ကချင်ပြည်နယ်၊ ဗန်းမော်တိုက်ပွဲအတွင်း အမှတ် ၃ ဝန်တင်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြင့်ထွေးက တပ်သားတွေကို စစ်ဆင်ရေး စရိတ်နဲ့ လစာတွေ မပေးဘဲ စစ်တိုက်ခိုင်းကြောင်း ဝန်တင်တပ်ရင်းကနေ အလင်းဝင်လာတဲ့ လုပ်သက်ရင့် တပ်ကြပ် ၃ ယောက်က ပြောခဲ့ကြပါတယ်။

“တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မြင့်ထွေးကတော့ စစ်သည်တွေကို ပြန်လှည့်ကြည့်တာ ဘာညာ မရှိဘူး။ တိုက်ပွဲနေရာ ပါသွားတဲ့ သူတွေကို ၁၀ လပိုင်း၊ ၁၁ လပိုင်း လစာတွေလည်း လုံးဝပြန်မပေးဘူး။ အထက်က ဖြတ်ခိုင်းတယ်လို့ ပြောတယ်။ ၃ လပိုင်းရတယ်။ ၅ လပိုင်း မရဘူး။ ၇ ၊ ၈ ၊ ၉ ရတယ်။ ဒါပေမယ့် ဗန်းမော်မှာ နေလို့ရှိရင် ရှေ့တန်းစခန်း ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ကို ရှေ့ထွက်စရိတ် စစ်ဆင်ရေးလုပ်တဲ့ စရိတ် ပေးတယ်။  ခုနောက်ပိုင်း မရတော့ဘူး။ တိုင်းကနေ ချပေးတာ ရှိတယ်။ တစ်ရက်ကို ၁၂၀၀ စစ်ဆင်ရေး နေ့တွက် စရိတ်ပေးတယ်။ အဲဒါလည်း မရဘူး” 

0 Shares:
You May Also Like
Read More

Loikaw Local PDF ထံသို့ လက်နက်နှင့် အလင်းဝင်ရောက် ခိုလှုံခဲ့သည့် တပ်သား မျိုးသက်ဦး၏ ရင်ဖွင့်စကားသံ (ရုပ်/သံ)

"အိမ်ကို စာရောက်လာတယ်၊ မဲပေါက်တယ်ဆိုပြီးတော့၊ အိမ်ကလည်း အရမ်းစိုးရိမ်တယ်။ လာပြီး ခြိမ်းခြောက်တယ်၊ အိမ်ကို ချိတ်ပိတ်မယ်၊ မလိုက်လို့ရှိရင် ဖမ်းမယ်ဆိုပြီး မိဘတွေကို ခြိမ်းခြောက်တယ်။ အဲဒါနဲ့ ဒီဘက်ကို ရောက်လာတာပါ''
Read More

ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်းဆင်း ရဲဘော်တွေရဲ့ သင်တန်းကာလ အတွေ့အကြုံတွေနဲ့ လက်ရှိတာဝန်အပေါ်ခံယူချက် (ရုပ်/သံ)

ကျောင်းသားလက်ရုံးတပ်တော် (Student Armed Force (S.A.F)) ရဲ့ အခြေခံပညာသင်တန်းဆင်း ကုန်ထုတ်လုပ်မှုဌာနက ရဲဘော် ပီကာချူးနဲ့ စစ်ဆင်‌ရေးဌာနက ရဲဘော်ပေါက်စတို့ဟာ သင်တန်းကာလအတွေ့အကြုံတွေနဲ့ လက်ရှိတာဝန်အပေါ် ခံယူချက်တွေကို အခုလိုပဲ ပြောပြခဲ့ပါတယ်။
Read More

မုံရွာခရိုင် အမှတ်(၁) တပ်ရင်းထံ ပြည်သူ့စစ် ၂ ဦး အလင်းဝင် (ရုပ်/သံ)

