ရန်ကုန်တိုင်း ၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က စစ်သင်တန်း အပတ်စဉ် (၄) အတွက် သင်တန်းသားအသစ် တွေခေါ်ယူ‌နေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်မှည စစ်မှုမထမ်းလိုတဲ့ တွံတေးမြို့နယ်အတွင်းက လူငယ်တွေကို စည်းကမ်းတွေနဲ့အညီ တပ်သားသစ် အဖြစ် ဝင်ရောက်လျှောက်ထားနိုင်တယ်လို့ တွံတေး ပကဖ က ဆိုပါတယ်။

တွံတေးမြို့နယ် ပကဖ အနေနဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် ၁ ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက ဖွင့်လှစ်ခဲ့ပြီး သင်တန်းအပတ်စဉ် ၂ ကို ၂၀၂၄ ခုနှစ် မတ်လက ဖွင့်လှစ်ခဲ့သလို သင်တန်းအပတ်စဉ် ၃ ကိုတော့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

တွံတေးမြို့နယ် ပကဖ ရဲ့ သင်တန်း ၃ ခုကနေ ပကဖ ရဲဘော် ရာနဲ့ချီ သင်တန်းဆင်းခဲ့ပြီး သက်ဆိုင်ရာနယ်ပယ်တွေမှာ တာဝန်ထမ်းဆောင်နေတယ်လို့ သိရပါတယ်။

ပကဖ ၊PDFနဲ့ မဟာမိတ် တွေဟာ ဧရာဝတီတိုင်းထဲဝင်ရောက်ကာ နယ်မြေစိုးမိုးထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေပြီး ဧရာ၀တီတိုင်းနဲ့ ကပ်လျက် ရန်ကုန်တိုင်းရှိ မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မြို့ကို ခြိမ်းခြောက်နိုင်ဖို့အတွက်လည်း ဒေသခံ ပကဖ တွေ စတင်လုပ်ဆောင်နေတယ်လို့လည်း ပကဖ အသံက သတင်းဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

တောင်ငူခရိုင်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၂) ယောက် ဒဏ်ရာရပြီး နေအိမ် (၆) လုံး ထိခိုက်ပျက်စီးခဲ့

ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၂) ယောက် ဒဏ်ရာရပြီး နေအိမ် (၆) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးလမ်းခွ တိုက်ပွဲအတွင်း DMO Local PDF တပ်ရင်း ၂ မှ ၂၁ နှစ်အရွယ် ရဲဘော် ၃ ဦးနှင့် ၂၃ နှစ်အရွယ် ရဲဘော် ၁ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF) တပ်ရင်း ၂ မှ ရဲဘော် ၄ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မလှိုင်မြို့ပေါ်မှာ မူးယစ်သောက်စားနေသည့် စစ်ကောင်စီတပ်သားကို ပကဖ ရဲမေများ ဦးဆောင်မှုနှင့်အတူ လက်နက်နှင့်တကွ ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ မလှိုင်မြို့ပေါ်ရှိ စားသောက်ဆိုင်မှာ မူးယစ်သောက်စားနေတဲ့ စစ်ကောင်စီတပ်သားကို လက်နက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ Taung Tha People Defense Force (တောင်သာ ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၁၆ ယောက်သေ၊ အများအပြား ထိခိုက်ဒဏ်ရာရပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ကနေ ကန့်ဘလူမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၆ ယောက် သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လာနိုင်သည်ဟု ပြည်သူအပေါ် ဆင်းရဲဒုက္ခမျိုးစုံ ပေးနေသည့် စစ်ကောင်စီ ဖိတ်ခေါ်

အာဏာသိမ်းစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ရာ ဒေသတွေနဲ့ ပြည်ပကို ရောက်ရှိနေတဲ့ နိုင်ငံသားတွေ ပြန်လာနိုင်တယ်လို့ ဒီနေ့ မတ်လ ၂၁ရက်မှာ ဖိတ်ခေါ်လိုက်ပါတယ်။
Read More

ပုသိမ်- မုံရွာလမ်းပိုင်းမှာ PDF တွေ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ် (ဓာတ်ပုံသတင်း)

အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ၄ နာရီကျော်ကြာ လုံခြုံရေး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။