ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်စူမြို့နယ်၊ ပါရချူလမ်းမကြီး၊ ဆွယ် ၃၇ အနီး ရေမြောင်းသန့်ရှင်းရေးလုပ်နေတဲ့ မြန်မာအလုပ်သမား ၂ ယောက် လုပ်ငန်းခွင်အတွင်း ဓာတ်လိုက် သေဆုံးသွားတယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားတွေကို အကူအညီပေးနေသူတွေဆီက သိရပါတယ်။ 

မတ်လ ၂၄ ရက် မနေ့က ညသန်းခေါင်အချိန် ဘန်ကောက်မြို့မှာ ရေမြောင်းသန့်ရှင်းရေး လုပ်နေရင်း ဓာတ်လိုက်သေဆုံးသွားတာဖြစ်ပြီး သေဆုံးသူတွေက အသက် ၃၅ နှစ်အရွယ် ကိုလင်းနိုင်နဲ့ အသက် ၃၀ အရွယ် ကိုမင်းလွင်ဝင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

“ကိုလင်းနိုင် အသက် (35)နှစ်  ကိုမင်းလွင်ဝင်း အသက် (30)နှစ်…24-3-2025..နေ့ ည 11:50 အချိန်ခန့်တွင် “ဘန်ကောက်မြို့ ၊ဘန်စူမြို့နယ်၊ ပါရချူလမ်းမကြီး ၊ ဆွယ်” ၃၇ “အနီးရှိ ရေမြောင်းသန့်ရှင်းရေးဆင်းလုပ်သည့် မြန်မာအလုပ်သမား (၂-ဦး) သေဆုံးသွားပြီး မြေအောက်လှိုင်ဂူအတွင်း မီးလျှော့လိုက်ပြီး သေဆုံးသွားကြောင်း” ဆိုပြီး AAC မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးလှခိုင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

လုပ်ငန်းခွင်အတွင်း သေဆုံးသွားတာ​ကြောင့် ရသင့်ရထိုက်တဲ့နစ်နာကြေးတွေ ရရှိအောင် AAC မဟာမိတ်အဖွဲ့ မြေပြင်ဆင်းပြီး ကူညီပေးဖို့ကိုလည်း သေဆုံးသူတွေရဲ့ မိသားစုဝင်တွေက အကူအညီတောင်းလာတယ်လို့ ဦးလှခိုင်က ဆိုပါတယ်။ 

ပြီးခဲ့ မတ်လ ၁၅ ရက်က ဘန်ကောက်မြို့ ဖလန်စောင် အဝေးပြေးလမ်းပြိုကျမှုကြောင့် မြန်မာနိုင်ငံသား ၄ ယောက်နဲ့ ထိုင်းနိုင်ငံသား ၂ ယောက် သေဆုံးခဲ့တဲ့ ဖြစ်စဥ်မှာလည်း ထိုင်းနိုင်ငံသား ၂ ယောက်အတွက် သက်ဆိုင်ရာ ကုမ္ပဏီက လျော်ကြေးပေးခဲ့ပေမယ့် မြန်မာနိုင်ငံသား ၄ ယောက်အတွက် လျော်ကြေး မရသေးဘူးလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လောင်းရှည်မှာ စစ်တပ်နဲ့ PDF တွေ ၂ရက်တာ တိုက်ပွဲဖြစ်၊ စစ်တပ်ဘက်က ၃ ယောက် သေပြီး၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ လောင်းရှည်တိုက်နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ၂ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက် သေကာ ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်း People Defense Force - Saw ထံက သိရပါတယ်။
Read More

မကွေးတိုင်း ပကဖ ရဲ့ Yenanthar Column က ရဲဘော် Flash ကျဆုံး

မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ ရွေ့လျားစစ်ကြောင်းတစ်ခုဖြစ်တဲ့ Yenanthar Column က ရဲဘော် မောင်စောဝေယံ (ခ) Flash ဟာ တိုက်ပွဲဝင်ရင်း ကျဆုံးသွားတယ်လို့ အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်အတွင်း တိုက်ပွဲ​များ ဆက်လက်ပြင်းထန်​နေပြီး မြို့ပေါ်နေရာအများစုကို စစ်တပ် ပြန်လည်ထိန်းချုပ်​ထားဟု ဆို

မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး(MDY PDF) ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်ထဲက နေရာအများစုကို စစ်တပ်က ထိန်းချုပ်လိုက်ပြီလို့ ရှေ့တန်းသတင်းရင်းမြစ်နဲ့ စစ်ကောင်စီ လော်ဘီမီဒီယာတွေရဲ့ သတင်းဖော်ပြမှုအရ သိရပါတယ်။
Read More

စစ်အုပ်စု၏ ရာဇဝတ်မှုများတွင် ကျူးလွန်သူ၊ စေခိုင်းသူ၊ ပံ့ပိုးကူညီသူနှင့် သတင်းမှား ဖြန့်ချိသူအားလုံးကို အရေးယူနိုင်ရေး လုပ်ဆောင်မည်ဟု NUG ထုတ်ပြန်၊ ၂၀၂၃ ခုနှစ်မှ ယခု မေလ (၁၂) ရက်အထိ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုများကြောင့် အသက် (၁၈) နှစ်အောက် ကလေးငယ် (၄၄၁) ဦးအပါ အရပ်သားပြည်သူ ၃,၀၄၃ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေမှာ ကျူးလွန်သူ၊ စေခိုင်းသူ၊ ပံ့ပိုးကူညီသူနဲ သတင်းမှား ဖြန့်ချိသူအားလုံးကို နိုင်ငံတကာတရားရုံးတွေနဲ့ နိုင်ငံအလိုက်တရားရုံးတွေမှာသာမက ပြည်တွင်းတရားဥပဒေတွေနဲ့ပါ အရေးယူနိုင်ရေး အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ကြေညာပါတယ်။
Read More

သီပေါတွင် စစ်ကောင်စီ၏ ထပ်မံဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၂) ဦး သေဆုံး၊ (၅) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၂) ယောက် သေဆုံးခဲ့ပြီး (၅) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ ပန်ပေါင်းကျေးရွာတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံး ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ်၊ ပန်ပေါင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့  လာရောက်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။