ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည် တစ်သန်းခွဲနဲ့ သူတို့အိမ်ရှင်တွေအတွက် အခုနှစ်အတွင်း ကယ်ဆယ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါး တောင်းခံထားကြောင်း ကုလသမဂ္ဂက မတ်လ ၂၄ ရက်မှာ ကြေညာခဲ့ပါတယ်။ 

ကုလသမဂ္ဂနဲ့ မိတ်ဖက် ၁၀၀ ကျော်တို့က ရိုဟင်ဂျာ အကျပ်အတည်းအတွက် ၂၀၂၅-၂၆ နှစ်နှစ်စာ ပူးတွဲတုံ့ပြန်ရေးစီမံချက်ကို စတင်ခဲ့ပြီး ပထမနှစ်အတွက် ဒေါ်လာ ၉၃၄.၅ သန်း တောင်းခံထားတာပါ။ 

“၈ နှစ်တာ ကာလအတွင်း ရိုဟင်ဂျာ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှု အများအပြား ရရှိနေဆဲဖြစ်ပေမယ့် လိုအပ်ချက်တွေကတော့ အရေးတကြီးရှိနေဆဲပဲ” လို့ ကုလသမဂ္ဂက ထုတ်ပြန်ချက်မှာ ပြောပါတယ်။ 

အဆိုပါ စီမံချက်ကို ဂျနီဗာမှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး နိုင်ငံခြားအကူအညီတွေ ရုတ်ချည်းဖြတ်တောက်တာက အသက်အန္တရယ်ထိခိုက်စေနိုင်ကြောင်း ကုလသမဂ္ဂရဲ့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ နိုင်ငံတကာအဖွဲ့ အကြီးအကဲ မစ္စ အေမီပုပ်က ပြောပါတယ်။ 

“အဖွဲ့အစည်းတွေ အနေနဲ့ ဖြတ်တောက်ခံရရင် ရိုဟင်ဂျာတွေအနေနဲ့ မစားရဘူး ဒါမှမဟုတ်လည်း အကာအကွယ်မရတော့ဘူး၊ ကယ်ဆယ်ရေးအတွက် အခြေခံလိုအပ်ချက်တွေ မပြည့်မီတော့ဘူး” လို့ ပုပ်က ဆိုပါတယ်။ 

၂၀၂၅ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ကော့ဘဇား Ukhia ရှိ ဒုက္ခသည်စခန်းသို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (António Guterres) သွားရောက်လည်ပတ်ချိန် ရိုဟင်ဂျာဒုက္ခသည်များ စုဝေးရောက်ရှိနေစဉ် (AFP ဓာတ်ပုံ)

ရိုဟင်ဂျာတွေ ဘေးကင်းစွာ နေရပ်ပြန်နိုင်မယ့် အခြေအနေတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ဖန်တီးဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း သူမက ဆိုပါတယ်။ 

“လူတွေမှာ မျှော်လင့်ချက်နဲ့ အခွင့်အလမ်းတွေ ဆုံးရှုံးလိုက်တဲ့အခါ ပိုပြီး စိတ်ပျက်အားငယ်စရာ အခြေအနေတွေ ဖြစ်လာတယ်” “ပြဿနာကလည်း အများကြီး ပိုဆိုးလာနေပါပြီ” လို့ ပုပ်က ပြောပါတယ်။ 

ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း ကော့စ်ဘဇာခရိုင်တဝိုက်မှာ လူဦးရေ ထူထပ်စွာ အခြေချနေထိုင်ရတဲ့ ရိုဟင်ဂျာတွေဟာ အကူအညီတွေကို မှီခိုနေရပြီး အာဟာရချို့တဲ့မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ခံစားနေရတယ်လို့ သိရပါတယ်။ 

ကုလသမဂ္ဂ အကြီးအကဲ မစ္စတာ အန်တိုနီယို ဂူတာရက်စ် ကလည်း ယခုလ အစောပိုင်းမှာ အဆိုပါဒေသကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ 

ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် အကြိုလိုအပ်ချက်ဖြစ်တဲ့ ရခိုင်ဒေသအတွင်း စစ်ရေးတိုက်ခိုက်မှုတွေ ရပ်စဲဖို့ဟာ ဖြစ်နိုင်ခြေရှိတဲ့အနေအထားမှာ ရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်အဆင့်မြင့်ကိုယ်စားလှယ် မစ္စတာ ခလီလာရာမန်က ပြောပါတယ်။ 

