မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခုက္ကူမြို့ကနေ ပခန်းမြို့ကို စစ်ကူသွားတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အနည်းဆုံး ၁၄ ယောက် သေဆုံးသွားတယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့၊ ညနေ ၃ နာရီ ဝန်းကျင်အချိန်မှာ ဂျမ်မာတပ်ဆင်ထားတဲ့ ကျည်ကာကားနဲ့ စစ်ကူသွားတဲ့ အင်အား ၂၀ ဝန်းကျင်ရှိ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ခိုက်စဉ်မှာ တော်လှန်ရေးရဲဘော်တွေဘက်က ပစ်လွှတ်လိုက်တဲ့ RPG ဟာ အဆိုပါ ကားတည့်တည့်ကို ထိမှန်သွားပြီး ပြင်းထန်စွာ ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် နောက်ထပ် ၄၀ မမ ဗုံးသီး ၃လုံး ကိုလည်း ကားနောက်ဖင်အတွင်းဝင်အောင် ပစ်ခတ်နိုင်ခဲ့ပြီး တပြိုင်နက် လက်နက်ငယ်တွေနဲ့ပါ ကျည်ကာကားရဲ့ ရှေ့ခေါင်း နောက်ဖင်ကို အပြိုင်ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

Southern YSO PDF ရဲဘော်များ

တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၁၀၁ တပ်က တပ်ကြပ်ကြီးနိုင်လင်း၊ ၂၃၅ တပ်က တပ်ကြပ်ကြီး နေဝင်း အပါအဝင် အနည်းဆုံး ၁၄ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

“တကယ်ဆို မျက်မြင်က ဒီထက်ပိုများပါတယ်။ ဖရဲသီးသတင်းတွေအရ ချင့်ရေးထားရတာပါ” လို့ ရဲဘော် အောင်မောင်းက ဆိုပါတယ်။ 

အဲဒီနောက် ကျည်ကာကားကို စီးနိုင်လုအချိန်မှာ  Southern YSO ရဲ့ စစ်ကြောင်းမှူးဖြစ်သူက လက်နက် error ကြောင့် ပြင်းထန်ဒဏ်ရာရကာ အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။ 

“တိုက်ပွဲအနီးမှာက GTC နဲ့ ပန်းတိုင်းခြုံခွေးဂိတ်ရှိတယ်။ အဲ့၂ခုက မီတာ ၁၀၀၀ပဲဝေးတာ။ ရဲဘော် အခြေအနေက သေနိုင်တာမို့ နောက်ဆုတ်ခဲ့တယ်။ စခတွေကတော့ နောက်တစ်နာရီခွဲလောက်မှ စစ်ကူရောက်လာတယ်။ ရဲဘော်ကတော့ သက်သာလာပါပြီ” လို့ ဆိုပါတယ်။ 

အဆိုပါ တိုက်ခိုက်မှုကိုတော့ Southern Local တပ်ပေါင်းစုဖြစ်တဲ့ Southern YSO PDF၊ ပြည်သူ့အားမာန် PDF၊ Yesagyo Revolution Group(YRG)၊ ဒေါင်းညီနောင်၊ ဒေါင်းစစ်သည်၊ King Cobra နဲ့ ရေစကြိုမြို့နယ် ပလဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

ကြို့ပင်ကောက်ကရွာတွေကို စစ်ကောင်စီစစ်ကြောင်းထိုး မီးရှို့နေ

ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဘိုကလေးမြို့နယ်အတွင်း ခိုးဆိုးလုနှိုက်တွေနဲ့ ထောင်ထွက်တွေကို အကြမ်းဖက်စစ်တပ်က စစ်သင်တန်းနဲ့ လက်နက်ငယ်သင်တန်း ပို့ချနေ

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်ထဲက ခိုးဆိုးလုနှိုက် လုပ်နေသူတွေနဲ့ ရာဇဝတ်မှုတွေကြောင့် ထောင်ကျထားပြီး ထောင်ကပြန်လွှတ်ပေးလိုက်တဲ့သူတွေကို အကြမ်းဖက်စစ်တပ်က စစ်သင်တန်းနဲ့ လက်နက်ငယ် ပစ်ခတ်မှုသင်တန်းတွေ ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

MDY-PDF စိုးမိုးနယ်မြေမှ သီတင်းကျွတ် လပြည့်ည (ဓာတ်ပုံသတင်း)

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

လားရှိုးမြို့ကို စစ်ကောင်စီက ဒီမနက် လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် - MNDAA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၂ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းမှာ ပျူခေါင်းဆောင် ရွှေကျားနဲ့အဖွဲ့ ပစ်ခတ်ရှင်းလင်းခံရပြီးတဲ့​နောက် စစ်ကောင်စီက လက်ပံရွာကို စစ်ကြောင်းဝင်မီးရှို့ဖို့ ခြိမ်းခြောက်ကြိမ်းဝါးနေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ ပျူစောထီးခေါင်းဆောင် ရွှေကျားဦးဆောင်တဲ့အဖွဲ့နဲ့ လက်ပံရွာ အုပ်ချုပ်ရေးမှူးဖြစ်သူတို့ ပစ်ခတ်ရှင်းလင်းခံရပြီးတဲ့​နောက် စစ်ကောင်စီက လက်ပံရွာကို စစ်ကြောင်းထိုး မီးရှို့ဖို့ရှိနေပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီ၏ ဝင်ငွေရလမ်းများကို ဖြတ်တောက်ပိတ်ဆို့ဖို့ ILO အကြို ကနဦး ဆုံးဖြတ်ချက်အပေါ် အလုပ်သမားအဖွဲ့အစည်းများ ကြိုဆို

စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ပုဒ်မ ၃၃ အရ ပိတ်ဆို့အရေးယူပြီး ဝင်ငွေရလမ်းဖြတ်တောက်ဖို့ အကြိုကနဦး ဆုံးဖြတ်လိုက်တဲ့ အပေါ် ကြိုဆိုတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က ထုတ်ပြန်လိုက်ပါတယ်။