မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ပံတိုရေနံမှော်အနီးကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း-၁၅ ထံက သိရပါတယ်။

မတ်လ ၂၄ ရက် မနေ့က နေ့လယ်ပိုင်းမှာ လက်ပံတိုရေနံမှော်အနီး နယ်သတ်ကျေးရွာနဲ့ ဆုံကုန်းကျေးရွာကြား အနီးတစ်ဝိုက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ တိုက်လေယာဉ် ၂ စီး နဲ့ မီးလောင်ဗုံး ၃ လုံး ကြဲချခဲ့တာပါ။

နယ်သတ်ကျေးရွာထိပ်က နေအိမ် ၁ လုံးနဲ့ တောမီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကမ်းဖြူကျေးရွာ ဒေသခံအမျိုးသမီးများကို မုဒိမ်းကျင့်ခဲ့သည့် အကြမ်းဖက်စစ်သားများအား တိုက်ခိုက်မှု စစ်သား အများအပြားသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ကမ်းဖြူကျေးရွာက ဒေသခံအမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ယောက် သေဆုံးပြီး PDF ရဲဘော် ၇ ယောက် ကျဆုံးခဲ့တယ်လို့ မတ္တရာမြို့နယ် ပကဖ ကသတင်းထုတ်ပြန် ထားပါတယ်။
Read More

မြင်းခြံမြို့အနီး အင်အားထောင်ချီ စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်များ ၁၁ ရက်ကြာ တိုက်ပွဲဖြစ်ပွား၊ စစ်သားအများအပြားသေပြီး ရဲဘော် ၅ ဦး ကျဆုံးခဲ့ရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့အနီးမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ ၁၁ ရက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် MBT တပ်ဖွဲ့ဝင်များ မြို့တွင်းတွင် လှည့်လည်အောင်ပွဲခံ (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ ချင်းညီနောင် (Operation CB) နဲ့အတူ Myingyan Black Tiger (MBT)တပ်ဖွဲ့ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့ ဧပြီ ၁၀ ရက်မှာ MBT က သတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ MBT တပ်ဖွဲ့ဝင်တွေဟာ မြို့ကိုသိမ်းပိုက်အပြီး မြို့တွင်းမှာ လှည့်လည်အောင်ပွဲခံခဲ့ကြတယ်လို့လည်း သ်ရပါတယ်။
Read More

စစ်ကိုင်းမြို့ အမှတ် ၃ ရဲစခန်းနှင့် စည်ပင်ရုံးကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ အမှတ် ၃ ရဲစခန်းနဲ့ စည်ပင်ရုံးကို ဒီနေ့ မတ်လ ၁၀ ရက် မနက်အစောပိုင်းက လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Eagle Revolutions Force local တပ်ပေါင်းစုထံက သိရပါတယ်။
Read More

BGF က ကျားဖြန့်များကို အပြီးသတ်နှိမ်နင်းတော့မည်ဟု သတင်းလွှင့်အပြီး ရွှေကုက္ကိုလ်မြို့သစ်မှ ကျားဖြန့်များ အစုလိုက်အပြုံလိုက် ထွက်ပြေး (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်က ကျားဖြန့်တွေကို အပြီးသတ်နှိမ်နင်းတော့မယ်လို့ BFG နိုင်မောင်ဇော်က ထိုင်းသတင်းဌာနတွေကို ဖြေကြားအပြီး ကျားဖြန့်တွေ  အစုလိုက်အပြုံလိုက် ထွက်ပြေးလျက်ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ထော်သာရွာစခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးမိတဲ့ စစ်သုံ့ပန်းတွေ သတ်ဖြတ်ခံရကြောင်း စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်မှုအပေါ် အမှတ် (၁)စစ်ဒေသဖြေရှင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း မော်လိုက်ခရိုင် မော်လိုက်မြို့နယ်ရှိ ထော်သာရွာရှိ စစ်ကော်မရှင်ရဲ့ စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးမိတဲ့ စစ်သုံ့ပန်းတွေ သတ်ဖြတ်ခံရကြောင်း ဝါဒဖြန့်မှုအပေါ် NGU ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသမှာ ကာယကံရှင်စစ်သုံ့ပန်း၊ ထောက်သာရွာဒေသခံတွေရဲ့ ဖြေရှင်းချက်နဲ့အတူ ထုတ်ပြန်ခဲ့ပါတယ်။