စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ကြက်ဝိုင်းလောင်းကစားပြုလုပ်တဲ့ နေရာကို ဝင်ရောက်ဖမ်းဆီးရာ ဆိုင်ကယ် (၃၂) စီးအပါအဝင်  ကြက်(၈)ကောင်နဲ့ ဖုန်း ၁ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ကျားသစ်နက်တပ်မတော် ( Black Leopard Army) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မတ်လ ၁၅ရက် ညနေပိုင်းက ပုလဲမြို့နယ်၊ ကျေးရွာတစ်ခုမှာ ပြုလုပ်နေတဲ့ ကြက်ဝိုင်းလောင်းကစားရှိရာကို ယင်းမာပင်ခရိုင် အမှတ် (၁၁) တပ်ရင်းကျားသစ်နက်တပ်မတော် (Black Leopard Army) တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ဝင်ရောက်ဖမ်းဆီးမှုမလုပ်ခင် တစ်ရက်အလို မတ်လ ၁၄ရက်နေ့မှာ ပုလဲမြို့နယ်အခြေစိုက်တပ်ရင်းတွေနဲ့အတူ မြို့နယ်အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး အဖွဲ့အစည်းတွေက အစည်းအဝေးတစ်ခုလုပ်ဆောင်ခဲ့ပြီး ပုလဲမြို့နယ်အတွင်း လောင်းကစားဝိုင်းတွေ ကင်းစင်ပပျောက်ရေးကို ဦးစားပေးဆောင်ရွက်ကြဖို့ ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း၊ နောက်တစ်နေ့မှာတော့ အရပ်သားတွေရဲ့ သတင်းပေးချက်အရ အခုလို ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ယင်းမာပင်ခရိုင် အမှတ် (၁၁) တပ်ရင်း ကျားသစ်နက်တပ်မတော် (Black Leopard Army) က ပြောပါတယ်။

“ကျနော်တို့ ဆွေးနွေးမှုအပြီးမှာ လာရောက်တိုင်ကြားလို့ သွားဖမ်းတာပါ။ အရပ်သားပြည်သူတွေကိုတော့ ဖမ်းဆီးတာတွေ မလုပ်ပါဘူး။ ကျန်ခဲ့တဲ့ ဆိုင်ကယ်တွေကိုပဲ သက်သေခံအဖြစ် သိမ်းယူခဲ့တာပါ။ ” လို့ ယင်းမာပင်ခရိုင် အမှတ် (၁၁)တပ်ရင်းကျားသစ်နက်တပ်မတော် ( Black Leopard Army) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

သိမ်းဆည်းရမိသော ဆိုင်ကယ်များအား တွေ့ရစဥ်

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ဖမ်းဆီးချိန်မှာ လောင်းကစားပြုလုပ်သူတွေ ထွက်ပြေးသွားကြပြီး သက်‌သေခံအဖြစ် သိမ်းဆည်းရမိတဲ့  ဆိုင်ကယ်တွေကို မြို့နယ်ပြည်သူ့လုံခြုံရေးရုံးကိုပို့ဆောင်ရင်း လက်ကိုင်ဖုန်းကိုလည်း ပိုင်ရှင်ထံအပ်နှံခဲ့တယ်လို့ သိရပါတယ်။

သိမ်းဆည်းရမိတဲ့ ဆိုင်ကယ် (၃၂)စီးကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကားပေါ်တင်ဆောင်နေချိန်မှာ ၈ စီးကို ကူတွန်းသလိုလိုနဲ့ ပြန်လည်ယူဆောင်သွားခြင်းခံခဲ့ရတဲ့အတွက် စုစုပေါင်း (၂၄) စီးကိုပဲ ပ.လ.ဖ ရုံးထံ အပ်နှံနိုင်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် အမှတ် (၁၁)တပ်ရင်းကျားသစ်နက်တပ်မတော် (Black Leopard Army) က ပြောပါတယ်။

