မန္တလေးတိုင်း တောင်သာမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဇဂျမ်းစစ်ဆေးရေးဂိတ်ကို မတ်လ ၁၃ ရက်က တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းထံက သိရပါတယ်။

အင်အား ၁၅ ယောက်ဝန်းကျင်ရှိတဲ့ ဇဂျမ်းစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက် မှုအတွင်း အကြမ်းဖက်စစ်သား ၂ ယောက်သေကာ ဘန်ကာ ၃ လုံးနဲ့ ခဲယမ်းထည့်ထားတဲ့ ကြက် သွန်ဂိုဒေါင်ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားအများအပြားထိခိုက်ဒဏ်ရာရရှိသွားပြီး တော်လှန်ရေးရဲဘော် ၄ ယောက်လည်း ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရ ပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အသက်ရှင်ကျန်ရစ်ပြီး မိသားစုနဲ့ တွေ့ဆုံချင်ရင် လက်နက်ချဖို့ AA ထပ်မံ သတိပေး (ရုပ်/သံ)

ရခိုင်ပြည် အမ်းမြို့နယ်က စစ်ကောင်စီတပ်ရဲ့ အနောက်တိုင်းစစ်ဌာနချုပ် အဆောက်အအုံ မီးလောင်ပြီး စစ်ကောင်စီတပ်သားနဲ့ မိသားစု အများအပြား အလံဖြူထောင် အညံ့ခံခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၁၇ ရက် မနေ့ညပိုင်းမှာ ထပ်မံထုတ်ပြန်လိုက်ပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးထက်မနည်း သေဆုံးကာ ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ယောက်ထက်မနည်း သေဆုံးကာ ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက ဒီနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အပတ်စဉ် (၆) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ရုပ်/သံ)

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်​ရေးအဖွဲ့ရဲ့ အ​ခြေခံစစ်ပညာသင်တန်းအပတ်စဉ် ၆ သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၆ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်​ရေးအစိုးရ၊ ကာကွယ်​ရေးဝန်ကြီးဌာန (MOD)က ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီတပ်သားများကို ဒရုန်းဗုံးကြဲကာ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ယောက် သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့ အမှတ် ၁၈ ရပ်ကွက်အရှေ့ဘက်က အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၁၁ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

ကျရာတာဝန် ထမ်းဆောင်ရင်း ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့အတွက် ဆုတောင်းပေးခဲ့ကြသည့် ရဲဘော်များ (ရုပ်/သံ)

ဒီနေ့ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အတွက် မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်းက ရဲဘော်တွေဟာ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင်း မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ်။