ထိုင်းနိုင်ငံ၊ ချွန်ပူရီမြို့ရှိ ပါကေးစက်ရုံမှာ မြန်မာလုပ်သား အယောက် ၆၀ ကျော် နစ်နာကြေးမရရှိဘဲ အလုပ်ကနေ မတရားထုတ်ခံရတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားရေးဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေဟာ MOU လုပ်သားတွေနဲ့ တရားမဝင် အလုပ်လုပ်ပိုင်ခွင့် Work Permit ကိုင်ဆောင်ထားသူတွေဖြစ်ပြီး အလုပ်ထုတ်ခံရချိန်မှာ ကာယကံရှင်တွေရဲ့ သဘောဆန္ဒအရ အလုပ်ကထွက်တဲ့ ပုံစံမျိုး လက်မှတ်ထိုးခိုင်းခဲ့ပေမယ့် လက်မှတ်ထိုးခဲ့ခြင်း မရှိဘဲ အမျိုးသားညီညွတ်ရေးအစိုးရကို တိုင်ကြား အကူအညီတောင်းခံလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အလုပ်သမားဝန်ကြီးဌာနအနေနဲ့လည်း အဆိုပါ မြန်မာအလုပ်သမားတွေကို RDMWN ၊ MHAC အဖွဲ့တို့နဲ့အတူ ချွန်ပူရီမြို့နယ်၊ ဆာဝါဒီကန်ရုံးကို သွားရောက်ကာ အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။
ချွန်ပူရီမြို့ Won Sinh Technology Thailand ကုမ္ပဏီပါကေး စက်ရုံရဲ့ အလုပ်ရုံပေါင်း ၆ ခုမှာ အလုပ်သမား ၉၀၀ ကျော်ရှိပြီး စက်ရုံရဲ့ အလုပ်ရုံတစ်ရုံက အလုပ်သမား ၁၀ ယောက်နှုန်း၊ စုစုပေါင်း အယောက် ၆၀ အလုပ်ထုတ်ခံရတဲ့အပေါ် အလုပ်သမားတွေက လာရောက်တိုင်ကြား ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

အာဂျင်တီးနား တရားရုံး ဖမ်းဝရမ်းထုတ်ထားသည့် မင်းအောင်လှိုင် ရုရှားသွားမည်

အာဂျင်တီးနား တရာရုံးကနေ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို သွားရောက်မယ်လို့  စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု၏မဟာမိတ် လူ့အခွင့်အရေးကော်မရှင်ကို ဖယ်ရှားပေးရန် နိုင်ငံတကာသမဂ္ဂများ ပူးပေါင်းတောင်းဆို

စစ်ကောင်စီရဲ့ မဟာမိတ် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC) ကို အရှေ့တောင်အာရှ လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ကနေ ချက်ချင်းဖယ်ရှားပေးဖို့ နိုင်ငံတကာသမဂ္ဂအဖွဲ့တွေက ပူးတွဲတောင်းဆိုလိုက်ပါတယ်။
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး နှင့် Special Advisory Council for Myanmar (SAC-M) အဖွဲ့ဝင် Professor Yanghee Lee တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက Special Advisory Council for Myanmar (SAC-M) အဖွဲ့ဝင် Professor Yanghee Lee နဲ့ တောင်ကိုးရီးယားသမ္မတနိုင်ငံမှာ မေလ ၁၄ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

အလုပ်သမားညီလာခံ ပြုလုပ်နေသည့် ကုလရုံးချုပ်ရှေ့တွင် စစ်ကောင်စီကို Article 33 အရ အရေးယူရေး ဆန္ဒပြ

ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အအုံ ပြင်ပရှိ Broken Chair အောက်မှာ အကြမ်းဖက်စစ်ကောင်စီကို Article 33 အရ အရေးယူနိုင်ရေးအတွက် ဆန္ဒပြပွဲကို ၁၁၃ ကြိမ်မြောက် နိုင်ငံတကာအလုပ်သမားညီလာခံ (113th ILC) ပြုလုပ်တဲ့နေ့မှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာအချင်းချင်း ကလဲ့စားချေဖို့ဆိုပြီး လက်နက်စုဆောင်းသူနဲ့ သယ်ယူပေးသူကို ထိုင်းစစ်တပ် ဖမ်းဆီး

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်မှာ နေထိုင်သူ မြန်မာနိုင်ငံသားတစ်ယောက်ဟာ မြန်မာအချင်းချင်းကလဲ့စားချေဖို့အတွက် လက်နက်စုဆောင်းနေတုန်းမှာပဲ ဖမ်းဆီးခံခဲ့ရကြောင်း မဲဆောက်မြို့ခံတွေဆီက သိရပါတယ်။
Read More

မြန်မာနိုင်ငံက ပြင်းထန်ငလျင်ဒဏ်သင့် ဒေသတွေကို အမေရိကန်က ကူညီမည်ဟု ဒေါ်နယ်ထရန့်က ပြော

မြန်မာနိုင်ငံကပြင်းထန်စွာ ငလျင်ဒဏ်သင့်ခံစားရတဲ့ဒေသများကို အမေရိကန်က ကူညီပေးသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်ပါတယ်။