ပုလဲမြို့အပါဝင် မြို့နယ်အတွင်းက စစ်ကောင်စီစခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ထားနိုင်ချိန်မှာ အခုလို လောင်းကစားဝိုင်းတွေက စစ်ကောင်စီအကြိုက် ဖြစ်သွားနိုင်သလို (ကြက်၊ဖဲ၊ဂျင်) လောင်းကစားတွေကြောင့် တော်လှန်ရေးအပေါ် အားလျော့လာတာ၊ ကျေးရွာလုံခြုံရေးပြဿနာတွေနဲ့ နောက်ဆက်တွဲ မူးယစ်ဆေးဝါး ရောင်းချသုံးစွဲတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“ပုလဲနယ် နေရာတော်တော်များများမှာတော့ ထင်ထားတာထက် များတဲ့ လောင်းကစားဝိုင်းတွေလုပ်နေကြတယ်ဗျ” လို့ ယင်းမာပင်ခရိုင် အမှတ် (၁၁)တပ်ရင်းကျားသစ်နက်တပ်မတော် ( Black Leopard Army) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ယင်းမာပင်ခရိုင် အမှတ် (၁၁)တပ်ရင်း ကျားသစ်နက် တပ်မတော် (Black Leopard Army) အနေနဲ့လည်း တော်လှန်ရေးအပေါ် အနှောင့်အယှက် ဖြစ်စေမယ့်လုပ်ရပ်တွေကို ဖယ်ရှားရှင်းလင်းသွားမယ်လို့ ပြောထားပါသေးတယ်။

 

0 Shares:
You May Also Like
Read More

နေပြည်တော် PDF မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ် (၃၃)ရက်တာ တိုက်ပွဲဖြစ်ပွား၊ ခလရ(၂၉) ဒုတပ်ရင်းမှူး သိန်းသန်းအပါ ၆၆ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ရှိကာ ၃ ဦး အလင်းဝင်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေ (၃၃)ရက်တာ တိုက်ပွဲဖြစ်ပွားမှုအတွင်း ခလရ(၂၉) ဒုတပ်ရင်းမှူး သိန်းသန်းအပါ ၆၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ရှိကာ ၃ ယောက် အလင်းဝင်လာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။
Read More

ကျိုင်းတုံ-တောင်ကြီးလမ်းမပေါ် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျပြီး ၇ဦးသေဆုံး

ရှမ်းပြည်နယ်၊ ကျိုင်းတုံ - တောင်ကြီးလမ်းမပေါ် စပါယ်ရှယ်တောင်အဆင်းမှာ ခရီးသည်တင်ကား ချောက်ထဲကျလို့ လူ ၂၀ ကျော်ဒဏ်ရာရရှိပြီး သေဆုံးသူတွေ ၇ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုးစစ်တွေကြောင့် ရက်ပိုင်းအတွင်း ဂွမြို့ထဲအထိ AA ရောက်ရှိလာနိုင်၊ အမ်းက စစ်ကောင်စီတပ်စခန်းတွေကိုလည်း ဆက်တိုက်သိမ်းပိုက်နေ

ရခိုင်ပြည်နယ် အမ်းနဲ့ ဂွမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၄ ခုကို အာရက္ခတပ်တော် AAက ထပ်မံသိမ်းပိုက်လိုက်ပြီး ရက်ပိုင်းအတွင်းမှာ  ဂွမြို့ကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ဖွယ်ရှိကြောင်း  စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်
Read More

စစ်ကောင်စီအတွက် ဝင်ငွေရှာပေးနေသည့် MOGE ကို ဆွစ်ဇာလန်ဒဏ်ခတ်ပိတ်ဆို့ အရေးယူ

အာဏာသိမ်းစစ်တပ်က ၀င်ငွေတွေ မြောက်မြားစွာ ရရှိနေတဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဆွစ်ဇာလန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ပြီ ဖြစ်ပါတယ်။
Read More

သပိတ်ကျင်းမှာ အပစ်ရပ် ကြေညာထားသည့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦး ပျက်စီးမှုတွေ ရှိတယ်လို့ ပြင်ဦးလွင် ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီ​နေ့ ထုတ်ပြန်ပါတယ်။
Read More

သာယာဝတီထောင်မှာ နိုင်ကျဉ်း ၂ ယောက်ကို ထောင်အာဏာပိုင်တွေ အကြောင်းမရှိအကြောင်းရှာ တိုက်ပိတ်ထား

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၂ယောက်ကို ထောင်အာဏာပိုင်တွေက အကြောင်းပြချက်မဲ့စွာ တိုက်ပိတ်အရေးယူထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် PPNM က သတင်းထုတ်ပြန်ထားပါတယ်။