ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ လယ်မအင်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိသွားတယ်လို့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ (နတ်စစ်သည်တပ်ဖွဲ့) ထံက သိရပါတယ်။

မနေ့က မတ်လ ၂၄ ရက်၊ မနက် ၈နာရီအချိန်မှာ လယ်မအင်းကျေးရွာကို အင်အား ၇၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ (နတ်စစ်သည်တပ်ဖွဲ့) နဲ့ တပ်ခွဲ ၄ BRA တပ်ဖွဲ့တို့ အလစ်အငိုက် ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“မနက်ပိုင်းက စစ်သား ၅ယောက် ကင်းပုန်း စောင့်နေတာကို အလစ်ငိုက်ဖမ်း အနီးကပ် ဝင်ရောက် တိုက်ခိုက်တာမှာ ၃ ဦးသေပြီး ၂ ဦးဒဏ်ရာရသွားတယ်” လို့ နတ်စစ်သည်တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

နတ်စစ်သည်တပ်ဖွဲ့ဝင် ရဲဘော်များ

အဲဒီနောက် စစ်ကောင်စီတပ်သားတွေဟာ ပြန်လည်ဆုတ်ခွါမသွားသေးဘဲ ည ၇ နာရီဝန်းကျင်အချိန်မှာ တော်လှန်ရေးရဲဘော်တွေ ထောင်ထားတဲ့ မိုင်းကွင်းထဲ ဝင်ရောက်ကာ လက်နက်ကြီး ပစ်ခတ်ဖို့ ပြင်ဆင်နေချိန် မိုင်းဆွဲတိုက်ခိုက်ရာ နောက်ထပ် စစ်သား ၃ ယောက် ထပ်မံသေဆုံးသွားတယ်လို့ သိရပါတယ်။

“စုစုပေါင်း သေတာက ၆ ဦး ဟုတ်ပါတယ်။ အလောင်းတွေကို ပြန်သယ်သွားကြပါတယ်။ ကားနဲ့ ပို့တယ်လို့ ပြန်ကြားပါတယ်” လို့ ဆိုပါတယ်။

အဲ့လို မိုင်းဆွဲတိုက်ခိုက်ပြီးနောက်မှာတော့ အကြမ်းဖက်စစ်ကြောင်းဟာ ပျဉ်ပုံရွာကို ပြန်လည် ဆုတ်ခွါသွားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်ထုတွင် စစ်ရှောင်စခန်း ၂ ခုကို  အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်ရာ စစ်ရှောင်သက်ကြီးပိုင်းအမျိုးသား ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ 

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထု တိုက်နယ်အတွင်း စစ်ရှောင်စခန်း နေရာတွေကို စစ်အုပ်စုက ဒီနေ့ ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းမှာ လေယာဥ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၆၀ ကျော်အရွယ် အမျိုးသားတယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာ ရထားတယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီက မောင်းကို ပြောပါတယ်။
Read More

ဖလမ်းအနောက်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများ ရှိ၊ သုံ့ပန်း၂ ဦးနှင့် လက်နက်များရရှိထားဟု CNDF ပြော

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ဇန်နဝါရီလ ၃ ရက်နေ့ ညပိုင်းက တိုက်ပွဲဖြစ်ပွားပြီး စစ်ကော်မရှင်တပ်သား၂ ယောက် အရှင်ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က မောင်းကို ပြောပါတယ်။
Read More

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် ကြေညာထားသည့် စစ်ကောင်စီ နောင်ချိုမှာ ဒရုန်း၊ ဂျက်ဖိုက်တာများဖြင့် လာရောက်ဗုံးကြဲ

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာထားပေမယ့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ တောင်လှရွာနဲ့ ဂေါ်ရခါးရွာကို ဒရုန်း၊ ဂျက်ဖိုက်တာတို့နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုကုမ္ပဏီတွေကို ကြီးကြပ်ဖို့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဦးဆောင်မည်

အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းမယ့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီမှာ စစ်ကောင်စီရဲ့  ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ပေါက်နဲ့ ကမ္မမှာ စစ်အုပ်စုတွေ ဒရုန်းနဲ့ရော စနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ခံရ၊ စစ်သား ၁ ဦး သေပြီး ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်နဲ့ ကမ္မမြို့နယ်တွေက စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ရော စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက်သေဆုံးခဲ့တယ်လို့ King Fighter SGF အဖွဲ့တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကျောက်တော်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိ…

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့က လူနေရပ်ကွက်နဲ့ စျေးကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ရက္ခိုင့်တပ်တော် AA က ဒီနေ့ ထုတ်ပြန်ပါတယ်။