တပ်မ ၆၆ လက်အောက်ခံ၊ ခမရ (၄) က အလင်းဝင်လာတဲ့ ပြည်သူ့စစ် ၂ ယောက်နဲ့ တွေ့ဆုံမေးမြန်းထားတဲ့ ရုပ်သံဖိုင်ကို မုံရွာခရိုင် အမှတ် (၁) တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

ဗျူဟာစခန်းသိမ်းတိုက်ပွဲတစ်ခုမှာ လက်နက်ချခဲ့တဲ့ စစ်ဆင်​ရေး (G-2) အဆင့်ရှိ ဗိုလ်မှူး ​အောင်မျိုးထက်

'တပ်မတော်ကို သစ္စာဖောက်တာမဟုတ်ဘဲနဲ့ ကျနော်တို့ကတော့ ပြည်သူလူထုနဲ့ ပူးပေါင်းပါဝင်တယ်လို့ပဲ ထင်မြင်ယူဆပါတယ်။ ပြည်သူလူထုရဲ့ မေတ္တာကို ရရှိတယ်လို့လည်း ပြန်ကြားရတဲ့အတွက်ကိုလည်း အတိုင်းမသိ ဝမ်းသာရပါတယ်'
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ (၅၅) လက်အောက်ခံ ခမရ (၅၁၁) တပ်သား- သန်းအောင်၏ ပြောကြားချက် (ရုပ်/သံ

''အိမ်ကိုလည်း လွမ်းတယ်။ မိသားစုကိုလည်း လွမ်းတယ်။ တပ်ထဲမှာလည်း အဆင်မပြေဘူး။ ထိုးကြိတ်ခံရတာတွေ ဖိနှိပ်ခံရတာတွေရှိတယ်။ ဘာတွေတိုက်နေရတာလဲ ရည်ရွယ်ချက်ကိုမသိဘူး။ ဒါကြောင့် တော်လှန်ရေးအဖွဲ့ထဲ ဝင်လာခဲ့တာဖြစ်တယ်။ ဒီမှာအားလုံးအဆင်ပြေပါတယ်။ သူငယ်ချင်းတွေကိုလည်း တော်လှန်ရေးအဖွဲ့အစည်းမှာ လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အရာရှိတွေပြောသလို ဒီမှာသတ်မယ်၊ ဖြတ်မယ်ဆိုတာ တကယ်မဟုတ်ပါဘူး''
Read More

ကရင်ပြည်နယ်၊ ဗျူဟာစခန်းသိမ်းတိုက်ပွဲတစ်ခုမှာ လက်နက်ချခဲ့တဲ့ ဦးစီးအရာရှိ တတိယတန်း (G-3) တပ်​ထောက် ဗိုလ်ကြီး ရှိုင်းထက်​အောင် (ရုပ်/သံ)

''လက်နက်ချအညံ့ခံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကနေ ကျနော်တို့ ဒီလိုလုပ်ခဲ့တဲ့ လုပ်ရပ်ကို တပ်မတော်အပေါ် သစ္စာဖောက်တယ်လို့ သတ်မှတ်တယ်ပေါ့။ ကျနော်တို့ အဓိက သစ္စာစောင့်သိရမှာက ကျနော်တို့ ပြည်သူလူထုရဲ့အပေါ်ကိုပဲ သစ္စာစောင့်သိရမှာပေါ့နော်။ ကျနော်တို့ ဒီလိုလက်နက်ချအညံ့ခံပြီးတဲ့နောက်မှာ ကျနော်တို့ ဒီဘက်က ပြည်သူလူထုကလည်း နွေးထွေးစွာ ကြိုဆိုတယ်။ အဲ့အတွက်ကြောင့်မို့လို ကျနော်တို့ ဒီလိုလုပ်ခဲ့တဲ့ ရွေးခဲ့တဲ့ လမ်းကတော့ ကျနော့်အနေနဲ့ကတော့ မမှားဘူးလို့ ထင်ပါတယ်''