ပြည်ပနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်လိုသူ များပြားနေချိန် အကြမ်းဖက်စစ်ကောင်စီက လစဥ် အရေအတွက် အကန့်အသတ်နဲ့သာ ခွင့်ပြုပြီးတဲ့နောက် ပြည်တွင်းမှာသာ အလုပ်လုပ်ကြဖို့ အကြမ်းဖက် မင်းအောင်လှိုင်က တိုက်တွန်းပြောဆိုထားပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ ပိုမို ကျပ်တည်းလာပြီး ပြည်ပထွက်လိုသူ များပြားနေတာကြောင့် အကြမ်းဖက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပြည်တွင်းမှာ အလုပ်လုပ်ရင်လည်း ကြီးပွားတိုးတက်နိုင်တယ်လို့ မတ်လ ၂၅ ရက် မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။
ပြည်သူတွေ အများအပြား ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်နေတာကြောင့် ပြည်တွင်းမှာ အလုပ်သမားရှားပါးနေပြီး ပြည်ပကို သွားရောက်လုပ်ကိုင်တာထက် ဘဝလုံခြုံမှုရှိတဲ့ ပြည်တွင်းရှိ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်မယ်ဆိုရင်လည်း ကြီးပွားတိုးတက်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိတယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက်မင်းအောင်လှိုင်က ပြည်တွင်းမှာ ပြည်သူတွေ အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် နည်းပညာတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ စက်မှုနည်းပညာတွေကို ဖော်ဆောင်ပေးနိုင်ဖို့ လိုတယ်လို့လည်း ပြောဆိုထားပါတယ်။
အကြမ်းဖက်စစ်​ကောင်စီအနေနဲ့ ပြည်ပထွက်ခွာခွင့်တွေကို တစ်ဆင့်ပြီး တစ်ဆင့် ပိတ်ပင်တာတွေ လုပ်ဆောင်နေသလို စစ်မှုထမ်းဥပ​အေရ အကျုံးဝင်တဲ့ အမျိုးသားတွေကို ပြည်ပထွက်အလုပ်လုပ်ခွင့် ပိတ်ပင်ခဲ့တဲ့အပြင် ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ ပြည်ပကို အလုပ်သမားတွေ စေလွှတ်မှုနဲ့ ပတ်သက်လို့ အရေအတွက် ကန့်သတ်တာတွေလည်း လုပ်ဆောင်နေတာဖြစ်ပါတယ်။
ပုံစာ – အကြမ်းဖက်မင်းအောင်လှိုင်နဲ့ ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်သူများ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

၆ လတာအတွင်း အရပ်သားပစ်မှတ်များကို တိုက်ခိုက်မှု ၆ ဆ နီးပါးမြင့်တက်လာ

ပြီးခဲ့တဲ့  ၆လတာ ကာလအတွင်း အာဏာသိမ်းစစ်တပ်က အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်မှုက ၆ ဆအထိ မြင့်တက်လာကြောင်း ပဉ္စမမဏ္ဍိုင် ပြည်သူအကူအညီပေးရေးအဖွဲ့ (PMCSG) က အသိပေးထုတ်ပြန်ပါတယ်။ 
Read More

ရေဘေးသင့် ပြည်သူတွေကို ကယ်ထုတ်ရင်း ကျဆုံးခဲ့တဲ့ တော်လှန်ရေးရဲဘော် Eagle

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ် ၉၀၁ တပ်ရင်း ၊ နေပြည်တော် PDF က ရဲဘော် ၁ ယောက်ဟာ ရေတာရှည်မြို့နယ်မှာ ရေဘေးသင့်ပြည်သူတွေကို ကယ်ထုတ်ရင်း ကျဆုံးခဲ့တယ်လို့ အမှတ် ၉၀၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

နတ်မောက်နှင့် မြို့သစ်တွင် စစ်ထောက်ပို့ကားတန်းနှင့် ကင်းပုန်းဝပ်စစ်သားများ တိုက်ခိုက်ခံရပြီး ၇ ဦး ထက်မနည်း သေ

မကွေးတိုင်း၊ မကွေးခရိုင်အတွင်းက မြို့သစ်နဲ့ နတ်မောက်မြို့နယ်တို့မှာ ကင်းပုန်းဝပ် စစ်သားတွေနဲ့ ထောက်ပို့ စစ်ကားတန်း တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၇ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ အဖွဲ့တွေက အသီးသီး ထုတ်ပြန်ထားပါတယ်။
Read More

အုတ်တွင်းမြို့ပေါ်က စစ်တပ် တပ်စွဲထားတဲ့ နေရာ ၄ ခုကို တိုက်ခိုက်၊ ရဲတပ်ကြပ် ၁ ယောက် သေပြီး ၄ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ နေရာ ၄ ခုကို ဝင်ရောက်တိုက်ခိုက်ရာ ရဲတပ်ကြပ် ၁ ယောက် သေပြီး ရဲ ၃ ယောက်နဲ့ စစ်သား ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

သဲကုန်းမြို့နယ် ကျေးရွာများကို စစ်ကော်မရှင်တပ် မီးရှို့မှုကြောင့် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်က ကျေးရွာတွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်တွေက စစ်ကြောင်းထိုးလာပြီး မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ပြီးခဲ့တဲ့လမှာ စစ်မှုထမ်းဖို့ စုဆောင်းခံရသူ (၃၁) ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့ ထုတ်ပြန်

မတရားစစ်မှုထမ်းဖို့ စုဆောင်းခံရသူတွေထဲက တပ်သားသစ် (၃၁) ယောက်ကို ဇန်နဝါရီလထဲမှာ ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့က (People's Embrace) က အသိပေးထုတ်ပြန်ပါတယ်။