မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ် အထိုင်စခန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Burma Revolution Rangers က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ် အထိုင်စခန်းကို စစ်သားနဲ့ ပျူစောထီးတွေ ထပ်မံအင်အားတိုး ရောက်ရှိလာတယ်လို့ သတင်းရတာကြောင့် မတ်လ ၂၂ ရက် မနက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်စခန်းရှိ ဘန်ကာတွေနဲ့ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုတွေ ရှိပေမယ့် အသေးစိတ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ Burma Revolution Rangers က ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ရှိပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Burma Revolution Rangers တပ်ဖွဲ့(B.R.R.) ၊ Pakokku People Defense Force (P.P.D.F) ၊ Young Force – UG တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ဦးနှင့် ဝမ်းတွင်းတွင် စစ်အုပ်စု ပေါ်တာဆွဲဖမ်းဆီးမှုများ ဆိုးဆိုးဝါးဝါးလုပ်ဆောင်နေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်နဲ့ ဝမ်းတွင်းမြို့နယ်တွေမှာ စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ကြောက်လန့်တကြား တိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

လောင်းလုံးမြို့မရဲစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၃ ယောက်သေ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လောင်းလုံးမြို့မရဲစခန်းကို တိုက်ခိုက်ခဲ့ရာ စခန်းထဲက စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးသွားတယ်လို့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ရဲ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အခြေစိုက် ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ (သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ) က အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၂၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မောင်တော၊ အမ်းနဲ့ ဂွက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်အရှိန်မြှင့်ပြီး တိုက်ခိုက်တော့မယ်လို့ AA ထုတ်ပြန်

မောင်တော နခခ (၅)အပါအဝင်ရခိုင်ပြည်နယ်အတွင်း ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်ပြီး ထိုးစစ်ကို အရှိန်မြှင့်တော့မယ်လို့ အာရက္ခတပ်တော် AA က စက်တင်ဘာ ၂၇ ရက်ညပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူအား တာဝန်မှ ယာယီရပ်နားကာ စစ်ဆေးနေသည်ဟု NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို တာဝန်ကနေ ယာယီရပ်နားထားကာ သူတို့နဲ့ ပတ်သက်တဲ့ တိုင်ကြားချက်အ‌ပေါ် စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေ စတင်‌ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့အရေးမှာ တရုတ်နယ်နိမိတ် အခြေပြုပြီး မြန်မာကိုဆန့်ကျင်နေသူတွေကို တရုတ်က လက်မခံဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်း ပြော

မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေဖို့  တရုတ်နယ်နိမိတ် အခြေပြုပြီး မြန်မာကို ဆန့်ကျင်နေသူတွေကို တရုတ်က လက်မခံဘူးလို့ သတင်းစကားပေးခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေး ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။