စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ် စည်ပင်ရုံးအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၂၅ ရက် ဒီနေ့ မနက်အစောပိုင်းမှာ လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိနိုင်တယ်လို့ လမ်းသွားပြည်သူတွေထံက သိရပြီး အကြမ်းဖက်စစ်သားတွေက စစ်ကိုင်းမြို့အတွင်း အိမ်စီးကားနဲ့ လုံခြုံ‌ရေးကင်းပတ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဲဒီမစ်ရှင်ကို ဗိုလ်တေဇာမဟာမိတ်အဖွဲ့နဲ့ ဗိုလ်လက်သီးစစ်ကိုင်း UGတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

လင်းဇင်းရဲစခန်းနဲ့ ကံပြားရဲစခန်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ အုန်းတော်ရွာအနီး လင်းဇင်းရဲစခန်းနဲ့ ကံပြားရဲစခန်းကနေ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းတို့  ဇန်နဝါရီ ၁၁ ရက် နေ့လည်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 
Read More

ကျရာတာဝန် ထမ်းဆောင်ရင်း ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့အတွက် ဆုတောင်းပေးခဲ့ကြသည့် ရဲဘော်များ (ရုပ်/သံ)

ဒီနေ့ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အတွက် မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်းက ရဲဘော်တွေဟာ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင်း မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ်။
Read More

ဖလမ်းမြို့ရှိ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရှင်းလင်းခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရှင်းလင်းခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင်ကို ကလေးဒေသတော်လှန်ရေးတပ် (KRF) က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ထားဝယ်မြို့ ဝန်ကြီးအိမ်ရာ၊ ရေဖြူမြို့ရဲစခန်းနှင့် ခလရ ၁၀၄ တပ်ရင်းတို့ကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်မြို့ ဝန်ကြီးအိမ်ရာ၊ ရေဖြူမြို့ရဲစခန်းနဲ့ ခလရ ၁၀၄ တပ်ရင်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ် စခန်းကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို Dawei Guerrilla Revolutionary Force - DGRF က ထုတ်ပြန်ထားပါတယ်။
Read More

ဝန်းသိုမြို့နယ် ပကဖ ထုတ်လုပ်ထားတဲ့ မောင်းသူမဲ့လေယာဉ်ငယ်ကို ထုတ်ပြန်ပြသ (ရုပ်/သံ)

ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပ.က.ဖ က အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်မှာ အသုံးပြုနိုင်ဖို့ ထုတ်လုပ်ထားတဲ့ မောင်းသူမဲ့လေယာဉ်ငယ်ကို ပြည်သူလူထူထံ ထုတ်ပြန်ပြသလိုက်ပါတယ်။