မွန်ပြည်နယ် သထုံခရိုင် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ကျိုက်ထိုမြို့နယ်စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံမှူးအပါအဝင် ၃ ယောက် တိုက်ခိုက်ခံရပြီး စုံမှူးဒဏ်ရာရကာ ဒုစုံမှူးနဲ့ လ/ထစုံမှူး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄ ၊ UGထံက သိရပါတယ်။

မတ်လ ၂၃ ရက် ညနေပိုင်းက ကျိုက်ထိုမြို့နယ် ကြာဖြူကျေးရွာထိပ်-ခမိတ်အစိုးရ ရာဘာခြံအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ကျိုက်ထိုမြို့နယ် စုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ)မှ စုံမှူး အပါအဝင် ၃ ယောက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စုံမှူးထိခိုက်ဒဏ်ရာရရှိသွားပြီး ဒုစုံမှူး မင်းသူနဲ့ လ/ထစုံမှူး မျိုးသန့်တို့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄ ၊ UGနဲ့ ပူးပေါင်း အဖွဲ့ရဲဘော်တွေ အထိအခိုက်မှရိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

S.O.F အပတ်စဉ် ၆ က အမျိုးသမီးရဲမေတွေရဲ့ စစ်သင်တန်းလေ့ကျင့်ရေးပုံရိပ်များ (ရုပ်/သံ)

အမျိုးသားတွေတန်းတူ စစ်ရေးလေ့ကျင့်နေကြတဲ့ S.O.F အပတ်စဉ် ၆ က အမျိုးသမီးရဲမေတွေရဲ့ စစ်သင်တန်း လေ့ကျင့်ရေးပုံရိပ်တွေကို အခုလိုပဲ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
Read More

ကချင်ပြည်နယ် လန်ဆယ်ဒေသကို စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၂ ဦး သေဆုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို စစ်ကော်မရှင်က လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

လေကြောင်းဗုံးကြဲမှုဒဏ်ခံနိုင်ပြီး စိတ်ချလုံခြုံသည့် ဆေးရုံဆေးခန်းများ တည်ဆောက်နိုင်ရေး ဝိုင်းဝန်းကူညီကြရန် ဦးမင်းကိုနိုင် ဖိတ်ခေါ် (ရုပ်/သံ)

စစ်ကောင်စီက လေကြောင်းကနေ ဆေးရုံဆေးခန်းတွေ၊ စာသင်ကြောင်းတွေ၊ အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်လာတဲ့အတွက် ထိခိုက်ဒဏ်ရာရရှိလာတဲ့ ရဲဘော်တွေနဲ့ အရပ်သားပြည်သူတွေကို ဆေးကုသပေးမယ့် စိတ်ချလုံခြုံတဲ့ ဆေးရုံဆေးခန်းတွေ တည်ဆောက်ဖို့လိုလာပြီလို့ ဆိုပါတယ်။
Read More

ကလေးမြို့မှာ စစ်ကောင်စီယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ပြီး စစ်ကူစစ်ကြောင်းကို ပါ ထပ်မံမိုင်းဆွဲမှုကြောင့် ရဲအရာရှိ ၁ ယောက်အပါအဝင် ၉ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ နိုဝင်ဘာ ၇ ရက် နေ့လည်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ယောက်ခန့် စီးနင်းလာတဲ့ ယာဉ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PDF Kalay - Mine Team အဖွဲ့ထံက သိရပါတယ်။
Read More

ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေးအတွက် ဥပဒေအထက်မှာ မည်သူမျှရှိမနေစေရဘူးလို့ NUG စစ်ခုံရုံးဥက္ကဋ္ဌ ပြော (ရုပ်/သံ)

ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေးအတွက် တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ လက်နက်ကိုင်အင်အားစုတွေအနေနဲ့ ဥပဒေနဲ့ အမိန့်ညွှန်ကြားချက်တွေကို တသွေမတိမ်းလိုက်နာကြဖို့ NUG လက်အောက်ရှိ စစ်ခုံရုံး ၁ ခုက ပြောကြားခဲ့ပါတယ်။
Read More

မြိုင်ပကဖ ရဲ့ NCO အကြပ်သင်တန်း ဆင်းပွဲကျင်းပ (ရုပ်/သံ)

မြိုင်-ပကဖက ပကဖစုဖွဲ့မှုတပ် NCO အကြပ်သင်တန်း၊ အပတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို မတ်လ ၂၇ ရက်နေ့က ဒေသတွင်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။