ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ သမိုင်းဝင် ခြံအမှတ် (၅၄) ကို ထပ်မံ ဈေးလျှော့ကာ လေလံပစ်ဖို့ ကမာရွတ် တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

ဦးအောင်ဆန်းဦးဘက်က တင်ပြထားတဲ့ လျှော့စျေးအတိုင်း ကျပ် ၂၇၀ ဘီလီယံနဲ လေလံတင်ရောင်းချဖို့ ကမာရွတ်တရားရုံးက ဒီနေ့ မတ်လ ၂၅ ရက်ရုံးချိန်းမှာ ဆုံးဖြတ်လိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကတော့ လေလံစျေးကို လျှော့ချရောင်းချမယ့်အပေါ် တရားရုံးမှာ ကန့်ကွက်ခဲ့ပါသေးတယ်။ 

အဆိုပါ ခြံကို ၃ ကြိမ်တိတိ လေလံတင်ရောင်းချခဲ့ပေမယ့်  ဝယ်ယူသူမရှိခဲ့တာကြောင့်  ကျပ် ဘီလျံ ၂၇၀ သို့ လျှော့ချရောင်းဖို့ တရားရုံးကို ဦးအောင်ဆန်းဦးဘက်က တင်ပြခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် ၅၄ လို့ ကျော်ကြားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ အိမ်ကို ကျပ်ငွေ ၃၁၅ ဘီလီယံနဲ့ တစ်ကြိမ်၊ ၃၀၀ ဘီလီယံနဲ့ တစ်ကြိမ် လေလံတင်ရောင်းချခဲ့ပြီး တတိယအကြိမ်မှာ ၂၉၇ ဘီလျံနဲ့ လေလံတင် ရောင်းချခဲ့ပေမယ့် ၃ကြိမ်တိုင်တိုင် ဝယ်ယူသူ မရှိခဲ့ပါဘူး။

ခြံအမှတ် ၅၄ ရဲ့ ဧရိယာအကျယ်အဝန်းဟာ ၁.၉၂၃ ဧက ကျယ်ဝန်းပြီး စတုရန်းပေ ၈၃၇၆၅.၈၈ ပေ ရှိကာ မြန်မာ့လွတ်လပ်ရေးကို အရယူပေးခဲ့သူ ဗိုလ်ချုပ်အောင်ဆန်းရဲ့  ဇနီးဖြစ်သူ ဒေါ်ခင်ကြည် အမည်ပေါက် ဖြစ်ပါတယ်။ 

ခြံအမှတ် (၅၄) နေအိမ်ဟာ သမိုင်းဝင် အမွေအနှစ်တစ်ခုဖြစ်တဲ့အတွက် တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ရမှာဖြစ်တာကြောင့် လေလံတင် ရောင်းချမှုကို တော်လှန်ရေးအင်အားစုတွေက အတိအလင်း ကန့်ကွက်ထားပြီး ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

TNLA နှင့် MNDAA အပါ တော်လှန်ရေးအင်အားစုများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများဟာ ရှမ်းပြည်သူတစ်ရပ်လုံးကို ကိုယ်စားမပြုကြောင်း သျှမ်းလူငယ်ကွန်ဂရက် (DYC) ပြော

ရှမ်းပြည်နယ်ထဲက မြို့တွေမှာ TNLA၊ MNDAA အပါအဝင် တော်လှန်ရေးအင်အားစုတွေကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲတွေ လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့လုပ်ရပ်ဟာ ရှမ်းပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒ မပါဝင်ဘဲ လူမျိုးစုအချင်းချင်းကြား ပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်လုပ်ဆောင်နေတာဖြစ်တယ်လို့ သျှမ်းလူငယ်ကွန်ဂရက် Dai Youth Congress (DYC) တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

စာသင်ကျောင်းမှာ ‘ကျောင်းဆရာဆရာမများ စာသင်ရပ်ရန်’ ဆိုပြီး စာကပ်သွားလို့ အုပ်ကြီးက စစ်တပ်ကိုလှမ်းတိုင်၊ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ဒေသခံတွေ ထွက်ပြေးရ

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ မင်းပြားကျေးရွာစာသင်ကျောင်းမှာ ကျောင်းဆရာဆရာမများ စာသင်ရပ်ရန် ဆိုတဲ့ စာလာကပ်ထားလို့ဆိုပြီး အုပ်ချုပ်ရေးမှူးက ဓာတ်ပုံရိုက်ကာ အကြမ်းဖက်စစ်တပ်ကို အကြောင်းကြားခဲ့လို့ စစ်တပ်က ကား ၂စီးနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံတွေလည်း ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။
Read More

မြင်းခြံ သံမဏိစက်ရုံကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁၅ ဦး သေဆုံးဟု ဆို

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ သံမဏိစက်ရုံကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း များပြားတယ်လို့ Myingyan District Battalion - 2 ထံက သိရပါတယ်။ 
Read More

စစ်ဆင်ရေး ၁ နှစ်ပြည့်ချိန် မြို့ပေါင်း ၁၂ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီ အလုံးစုံချုပ်ငြိမ်းရေး လုပ်ဆောင်နေတယ်လို့ AA ထုတ်ပြန်

အမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်စခန်း ၈ ခုကို သိမ်းပိုက်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် ကျန်ရှိတပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ ရခိုင့်တပ်တော် AA က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

တိုက်ပွဲများ ဟင်္သာတခရိုင်အတွင်း ရောက်ရှိနေပြီဖြစ်၍ ပြည်သူများ သတိရှိစွာနေထိုင်ကြပါရန် ဟင်္သာတ ပအဖ ထုတ်ပြန်

ဧရာဝတီတိုင်းအတွင်း ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေဟာ ဟင်္သာတခရိုင်အတွင်း ရောက်ရှိနေပြီဖြစ်လို့ ပြည်သူများ သတိရှိစွာနေထိုင်ကြဖို့ ဟင်္သာတမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
Read More

အာသံအကျဉ်းထောင်အတွင်း ချင်းလူငယ်တွေ ရုပ်ပိုင်း၊ စိတ်ပိုင်း အခြေအနေတွေကြောင့် အစာငတ်ခံဆန္ဒပြမှုကို ရပ်နား

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မှာ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ ချင်းလူငယ် ၃၂ယောက်ရဲ့ အစာငတ်ခံဆန္ဒပြမှုဟာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေကြောင့် ရပ်နားထားကြောင်း India For Myanmar တာဝန်ရှိသူ ဆလိုင်းဒိုရ်ခါက မောင်းကို ပြောပါတယ်။