မြန်မာနိုင်ငံတဝန်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၂၅ ရက် ဒီနေ့အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃၉) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၂၅ ရက်အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး (၂၂) ယောက်နဲ့ အမျိုးသား (၁၇) ယောက် စုစုပေါင်း (၃၉) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် (၆) ယောက် ပါဝင်ပြီး မကွေးတိုင်းက အများဆုံးအဖြစ် (၉) ယောက် သေဆုံးခဲ့သလို တနင်္သာရီတိုင်းက (၆) ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၁ ရက် နေ့လယ်ပိုင်းကလည်း တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုက အနီးနားရှိ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ချောင်းလမုကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ရှောင်နေရာကနေ ရိက္ခာပြန်သယ်ယူတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ အမျိုးသား ၁ ယောက် ကျည်စထိမှန်သေဆုံးခဲ့ပြီး အမျိုးသား ၂ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့သလို ညပိုင်းအချိန်မှာတော့ ပြင်းထန်ဒဏ်ရာရရှိတဲ့ အမျိုးသား ၁ ယောက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

AAPP ၏ ထုတ်ပြန်ချက်
AAPP ၏ ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

PDF နှင့် မဟာမိတ် တိုင်းရင်းသားတပ်ဖွဲ့များ လက်တွဲညီညီ ကြိုးစားရင် တော်လှန်ရေး ဘုံရည်မှန်းချက်များ မဝေးတော့ ဟု NUG ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေနဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေအားလုံး လက်တွဲညီညီ ကြိုးစားမယ်ဆိုရင် ဘုံရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးဟာ မဝေးတော့တဲ့ လက်တကမ်းအကွာမှာ ရောက်ရှိနေပြီလို့ NUG က ပြောပါတယ်။
Read More

ရွှေဘိုခရိုင် PDF တပ်ရင်း ၄ မှ စိုးမိုးနယ်မြေရှိ ဒေသခံများကို လေကြောင်းအန္တရာယ် အသိပညာပေးပွဲ ပြုလုပ် (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသလက်အောက်ရှိ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် တပ်ရင်း (၄)က အကြမ်း ဖက်စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ် နဲ့ ပတ်သက်ပြီး ဆောင်ရန် ၊ ရှောင်ရန်တွေ အသိပညာပေးဟောပြောခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ပတ္တမြားမြေရောက် အမရပူရ ရဲဘော်များ (ဓာတ်ပုံသတင်း)

တရုတ်ရဲ့ ကြားဝင်မှုကြောင့် မိုးကုတ်မြို့ကို တအာင်းတပ်မတော် TNLA လက်လွှတ်ခဲ့ရပြီးနောက် MDY PDF ၊ မိုးကုတ်ဗျူဟာ အပါအဝင် မြန်မာပြည်အလယ်ပိုင်းဒေသက တော်လှန်ရေးတပ်ဖွဲ့တွေကို မိုးကုတ်ကို အစွမ်းကုန် ကာကွယ်သွားမယ့်အကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

Myanmar Defense Force က ကျဆုံးရဲဘော် ၃ ယောက်အတွက် အမိန့်ပြန်တမ်း ပြန်ဆိုခြင်းနဲ့ အလေးပြုခြင်း အခမ်းအနား

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်း (Myanmar Defense Force) အနေနဲ့ တပ်ရင်းက ရဲဘော် ၃ ယောက် ကျဆုံး​​ခြင်းအတွက် အမိန့်ပြန်တမ်း ပြန်ဆိုခြင်းနဲ့ အလေးပြုခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲ…

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယပကတ)၊ Yaws’ People Defense Force - YPDF ရဲ့ တပ်သားသစ် အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲကို နိုဝင်ဘာလ (၂၆) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့ ကျော်ဝင်းထွဋ်နှင့် ဟာသ သရုပ်ဆောင် အုန်းဒိုင်းတို့ကို အာဏာသိမ်းစစ်တပ် ထောင်ဒဏ် ၇ စီ ချမှတ်

စစ်ကော်မရှင်က မတရားသဖြင့် ပြဌာန်းထားတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေနဲ့ အရေးယူခံထားရတဲ့ ဒါရိုက်တာ မိုက်တီး၊ ဟာသ သရုပ်ဆောင် အုန်းဒိုင်းနဲ့ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်တို့ကို ထောင်ဒဏ် ၇ စီ ချမှတ်လိုက်တယ်လို့ အနုပညာအသိုင်းအဝိုင်းနဲ့ နီးစပ်သူက မောင်းကို ပြောပါတယ်။