အကြမ်းဖက် စစ်ကောင်စီဟာ လူငယ်‌တွေကို အတင်းအကြပ်စစ်မှုထမ်းစေပြီး အသေခံတပ်သားတွေ မွေးထုတ်နေတာ အခုဆို စစ်မှုထမ်းအပတ်စဉ်(၁၂)ကို ရောက်လာပြီဖြစ်ပါတယ်။

စစ်ကောင်စီဟာ အရင်က ကျေးလက်နေ လူငယ်ထု ၊ နယ်မြို့တွေမှာရှိတဲ့ လူငယ်ထုကို ပစ်မှတ်ထား စုဆောင်းနေရာကနေ အခုဆို မန္တလေးလို မြို့ကြီးပေါ်က လူငယ်တွေကိုပါ စစ်မှုထမ်းဖို့ ပေါ်ပေါ်ထင်ထင် ကြေငြာမောင်းခတ်လာပြီ ဖြစ်ပါတယ်။

မြို့နယ်အလိုက် ၊ ရပ်ကွက်အလိုက် ၊ မိသားစုအလိုက် လူငယ်လူရွယ်တွေကို အတင်းအကြပ် မဲနှိုက်ရွေးချယ်ပြီး စစ်သင်တန်းပေး ရှေ့တန်းပို့ အသေခံခိုင်းဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ဒီလိုလုပ်နေတာဟာ စစ်ကောင်စီက လူအရေအတွက် များများစတေးတဲ့နည်းနဲ့ သူတို့လိုအပ်နေတဲ့အချိန်ကို ဆွဲဆန့်နေတာဖြစ်ပါတယ်။

နောက်ပြီး စစ်မှုထမ်းအပတ်စဉ်ဆိုတာကလဲ အပတ်စဉ် (၁၂)နဲ့ တင် ပြီးသွားမှာမဟုတ်ပဲ သူတို့လိုသလောက် ဆက်တိုက်လုပ်ဆောင်သွားမှာဖြစ်လို့ ဒီကိစ္စက ကျေးလက်နေ လူငယ်လူရွယ်တွေတင်မက မြို့နေ လူငယ် ကျား/မ မရွေး ကြုံတွေ့လာရနိုင်တဲ့ ဘေးဒုက္ခပဲဖြစ်ပါတယ်။

ဒီတော့ လူငယ်တွေအဖို့ စစ်အာဏာရှင် လက်အောက်မှာ အသက်ကိုစတေးပြီး စစ်မှုထမ်းမလား (သို့) တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လက်တွဲပြီး ဒီစစ်အာဏာရှင် စနစ်ဆိုးကို တွန်းလှန်တိုက်ထုတ်မလားဆိုတာ ရွေးချယ်ကြဖို့ လို့လာပြီဖြစ်ပါတယ်။

MDY_PDF သို့ ဆက်သွယ်ရန်-
တယ်လီဂရမ် Telegram: @mdypdfrecruit
စစ်ဂနယ် Signal: MDYPDFRECRUIT.08

0 Shares:
You May Also Like
Read More

တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာမှ ထွက်လာသည့် စစ်တပ်ယာဉ်နှင့် ကာကင်းယူထားသည့် စစ်သားများကို တိုက်ခိုက်မှု ၃ ယောက် သေ (ရုပ်/သံ)

တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာမှ ချောင်းနှစ်ပေါက်ကျေးရွာဘက် ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်နဲ့ ကာကင်းယူထားတဲ့ အကြမ်းဖက်စစ်သားတွေကို မတ်လ ၈ ရက် မနေ့က မနက်ပိုင်းမှာ အလစ်အငိုက် တိုက်ခိုက်ခဲ့တယ်လို့  မြိတ်ခရိုင်တပ်ရင်း ၂ ထံက သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် ဖမ်းဆီးမိထားတဲ့ မူးယစ်ဆေးဝါး ၆ သိန်းကျော်ကို KNU မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဖားအံခရိုင်အတွင်း ဖမ်းဆီးမိထားတဲ့ မူးယစ်ဆေးဝါး ၆ သိန်းကျော် ထိုင်းဘတ် ၃၀၅၉ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU-Hpa-An Districtမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အဖမ်းဆီးခံပြည်သူများ ကိုယ်စားပြုသပိတ်စစ်ကြောင်း၏ (၃၇) နှစ်မြောက် ၈ လေးလုံး အထိမ်းအမှတ်အကြို ထီးသပိတ်လှုပ်ရှားမှု (ရုပ်/သံ)

(၃၇)နှစ်မြောက် ၈ လေးလုံးနေ့ အထိမ်းအမှတ်အကြို ထီးသပိတ်လှုပ်ရှားမှုအတွက် အဖမ်းဆီးခံပြည်သူများ ကိုယ်စားပြုသပိတ်စစ်ကြောင်းက ပေးပို့တဲ့ မှတ်တမ်းရုပ်သံကို ရန်ကုန်လူထုသပိတ်က မျှဝေထားပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း ပျူစောထီး ၂ ယောက် ပြောက်ကျားတိုက်ခိုက်ခံရပြီး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အမှတ် ၁၈ ရက်ကွက်အတွင်း ဆိုင်ကယ်နဲ့ ထွက်လာတဲ့ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး ၂ ယောက်ကို ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းမှာ ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

တပ်မ ၃၃ စစ်သားများ စစ်ကြောင်းပြုတ်အောင် တိုက်ခိုက်ခံရ (ရုပ်/သံ)

ရွှေဘိုခရိုင်နဲ့ ကန့်ဘလူခရိုင်အတွင်း စစ်ကြောင်းထိုးလာတဲ့ တပ်မ ၃၃ စစ်ကော်မရှင်တပ်သားတွေကို စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောကျွဲအင်းမြို့က သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ (ရုပ်/သံ)

ယနေ့ ဇန်နဝါရီ ၉ ရက် နံနက်အစောပိုင်းမှာ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်ထဲက စစ်တပ်ဂိတ်စခန်း ၁၄ ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့ကိုပါ တော်လှန်ရေးပူးပေါင်းတပ်တွေက  ယာယီစိုးမိုးထိန်းချုပ်နိုင်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ထားပါတယ်။