“လှိုင်ခေါင်းအဆုံးမှာ လျှပ်တပြက်အလင်းတချို့ ရှိနေတာကို သတိထားပြီး အကောင်းမြင်စိတ်နဲ့ ကြည့်နေပါတယ်” လို့ သူကပြောဆိုပြီး အလှူရှင်တွေအနေနဲ့ နောက်ဆုတ်လိုက်ဖို့ အချိန်ကောင်းမဟုတ်နေဘူးလို့ ဆက်ပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ အကြီးအကဲ မစ္စတာ ဖီလစ်ပိုဂရန်ဒီကတော့ အဆုံးစွန်အနေနဲ့ “ဖြေရှင်းချက်က မြန်မာပေါ်မှာ မူတည်တယ်” ပြီးတော့ အခြေအနေကလည်း “အဖြေတစ်ခုရဲ့ အစအတွက် တံခါးဖွင့်ပေးနိုင်တဲ့” လမ်းတွေဆီကို ရွေ့လျားနေပြီလို့ ဆိုပါတယ်။

မူရင်းသတင်း – UN seeks nearly $1bn in aid for 1.5m Rohingyas in Bangladesh camps

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ ရုရှားထုတ် Shahed drone ပုံစံကွဲ အသေခံဒရုန်း ၁ စင်း ထိုင်းနိုင်ငံအတွင်း ပျက်ကျ

ထိုင်းနိုင်ငံ၊ ထာ့ဆောင်ယန်းမြို့နယ်ထဲမှာ စစ်ကောင်စီ အသုံးပြုတဲ့ ရုရှားထုတ် Shahed Drone နဲ့ ပုံစံတူ အသေခံဒရုန်းတစ်စင်း ပျက်ကျနေတာကို ထိုင်းစစ်တပ်က သိမ်းဆည်းရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဇူလိုင်လ ၂၂ ရက် ဒီနေ့မှာ သတင်းဖော်ပြပါတယ်။
Read More

ထရမ့်ရဲ့ အခွန်တိုးကောက်ကြောင်း ပေးပို့စာဟာ လူရာဝင်ချင်တဲ့ မင်းအောင်လှိုင်အတွက် အကောင်းဆုံးသတင်းစကား ဖြစ်နေပြီး၊ ၄င်းရဲ့ တုန့်ပြန်မှုက နိုင်ငံတကာမှာ ဟာသသဖွယ် ဖြစ်နေ

ကမ္ဘာ့ခေါင်းဆောင်အများစုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဆီက ပေးပို့လာတဲ့ အခွန်တိုးမြှင့် ကောက်ခံစာတွေဟာ ခေါင်းကိုက်စရာ ဖြစ်နေတာကတော့ အမှန်ပါ။
Read More

စစ်အုပ်စုနှင့် လက်ဝေခံများ ကျားဖြန့် ရပ်ဝန်းများ ကျယ်ပြန့်အောင် လုပ်ဆောင်ကာ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလတွင် တင်ပြ

အာဏာသိမ်း အကြမ်းဖက်စစ်တပ်နဲ့ သူ့ရဲ့ လက်ဝေခံတွေဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ပိုမိုကျယ်ပြန်အောင် လုပ်ဆောင်နေပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
Read More

ဆန်ဖရန်စစ္စကို မြို့တော်ခန်းမရှေ့မှ ၁၆၁ ကြိမ်မြောက် မြေပြင်လူထုသပိတ်တိုက်ပွဲ

အ​မေရိကန်ပြည်​ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ရဲ့ မြို့တော်ခန်းမရှေ့မှာ ၁၆၁ ကြိမ်မြောက် မြေပြင်လူထုသပိတ်တိုက်ပွဲအဖြစ် ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းအောင်လှိုင်၏ ရုရှားခရီးစဉ် စတင်၊ မတ်လ ၄ ရက်နေ့တွင် ပူတင်နှင့် တွေ့ဆုံမည်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဒုတိယအကြိမ်မြောက် ရုရှားနိုင်ငံခရီးစဉ်အဖြစ် ဒီနေ့ မတ်လ ၃ ရက်မှာ နေပြည်တော်လေဆိပ်ကနေထွက်ခွါသွားပြီ ဖြစ်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်လုပ်ငန်းများကနေ နိုင်ငံပေါင်း ၂၈ နိုင်ငံမှ လူပေါင်း ၇၁၀၀ ကျော်ကို ထိန်းသိမ်းထားကြောင်း BGF ပြော

ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုတွေကနေ  ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ  နိုင်ငံပေါင်း (၂၈) နိုင်ငံက လူပေါင်း ၇၁၀၀ ကျော်ကို ထိန်းသိမ်းထားတယ်လို့ ကရင်နယ်ခြားစောင့်တပ် BGF ဒုတိယ ဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောပါတယ်။