တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်က ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ် လမ်းကင်းထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်မှူးအဆင့် ၁ ယောက်အပါအဝင် အယောက် ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

မတ်လ ၂၄ ရက် မနက်ပိုင်းက ရေဖြူမြို့နယ်၊ ညင်းထွေးကျေးရွာနဲ့ ကျောက်ကညှာကျေးရွာကြား အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ် လမ်းကင်းထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့် ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား အယောက် ၂၀ ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဆီက RPG 7 တစ်လက်၊ MA 3 ၁ လက်၊ MA 4 ၁ လက်၊  MA 1 ၂ လက်နဲ့ ဆက်စပ်ခဲယမ်းပစ္စည်းအချိူ့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူအများအပြား အသုံးပြုခဲ့သလို စက်တပ်လေထီး Paramotor တစ်စီးနဲ့ပါ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်း ဦးဆောင်မှုနဲ့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးအရှိန်မြှင့် လုပ်ဆောင်နေတာကြောင့် ပြည်သူတွေ စစ်ရေး အထူးသတိပြု သွားလာနေထိုင်ဖို့နဲ့ ပြည်သူ့ဘက် ရပ်တည်လိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း အမြန်ဆုံး အလင်းဝင် ခိုလှုံဖို့ ဒူရကစစ်ကြောင်းက အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်း − မြန်မာနယ်စပ် ငါးရံ့နီစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ ငါးရံ့နီစခန်းက စစ်ကောင်စီတပ်သားတွေဟာ ဇွန်လ ၁၂ ရက်နေ့မှာ စခန်းကို စွန့်ခွာထွက်ပြေးသွားတယ်လို့ တပ်မဟာ (၄) မြိတ်−ထားဝယ်ခရိုင်အတွင်းရေးမှူးက မောင်းကို ပြောပါတယ်။
Read More

MDY-PDF စိုးမိုးနယ်မြေအတွင်း လူထုတွေ့ဆုံပွဲများနှင့် လေကြောင်းရန် ကာကွယ်ရေး အသိပညာမျှဝေပွဲများ ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ထိန်းချုပ်စိုးမိုးနယ်မြေတွေမှာ လူထုတွေ့ဆုံပွဲတွေနဲ့ လေကြောင်းရန် ကာကွယ်ရေးအသိပညာမျှဝေပွဲတွေ ပြုလုပ်ခဲ့တယ်လို့ MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တစ်နိုင်ငံလုံးက မြို့ပေါင်း ၅၀ ကျော်မှာ စစ်ကောင်စီက မထိန်းချုပ်နိုင်လို့ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ခြင်းမရှိခဲ့

စစ်ကောင်စီက ရွေးကောက်ပွဲ အကြောင်းပြကာ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းဟာ တစ်နိုင်ငံလုံးက မြို့ပေါင်း ၅၀ ကျော်မှာ ကောက်ယူနိုင်ခဲ့ခြင်းမရှိလို့ မှန်ကန်မှု မရှိနိုင်ဘူးလို့ အရပ်ဘက်အဖွဲ့အစည်းတွေ ကထုတ်ပြန်ပါတယ်။
Read More

မင်းလှ ပကဖ ပံ့သကူပစ်ရင်း ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ တစ်နိုင်ငံလုံးနည်းတူ တန်ဆောင်မုန်းလ မုန့်ဖိုးတွေ ပံ့သကူ ပစ်ရင်း စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်အုပ်စု၏ ရွေးကောက်ပွဲ ဝါဒဖြန့်မှုတွင် မပါဝင်တာကြောင့် သရုပ်ဆောင် ဖွေးဖွေး ဖမ်းဆီးခံရ၊ သရုပ်ဆောင် အလင်းရောင်လည်း ဖမ်းဆီးခံရသည်ဟု သတင်းထွက်ကာ နာမည်ကြီး အနုပညာရှင်များကို စစ်တပ် ခြိမ်းခြောက် ဖိအားပေးနေ

အာဏာသိမ်းစစ်တပ်က စီစဥ်နေတဲ့ ရွေးကောက်ပွဲအတွက် ဝါဒဖြန့် ကမ်ပိန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တာကြောင့် နာမည်ကျော် သရုပ်ဆောင် ဖွေးဖွေးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Read More

လားရှိုးမှာ အရပ်သားတွေ အိပ်မောကျချိန် စစ်တပ်က ပေါင် ၅၀၀ ဗုံး ကြဲချလို့ ၁ ယောက်သေဆုံးကာ ၁၅ ယောက်ခန့် ဒဏ်ရာရ

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ အမှတ် ၂ ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ၂၄ ရက်၊ ဒီနေ့မနက် ၁နာရီကျော်မှာ လေကြောင်းကနေ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးတွေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။