တနင်္သာရီတိုင်း မြိတ်မြို့ဘက်မှ တနင်္သာရီမြို့ဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၈ စီးကို မတ်လ ၂၄ ရက် နံနက်ပိုင်းက ရမ်းဖိုကျေးရွာ ဆီအုန်းကုန်းအရောက် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ၁၀ မိနစ်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ဗိုလ်ခရင်းတပ်ဖွဲ့နဲ့ တောကြီးမြွေဟောက် တပ်ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) မှ ရဲဘော်သစ်များ ခေါ်ယူ (ရုပ်/သံ)

စနစ်ဆိုးကို ဖြိုဖျက်ပြီး စနစ်ကောင်းကို တည်ဆောက်နိုင်ဖို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)မှ ရဲဘော်သစ်များ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။
Read More

တနင်္သာရီမြို့နယ် သိန်ခွန်းရွာ တိုက်ပွဲမှတ်တမ်း (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ မတ်လ ၄ ရက်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ရုပ်သံမှတ်တမ်းကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ မြိတ်က ထုတ်ပြန်လိုက်ပါတယ်။
Read More

အင်းတော်မြို့မဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲမှု ပြည်သူ ၂ ယောက်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မြို့မဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဧပြီ ၁ ရက် ‌လေကြောင်းဗုံးကြဲမှု လုပ်ဆောင်ခဲ့တယ်လို့ Indaw Revolution-IR အဖွဲ့ထံက သိရပါတယ်။
Read More

ရေနံချောင်းမြို့နယ်အတွင်း စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စုက နေအိမ် ၁၅ လုံး မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၂ ယောက်ကို သတ်ဖြတ်ခဲ့ (ရုပ်/သံ)

မကွေးတိုင်း ရေနံချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ရက် ၂၀ ကြာ စစ်ကြောင်း ထိုးလာတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၂ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ People's Defence Force -Yenangyaung က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငဖဲက စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ စာသင်ခန်း (ရုပ်/သံ)

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းမှာ အရှိုချင်းကာကွယ်ရေးတပ် (ACDF) ဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင် ကလေးငယ်တွေရဲ့ စာသင်ခန်းမြင်ကွင်းတွေကို ACDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

မုံရွာမြို့ ပေါက်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သားအများအပြားထိခိုက်မှု ရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပေါက်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား ထိခိုက်မှုရှိခဲ့တယ်လို့ သလ္လာဝတီစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။