စစ်မှုထမ်းဥပဒေအတွက် ပေါ်တာဆွဲ မဲနှိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့ မန္တလေးမြို့မှာ “အကြောက်တရားကို ဖိနပ်နဲ့နင်း၊ အာဏာရှင်ကို ဂန်းနဲ့ဗျင်း” ဆိုတဲ့ စာတန်းကို ချိတ်ဆွဲရင်း ပြည်သူတွေအကြောက်တရားမရှိစေဖို့ နှိုးဆော်သတိပေးခဲ့တယ်လို့ Voice Of Mandalay အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
လက်ရှိအခြေအနေအရ မန္တလေးက ချမ်းအေးသာစံ၊ မဟာအောင်မြေနဲ့ ပြည်ကြီးတံခွန်စတဲ့ မြို့နယ်တွေမှာ စစ်မှုထမ်းအတွက် ရပ်ကွက်တိုင်းလိုလို မဲနှိုက်ရွေးချယ်နေပြီး မြို့အတွင်း စစ်ဆေးရေးလုပ်ဆောင်တာတွေလည်း ဆက်တိုက်ရှိနေကြောင်း သိရပါတယ်။
ဒီအတွက် မတ်လ ၂၆ရက်၊ ဒီနေ့မနက်အစောပိုင်းမှာ အခုလို ဆန္ဒဖော်ထုတ်ထားတဲ့ စာကို ချိတ်ဆွဲခဲ့တာလို့လည်း Voice Of Mandalay အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
“အခုအချိန်မှာ ပြည်သူတွေအနေနဲ့ အကြောက်တရားကြီးနေဖို့ မလိုဘဲ တော်လှန်ရေးနယ်ပယ်ထဲကနေ ပြန်ချရအောင် ရည်ရွယ်ပါတယ်။ နောက်ပြီး အဲ့နေရာက စည်ပင်တွေရော ရခတွေပါ နေ့တိုင်း အင်အား ၃၀နီးပါးနဲ့ သန့်ရှင်းရေးလုပ်နေကျ နေရာပါ။ ဒါကြောင့် ဒီကောင်တွေအလုပ်ရှုပ်ရအောင်လည်း ရည်ရွယ်ပါတယ်။” လို့ Voice Of Mandalay အဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်​တွေက အဆိုပါဆိုင်းဘုတ်ကို ဖြုတ်သိမ်းရင်း အခင်းရှိရာ ၃၅လမ်းပတ်ဝန်းကျင်မှာ အရပ်သားတွေကို တားဆီးစစ်ဆေးတာတွေ အသည်းအသန်လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ မန္တလေးမြို့အတွင်းက ရပ်ကွက်တွေမှာစစ်ကောင်စီက စစ်မှုထမ်းအပတ်စဥ် ၁၂ အတွက် မဲနှိုက်ရွေးချယ်တာတွေ လုပ်ဆောင်နေပေမယ့် တကယ့်လက်တွေ့မြေပြင်မှာတော့ နေ့စဥ်နဲ့အမျှ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
“မဲနှိုက်ခိုင်းတာတွေက တစ်မြို့လုံးနီးပါးပါပဲ။ တချို့နေရာတွေဆို မိုက်နဲ့တောင်မအော်ဘူး။ သူတို့ရိုက်ထားတဲ့ ဗီဒီယိုတွေမှာသာ လူတွေက မဲနိူက်ကြရတာ။ လက်တွေ့မှာ ဘယ်မိဘက ကိုယ့်သားသမီး ဒုက္ခရောက်မှာ ပျော်မလဲ။ စိတ်ညစ်ကြတာပေါ့။ အခုလို မဲနှိုက်ပြတယ်ဆိုတာကလည်း အောက်ခြေမှာလုပ်စားတယ်ဆိုပြီး သူတို့စစ်တပ်လော်ဘီတွေကပြောနေတော့ ဟန်ပြနှိုက်ပြတာပါ။ ပေါ်တာဆွဲဖမ်းတာတွေက ရှိနေပြီးသားပါ။” လို့ Voice Of Mandalay အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
စစ်မှုထမ်းအပတ်စဥ် (၁)ကစလို့ လက်ရှိအချိန်အထိ မန္တလေးမြို့အတွင်း မြို့နယ်တွေကနေ လူငယ်တွေ ရာနဲ့ချီ ဖမ်းဆီးခံထားရတယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

တောင်ငူ (ကေတုမတီ) လေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများ ၁ရက်အတွင်း ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့

စစ်ကောင်စီရဲ့ တောင်ငူလေတပ် (ကေတုမတီလေတပ်) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ တစ်ရက်အတွင်း ၂ ကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ထံက သိရပါတယ်။ 
Read More

နတ်တောင်တာဝါတိုင်စခန်းကုန်းကို AA သိမ်းပိုက်၊ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ စက်တပ်လေထီး ၂ စီးနှင့် ဒရုန်းများကို AA ပစ်ချ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ စစ်ကောင်စီတပ်ရဲ့ ညောင်ကျိုး လက်နက်ကြီးအထိုင်စခန်းရဲ့ ကာကင်းစခန်းဖြစ်တဲ့ နတ်တောင်တာဝါတိုင်စခန်းကုန်းကို ရက္ခိုင့်တပ်တော် AA တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ကျားဖြန့်ဂိုဏ်းကနေ လွတ်မြောက်လာသူတွေထဲ ကိုယ်ဝန်သည် ၁၁ ဦးပါဝင်

ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကနေ လွတ်မြောက်လာသူပေါင်း ၂၄၀၀ ကျော်မှာ ကိုယ်ဝန်သည် ၁၁ ဦးပါဝင်နေပြီး အရေးပေါ်ဆေးကုသမှုလိုအပ်နေကြောင်း အရပ်ဘက်အဖွဲ့တွေက မတ်လ ၂၁ ရက်မှာ ပြောခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။
Read More

နှစ်ပေါင်း ၃၀ ကြာပြီးနောက် မာနယ်ပလောမှာ ပထမဆုံးအကြိမ် ကရင့်တော်လှန်ရေးနေ့ ပြန်လည်ကျင်းပ

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို
Read More

ရေဦးမှာ တိုင်းရင်းဆေးရုံထဲအထိုင်ချထားတဲ့ စစ်အုပ်စုပစ်လိုက်တဲ့ လက်နက်ကြီးမှန်လို့ လယ်ထဲပေါင်းနုတ်နေတဲ့ အမျိုးသမီး သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ခဲ့လို့ ပေါင်းနုတ်နေတဲ့ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ဒုတပ်ကြပ်တစ်ဦး KPLA ထံ လက်နက်နဲ့ အလင်းဝင်

မန္တလေးတိုင်း၊ မိတ္ထိလာမြို့နယ်၊ အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် ၁ ရှေ့တန်းအခြေချ ထောက်ပံ့နဲ့ ပို့ဆောင်ရေးတပ်ရင်း ရထပ (၁) က ဒုတပ်ကြပ်တစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - ကလလတ တပ်ရင်း ၉၄၂၅ (KPLA -B 9425) က ထုတ်ပြန်ထားပါတယ်။