တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်က ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ် လမ်းကင်းထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်မှူးအဆင့် ၁ ယောက်အပါအဝင် အယောက် ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

မတ်လ ၂၄ ရက် မနက်ပိုင်းက ရေဖြူမြို့နယ်၊ ညင်းထွေးကျေးရွာနဲ့ ကျောက်ကညှာကျေးရွာကြား အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ် လမ်းကင်းထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့် ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား အယောက် ၂၀ ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဆီက RPG 7 တစ်လက်၊ MA 3 ၁ လက်၊ MA 4 ၁ လက်၊  MA 1 ၂ လက်နဲ့ ဆက်စပ်ခဲယမ်းပစ္စည်းအချိူ့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူအများအပြား အသုံးပြုခဲ့သလို စက်တပ်လေထီး Paramotor တစ်စီးနဲ့ပါ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်း ဦးဆောင်မှုနဲ့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးအရှိန်မြှင့် လုပ်ဆောင်နေတာကြောင့် ပြည်သူတွေ စစ်ရေး အထူးသတိပြု သွားလာနေထိုင်ဖို့နဲ့ ပြည်သူ့ဘက် ရပ်တည်လိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း အမြန်ဆုံး အလင်းဝင် ခိုလှုံဖို့ ဒူရကစစ်ကြောင်းက အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့နှစ်ပတ်လည်စုံညီအစည်းအဝေး ပြုလုပ်…

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယပကတ) - YPDF ရဲ့ နှစ်ပတ်လည်စုံညီအစည်းအဝေးကို ဒီဇင်ဘာလ (၂၇) ရက် မနေ့က တပ်ဖွဲ့ ဗဟိုဌာနချုပ်ရှိ ယောနကခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-ပြည်လမ်းပိုင်းအပါ ပဲခူး ၃ မြို့နယ်အတွင်းရှိ စစ်တပ်စခန်းများ တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခံရ၊ စစ်တပ်ဘက်က အယောက် ၄၀ နီးပါး သေဆုံးပြီး အများအပြား ဒဏ်ရာရ

ရန်ကုန်-ပြည်အမြန်လမ်းအပါအဝင် နတ်တလင်း၊ ဇီးကုန်းနဲ့ မင်းလှမြို့နယ်တွေက အကြမ်းဖက်စစ်တပ် ဂိတ်စခန်းတွေကို တစ်ပြိုင်နက်တည်း ထိုးစစ် တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးရိုးမ PDF -ဗျူဟာ ၂၂ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ (၁)ဦး သေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လွတ်ရက်စေ့ပြီး ပြန်လွတ်လာတဲ့ နိုင်ကျဉ်းကို ဒကစမှူးနဲ့ အပေါင်းအပါတွေ အမှုဆင်ငွေညှစ်ပြီး မတရားဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ကို ဒကစမှူး အောင်နိုင်ဦး ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတရားငွေညှစ်တောင်းခံရင်း ဖမ်းဆီးချုပ်နှောင်တာတွေလုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။
Read More

ရေဘေးသင့် ဒေသတွေကို ကူညီဖို့ အမေရိကန်က ဒေါ်လာသုံးသန်းထပ်မံ ထောက်ပံ့

နိုင်ငံတစ်ဝန်းက ရေဘေးသင့်ဒေသက ပြည်သူတွေအတွက် အမေရိကန်က ဒေါ်လာသုံးသန်း ထပ်မံ ထောက်ပံ့ကူညီလိုက်ကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက အသိပေး ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်၏ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း ကြေညာထားသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့်အတူ တစ်သားတည်းရပ်တည်ကြောင်း NUG ပြော

အကြမ်းဖက် မင်းအောင်လှိုင် ပြုလုပ်ဖို့ ကြိုးစားနေတဲ့ တရားမဝင်အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း ကြေညာထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့အတူ တစ်သားတည်းရပ်တည်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုလိုက်ပါတယ်။