စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကာကွယ်ရေးအတွက် ဘတ်ဂျက် ပိုမိုအသုံးပြုနေရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ခံပြောကြားလိုက်ပါတယ်။

တိုင်းပြည်အာဏာကို အကြမ်းဖက်ရယူထားတဲ့ မင်းအောင်လှိုင်က နေပြည်တော်မှာ ကျင်းပတဲ့  ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးမှာ အခုလို ထည့်သွင်းပြောကြားလိုက်တာပါ။ 

နိုင်ငံတဝန်း တိုင်းရင်းသားတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို စစ်ကောင်စီက တိုက်ခိုက်နေမှုကို တိုင်းပြည်ကာကွယ်ရေးအတွက်လို့ ခေါင်းစဉ်တပ်ကာ မင်းအောင်လှိုင်က နိုင်ငံတော်ဘတ်ဂျတ်ထဲမှာ စစ်အသုံးစရိတ်တွေကို ပိုမို အသုံးပြုလာတာလည်း ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ  ဘဏ္ဍာငွေတွေကို ပြည်ထဲရေး၊ ကာကွယ်ရေး၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာ အသုံးစရိတ်တွေ တိုးမြှင့်ပေးလျက်ရှိတယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။ 

စစ်တပ်ဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း အမေရိကန်ဒေါ်လာ သန်းရာချီကို နှစ်စဥ် တိုးသုံးနေပြီး လေကြောင်းတိုက်ခိုက်မှုတွေမှာ အဓိက အသုံးပြုနေတယ်လို့ တက်ကြွလှုပ်ရှားတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက အသီးသီးထုတ်ပြန်ထားပါတယ်။ 

အထူးသဖြင့် လေယာဉ်လောင်စာဆီနဲ့ စစ်လက်နက်ပစ္စည်းတွေ၊ တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ ဒရုန်းတွေ ပိုမိုဝယ်ယူအားဖြည့်ပြီး တိုင်းရင်းသားဒေသတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်ရာမှာ အဓိကအသုံးပြုနေတာ ဖြစ်ပါတယ်။ 

စစ်ခေါင်းဆောင်က ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေကို ဘတ်ဂျက် တိုးမြှင့်သုံးစွဲပေးနေတယ်လို့ ပြောပေမယ့်  အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတစ်ဝန်းက ဆေးရုံ၊ ဆေးပေးခန်း နဲ့ စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့လို့ အရပ်သားပြည်သူတွေနဲ့ ကျန်းမာရေး၊ ပညာရေးဝန်ထမ်းတွေ မြေပြင်မှာ ထိခိုက်သေဆုံးမှု မြင့်တက်လျက်ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

ညီနောင်မဟာမိတ် (၃)ဖွဲ့ တစ်ဖက်သတ် အပစ်ရပ်ထားပေမယ့် အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှုများ၊ စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေ

ငလျင်ဒဏ်သင့် ပြည်သူတွေကို စာနာထောက်ထားတဲ့အနေနဲ့ ညီနောင်မဟာမိတ် (၃)ဖွဲ့က တစ်လတာ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ကြေညာထားပေမယ့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှုတွေနဲ့ စစ်အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပေါက်နဲ့ ကမ္မမှာ စစ်အုပ်စုတွေ ဒရုန်းနဲ့ရော စနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ခံရ၊ စစ်သား ၁ ဦး သေပြီး ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်နဲ့ ကမ္မမြို့နယ်တွေက စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ရော စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက်သေဆုံးခဲ့တယ်လို့ King Fighter SGF အဖွဲ့တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

သီပေါနဲ့ နောင်ချိုမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ရာ နေအိမ်တွေ ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့နယ်နဲ့ နောင်ချိုမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ပြည်သူကို ဦးတည်ကာ လေကြောင်းကတဆင့် နေ့စဥ် လာရောက်ဗုံးကြဲနေပြီး လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေရာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့ကို စစ်တပ် ပေါင် ၂၅၀ ဗုံး ၂ လုံး ထပ်မံကြဲချ၊ အိမ် ၅ လုံး ပျက်စီးကာ အမျိုးသမီး ၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်ကော်မရှင်က ဒီမနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၅ လုံး ပျက်စီးပြီး အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
Read More

ရွာကထိန်ပွဲ ပြုလုပ်နေချိန် အကြမ်းဖက်စစ်တပ် လေယာဉ်ဗုံးကြဲလို့ ဒေသခံ ၅ ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ယောအိုင်းမကျေးရွာမှာ ကထိန်ပွဲ ပြုလုပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲချခဲ့လို့ ဒေသခံ ၅ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

မော်လမြိုင်မှာ စစ်ကောင်စီခန့် အုပ်ကြီးတွေ ဦးဆောင်ပြီး အာဝါဒေးပွဲတွေ ကျင်းပကာ ပေါ်ပေါ်တင်တင် လောင်းကစားလုပ်နေကြ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ပြီး အာဝါဒေးပွဲ (လောင်းကစားပွဲ) တွေကို ကျင်းပပြုလုပ်နေတယ်လို့ဒေသခံတွေကမောင်းကိုပြောပါတယ်။