပါတယ်။ ပြည်သူတွေကို တတ်နိုင်သလောက် ဝန်ဆောင်မှုတွေပေးနေပါတယ်။ ဒါပေမဲ့ ကျောင်းတွေ၊ ယာယီကျန်းမာရေးဆေးခန်းတွေ၊ IDP စခန်းတွေနဲ့ ဈေးတွေဟာ စကစရဲ့ နေ့စဥ်နဲ့အမျှလေကြောင်းခြိမ်းခြောက်တာကို ခံနေရစဉ်မှာတော့ ဒါတွေ လုပ်ဖို့ အလွန်ပဲ ခက်ခဲပါတယ်”လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ မော်သဲမာက ဆွေးနွေးသွားခဲ့တယ်လို့ ဆိုပါတယ်။
Progressive Voice အဖွဲ့မှ ဒေါ်ခင်ဥမ္မာ က‌တော့ “မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံတခုဖြစ်တော့မယ် ဒါမှမဟုတ် တစစီပြိုကွဲတော့မယ်ဆိုပြီး တချို့က ပြောကြတယ်။ လက်တွေ့မှာတော့ မြန်မာပြည်ဟာ ပြည်တွင်း နိုင်ငံရေးအသွင်ကူးပြောင်းမှုကို သွားနေတာဖြစ်တယ်။ လူမှုအသိုင်းအဝိုင်းတွေကလည်း အောက်ခြေကနေ အထက်ကိုသွားတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်နေကြတယ်။ ပထမဆုံးအကြိမ်အနေနဲ့ ပြည်သူတွေဟာ စစ်မှန်တဲ့ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်အတွင်း စည်းလုံးညီညွတ်စွာ ပါဝင်ခွင့်ရရှိနေတာဖြစ်တယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် “ တော်လှန်ရေးအင်အားစုတွေကို စစ်တပ်နဲ့အတူထိုင်ပြီး တွေ့ဆုံဆွေးနွေးဖို့ ဖိအားပေးတာက အလုပ်မဖြစ်ပါဘူး။ လူမျိုးစုတော်လှန်ရေးအဖွဲ့ (ERO) တွေမှာ ငြိမ်းချမ်းရေး ညှိနှိုင်းမှုနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး နှစ်ဆယ်နဲ့ချီ အတွေ့အကြုံရှိပြီးဖြစ်တယ်၊ ဒါတွေကို မြန်မာစစ်တပ်ကသာ အမြဲတမ်း တဖက်သက် ချိုးဖောက်ကျူးလွန်ခဲ့တာချည်း ဖြစ်တယ်” လို့လည်း သူမကဆက်ဆွေးနွေးခဲ့ပါတယ်။
Forum of Federations အဖွဲ့က ဦးဝင်းမင်းကတော့ “ထိုင်း၊ အာဆီယံနဲ့ နိုင်ငံတကာ အသိုက်အဝန်းတွေက ဒီအဖွဲ့အစည်းတွေကို လက်တွေ့ကျကျ ပံ့ပိုးကူညီဖို့နဲ့ အရင်းအမြစ်တွေ ထောက်ပံ့ဖို့ ကျွန်တော်တိုက်တွန်းလိုပါတယ်။ ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုမှာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးပါ” လို့ သူကတိုက်တွန်းခဲ့တယ်လို့ အီဂေါဗလာဇီဗစ်က သူရဲ့လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

လေကြောင်းပြပွဲအတွင်း လေ့ကျင့်နေတဲ့ F-16 တိုက်လေယာဉ်ပျက်ကျ (ရုပ်/သံ)

ပိုလန်နိုင်ငံအလယ်ပိုင်းမှာ ပြုလုပ်မယ့် လေကြောင်းပြပွဲတစ်ခုမှာ အစမ်းလေ့ကျင့်ပျံသန်းနေတဲ့ F-16 တိုက်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူး သေဆုံးခဲ့ပါတယ်။ 31st Tactical လေတပ်စခန်းမှာ ပြုလုပ်တဲ့ ဩဂုတ် ၂၈ ရက်နေ့က လေကြောင်းပြပွဲအတွင်း ပိုလန်စစ်တပ်က ဝယ်ယူထား တဲ့ အမေရိကန်နိုင်ငံလုပ် F-16 တိုက်လေယာဉ်ကို လေ့ကျင့်ပျံသန်းရင်း လေယာဉ်ပြေးလမ်းပေါ် ထိုးကျကာ မီးလောင်ပေါက်ကွဲခဲ့ပါတယ်။
Read More

တော်လှန်ရေးထောက်ပံ့တယ်ဆိုပြီး အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးထား

စစ်ကောင်စီဟာ အင်ဒိုနီးရှားလူငယ်တစ်ယောက်ကို တော်လှန်ရေးအဖွဲ့တွေ ထောက်ပံ့တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးထားတာကြောင့် အင်ဒိုနီးရှားအမတ်တွေအကြား စိုးရိမ်မှုမြင့်တက်ကာ သံတမန်ရေးအရ ချက်ချင်းအရေးယူဖို့ တောင်းဆိုထားကြပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံပြည်သူများကို ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy က တောင်းဆိုလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက အသိပေးထုတ်ပြန်ပါတယ်။ 
Read More

မြန်မာအပါအဝင် အရှေ့တောင်အာရှက လိမ်လည်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့ ဟောင်ကောင်နဲ့ ထိုင်းအာဏာပိုင်တွေ ဆွေးနွေး

လိမ်လည်ဂိုဏ်းတွေကို တိုက်ဖျက်ပြီး ဖြားယောင်းခံရသူတွေနဲ့ တရားမဝင်အလုပ်တွေမှာ ပိတ်မိနေသူတွေကို အိမ်ပြန်ခေါ်ဖို့အရေး ဟောင်ကောင်နဲ့ ထိုင်းအာဏာပိုင်တွေဟာ ဘန်ကောက်မှာ အခုတစ်ပတ်ထဲ ဆွေးနွေးခဲ့ကြတယ်လို့ Reuters က ဇန်နဝါရီလ ၁၅ ရက်မှာ သတင်းဖော်ပြထားပါတယ်။ 
Read More

စစ်ကောင်စီဟာ အရပ်သားများအပေါ် ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေဟု ကုလ အထူးကိုယ်စားလှယ် ဆို

မြန်မာစစ်ကောင်စီဟာ ပြည်တွင်းစစ်ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ ပြည်သူတွေ ခိုလှုံရာ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ စခန်းတွေကို တိုက်ခိုက်မှုတွေ တိုးမြှင့်လာတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ဇွန်လ ၂၅ ရက်မှာ ပြောပါတယ်။
Read More

မြန်မာအရေးဆွေးနွေးဖို့ လူ့အခွင့်အရေးကိုယ်စားလှယ် ဩစတေးလျသွားမယ်

မြန်မာအရေးဆွေးနွေးမှုတွေ ပြုလုပ်ဖို့မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်ဟာ ဩစတေးလျကို ၁၀ ရက်ကြာ သွားရောက်မှာဖြစ်ကြောင်း လူ့အခွင့်အရေးမဟာမင်းကြီးရုံးက စက်တင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။