စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် ရွှေဘို-ရေဦးလမ်းမှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား နဲ့ ပျူစောထီးအများအပြား သေဆုံးခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
ရွှေဘိုမြို့နယ်၊ ရွှေဘို-ရေဦးလမ်းရှိ ကျွန်းခြံအတွင်းနဲ့ ဥသျှစ်ကန်သုဿန်ကို ရောက်ရှိလာတဲ့ ပန်းရံကျေးရွာ၊ ခွန်တောင်းကြီးကျေးရွာ၊ ဇီးကုန်းလေးကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာတွေက စစ်သားတွေနဲ့ ပျူစောထီးတွေကို မတ်လ ၂၅ ရက် မနက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းဗုံးသီးတွေ ချပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဥသျှစ်ကန်သုဿန်အတွင်းက စစ်သားနဲ့ ပျူစောထီးတွေ ထွက်လာတာကြောင့် မြေပြင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၅ ယောက် လမ်းပေါ်မှာ လဲကျသွားခဲ့တာကို မျက်မြင်တွေ့ခဲ့ရတယ်လို့ ရွှေဘိုမြို့နယ် ပကဖ က ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်သားနဲ့ ပျူစောထီး အများအပြား ထိခိုက်သေဆုံးတာတွေရှိပြီး အတိအကျကို စုံစမ်းနေဆဲဖြစ်သလို စစ်ကောင်စီတပ်ရဲ့ အသုံးအဆောင်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန် ရွှေဘိုမြို့နယ်၊ မေဂွန်ကျေးရွာက ပျူစောထီးတွေ ကား ၂ စီးနဲ့ ကျွန်းခြံကို စစ်ကူရောက်လာသလို ရွှေဘိုမြို့ ခလရ ၄၂ တပ်၊ ရွှေဘိုမြို့ ကညနရုံး၊ ရွှေဘိုကန်တော်တို့က ၁၂၂ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ကူပေးခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖ တာဝန်ခံရဲ့ ကွပ်ကဲမှုနဲ့ ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့(PDO)က ဦးဆောင်ပြီး ရွှေဘိုမြို့နယ်ပကဖ Federal Tech Shwebo-Drone တပ်ဖွဲ့နဲ့ တိုက်နယ်-၅ (ပကဖ) အဖွဲ့ ၊တိုက်နယ်-၁ (ပကဖ) ၊ တိုက်နယ်-၂ (ပကဖ)တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပုံစာ – ရွှေဘိုမြို့နယ် ပကဖ တပ်ဖွဲ့ဝင်များ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ပေါက်မြို့နယ်တွင် စစ်ဘေးရှောင်များရှိရာကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၂နှစ်ကျော်အရွယ် ကလေးငယ်အပါအဝင် ၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်ရာနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၂ နှစ်ကျော်အရွယ် ကလေးငယ်တစ်ယောက်အပါအဝင် လူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

သထုံခရိုင်အတွင်း စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၃ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တွေမှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၃ ယောက် သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးမြို့နယ်တွင် စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ တစ်ဦး သေဆုံး၊ ၁၀ နှစ်အရွယ်ကလေးတစ်ဦးအပါ ၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ ရေရှည်စစ်ရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးကာ စောင်၊ ခြင်ထောင်များ ထောက်ပံ့ခဲ့

စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတစ်ရွာရှိ ရေရှည်စစ်ဘေးရှောင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး စောင်‌နဲ့ ခြင်ထောင်တွေ ထောက်ပံ့‌ပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်မြောက်ပိုင်းကနေ စစ်ကိုင်းတိုင်းဆီ လက်နက်ခဲယမ်း ပေးပို့ခဲ့တဲ့ မှတ်တမ်းပုံရိပ်များ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဒေသ၊ PDF (၅၁၀) တပ်ရင်း (Special - 10 PDF) အနေနဲ့ ရှမ်းပြည်မြောက်ပိုင်းကနေ စစ်ကိုင်းတိုင်းဆီ လက်နက်ခဲယမ်း ပေးပို့ခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

ရန်ကုန်မြစ်အတွင်း ခရီးသည်တင်စက်လှေ တိမ်းမှောက်၊ တစ်ဦး ပျောက်ဆုံးနေ

ရန်ကုန်မြစ်အတွင်း ခရီးသည်တင်စက်လှေတစ်စီး တိမ်းမှောက်ခဲ့လို့ ၁၁ ယောက်ကို ကယ်ဆယ်ထားပြီး ၁ ယောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။