ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်က ထိုင်း-မြန်မာ နယ်စပ်အနီးရှိ ခလယ်ဒေးစစ်တပ်စခန်းကို မတ်လ ၂၅ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ယနေ့ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီစခန်းကို မတ်လ ၂၂ ရက်က ဒရုန်းနဲ့ စတင်ဗုံးကြဲပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတွေနဲ့ ပစ်ကူခုခံခဲ့ရာ ၄ ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီး မတ်လ ၂၅ ရက်မှာ စခန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

စခန်းအတွင်း အကြမ်းဖက်စစ်သားအလောင်း ၂ ယောက်တွေ့ရှိခဲ့ပြီး ပွိုင့် ၅ ၁ လက်၊ ပွိုင့် ၅ ပြောင်း ၂ ချောင်း၊ ၆၀ မမ အရှည် ၁ လက်၊ ၆၀ မမ အတို ၁ လက်၊ RPG-7 ၁ လက်၊ MA-2 ၃ လက်၊ Jammer ၁ လုံး၊ မီးစက် အကြီး ၁ လုံး၊ မီးစက် အသေး ၁ လုံး၊ မိုင်းရှာစက် ၁ ခု၊ ရှေ့ထွက်မိုင်း ၆ လုံး၊ ၁၆ နင်းမိုင်း ၂ လုံး၊ ၆၀ မမ ကျည် ၂၇ လုံး၊ ခွေးဗုံး ၁၀ လုံး၊ ၈၁ မမ ကျည် ၂ လုံး၊ ၄၀ မမ ကျည် ၃၂ လုံး၊ RPG-7 ကျည် ၁၄ လုံး၊ ၇.၆၂ ကျည် ၂ သောင်း၊ ၅.၅၆ ကျည် ၈ ထောင်၊ တိုက်မိုင်း ၆၀ လုံး၊ ခမောက် ၈ လုံးနဲ့ ဆိုလာ ၄ ချပ်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ခလယ်‌ဒေးစစ်ကောင်စီတပ်စခန်းကို ၁၉၈၉ ခုနှစ် စက်တင်ဘာ ၂၂ ရက်က ထိုင်း-မြန်မာနယ်စပ် ဒေသထိန်းချုပ်ရေး ရည်ရွယ်တည်ဆောက်ခဲ့ပြီး ဒေသခံပြည်သူလူထုရဲ့ လွတ်လပ်စွာ နေထိုင် လုပ်ကိုင်စားသောက်ခွင့်ကန့်သတ်ခဲ့တဲ့ စခန်းဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မဲ‌ဆောက်မြို့တွင် သေနတ်ကိုင် ရမ်းကားသူ ၁ ဦးကို အာဏာပိုင်များ အရှင်ဖမ်းဆီး (ရုပ်/သံ)

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သေနတ်ကိုင် ရမ်းကားနေသူ ၁ ယောက်ကို ထိုင်းအာဏာပိုင်တွေက ပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြကြပါတယ်။
Read More

ရှင်မကန်တောကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိနိုင် (ရုပ်သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် ရှင်မကန်‌တောကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၇ ဦး သေ၊ အထိနာသွားသည့် စစ်ကောင်စီတပ်က ရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အင်အား ၂၀၀ ခန့်နဲ့ မြိုင်မြို့နယ်ဘက်သို့ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၇ ယောက်သေဆုံးခဲ့တယ်လို့ M.V.P Revolution Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဇွန်လနှင့် သြဂုတ်လအတွင်း ဆိပ်ဖြူမြို့နယ်ရှိ စစ်ကော်မရှင်တပ်သားများကို တိုက်ခိုက်ခဲ့ရာ ၁၄ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း ဇွန်လနဲ့ သဩဂုတ်လတွေမှာ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

Southern Eagle PDF တပ်ရင်း၏ အခြေခံစစ်ပညာ စွန်မင်းအပတ်စဉ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အထူးတိုင်း စစ်ဌာန၊ အမှတ် (၃၆) နည်းဗျူဟာ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းကုဒ် - ၉၉၀၉ (Southern Eagle PDF) တပ်ရင်းရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဉ် (၇/၂၀၂၅) စွန်မင်းအပတ်စဉ် သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၁ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲ ရုပ်သံမှတ်တမ်း PLA ထပ်မံထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ (၂) ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။