မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်မှာ အရပ်သားတွေဆီက ဆက်ကြေးကောက် ငွေညှစ်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စသုံးလုံး အရာရှိတွေ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းအတွင်း ပစ်ခတ်တိုက်ခိုက်ခံရပြီး နေရာမှာတင်​၂ယောက်သေဆုံးခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၃ရက်၊ ညနေပိုင်းက ကျိုက်ထိုမြို့နယ်၊ ကြာဖြူကျေးရွာထိပ်၊ ခမိတ်အစိုးရ ရာဘာခြံအနီးမှာ ဖြတ်သွားဖြတ်လာကားတွေကို ဆက်ကြေးကောက်ငွေညှစ်နေတဲ့ ကျိုက်ထိုမြို့နယ် စုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က စုံမှူး (စုံစမ်းစစ်ဆေးရေးမှူး)နဲ့အတူ ဒုစုံမှူးနဲ့ လက်ထောက်စုံမှူးဆိုသူတို့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄ ၊ UG နဲ့ ကျိုက်ထိုမြို့နယ် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီးတိုက်ခိုက်မှုအတွင်း ကျိုက်ထိုမြို့နယ် စုံစမ်းစစ်ဆေးရေးဦးစီးဌာနက စုံမှူး သူရစိုး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဒုစုံမှူး မင်းသူနဲ့ လက်ထောက်စုံမှူးမျိုးသန့်တို့ နေရာတင် သေဆုံးခဲ့ကြောင်း သိရပါတယ်။
“ဒီကောင်တွေ အဲ့လမ်းပိုင်းမှာ ဆက်ကြေး ကောက်နေကျပါ။ နေရာနဲ့ အချိန် အပြောင်းအလဲတော့ရှိတယ်။ စောင့်ကြည့်နေတာလည်း ကြာပါပြီ။ ပိုပိုပြီးဆိုးလာလို့ ကျနော်တို့ ဖော်ဆောင်ခဲ့တာပါ။” ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄ ၊ UG တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
စသုံးလုံးအရာရှိတွေရှိနေတဲ့ ဟွန်ဒါဖစ်ကားကို အနီးကပ်လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ထားတဲ့ တစ်မိနစ်ကြာ မှတ်တမ်းရုပ်သံဖိုင်ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄ ၊ UG က ချပြထားပါတယ်။
“အရပ်သားကားတွေ ဖြတ်နေတာရယ် သူတို့ဘက်က စစ်ကူမလာခင်ရယ်မှာ ရတဲ့ အချိန်နည်းနည်းလေးနဲ့ ဝင်လုပ်ခဲ့ရတာမို့ အခက်အခဲတွေကတော့ အများကြီးပါ။” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄ ၊ UG တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
တိုက်ခိုက်မှုအပြီးမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄ ၊ UG နဲ့ ပူးပေါင်းအဖွဲ့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပုံစာ – စသုံးလုံး အရာရှိများ ရှိနေသည့် ကားကို ပစ်ခတ်တိုက်ခိုက်စဥ်
0 Shares:
You May Also Like
Read More

KNU ထံပို့မယ့် လက်နက်တချို့ ဘန်ကောက်မှာ ဖမ်းမိဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) ထံပေးပို့မယ်ဆိုတဲ့ လက်နက်ပစ္စည်းတွေကို ဘန်ကောက်မြို့က ကွန်ဒိုတခုမှာ ထိုင်းရဲတွေက ဧပြီလ ၂၅ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်း Khaosod မှာ ဖော်ပြပါတယ်။
Read More

(၈၆) နှစ်မြောက် ဗမာပြည်ကွန်မြူနစ်ပါတီ မွေးနေ့ အခမ်းအနားကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပြုလုပ်…

(၈၆) နှစ်မြောက် ဗမာပြည်ကွန်မြူနစ်ပါတီ ပါတီမွေးနေ့ အခမ်းအနားကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ စစ်ဒေသတစ်ခုမှာ ဩဂုတ်လ ၁၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ကလေးက စစ်တပ်ဂိတ်တွေကို အသေခံဒရုန်းတွေနဲ့တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ၆ ဦး ဒဏ်ရာရ

ကလေးမြို့နယ်၊ ဇင်းဂလင်းရွာနဲ့ ထိုမာရွာမှာရှိ တဲ့စစ်တပ်ဂိတ်တွေကို အသေခံ အရုန်း တွေနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်တပ်ဘက်မှ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း  ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ပါတယ်။
Read More

သီပေါမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကားတစ်စီး မီးလောင်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် - TNLA က ထုတ်ပြန်ထားပါတယ်။
Read More

KPF တပ်ဖွဲ့တာဝန်ရှိသူ ချန်းဂျော်ရမ် ကချင်ရှေ့တန်းစစ်မျက်နှာမှာ ကွယ်လွန်

ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ရဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးဟာ ကချင်ပြည်နယ်တစ်နေရာမှာ နာမကျန်းဖြစ်ပြီး ကွယ်လွန်ခဲ့ရပါတယ်။
Read More

ဥသျှစ်ပင်မှာ တစ်ရက်အတွင်း အသက်မပြည့်သူတွေအပါ အရပ်သား ၂၅ ယောက်ထက်မနည်း ပေါ်တာဆွဲခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂၅ ယောက်ထက်မနည်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။