တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ရှင်ဓာတ်ဝဲဘုရားအဝင်မုဒ်ဝရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို မတ်လ ၂၂ ရက် နေ့လယ်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒူရကစစ်ကြောင်းထံက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဘုရားအဝင်မုဒ်ဝမှာ ယာယီတပ်စွဲထားပြီး ခရီးသွားပြည်သူတွေကို ဆက်ကြေးကောက်နေတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ ယောက် သေခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ရဲ့ ဒူရကစစ်ကြောင်း ဦးဆောင်မှုနဲ့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးမြို့ Paragon Hotel မှာ ၃ ရက်ကြာ ပိတ်မိနေတဲ့ ၁၉ နှစ်အရွယ် အမျိုးသမီးငယ် ၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

အင်အားပြင်းငလျင်လှုပ်ခတ်မှုကျကြောင့် ပြိုကျခဲ့တဲ့ မန္တလေးမြို့ Paragon Hotel အတွင်း ၃ ရက် ကြာ ပိတ်မိနေတဲ့ အသက် (၁၉)အရွယ် အမျိုးသမီးငယ် ၁ ယောက်ကို မတ်လ ၃၀ ရက် မနေ့က ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

တော်လှန်ကျောင်းသားလူငယ်တွေရဲ့ ”ကျောင်းသားဟစ်တိုင်သံချပ်” (ရုပ်/သံ)

ဒို့ဖက်ဒရယ် သံချပ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ အနုပညာဝါသနာပါတဲ့ တော်လှန်ကျောင်းသား ကျောင်းသူတွေရဲ့ ''ကျောင်းသားဟစ်တိုင်သံချပ်"ကို ယခုလိုပဲ နားဆင်ရမှာဖြစ်ပါတယ်။
Read More

တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူမြို့က စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို အောက်တိုဘာ ၂၀ ရက် မနေ့ည ၈ နာရီခွဲဝန်းကျင်ခန့်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။
Read More

မြင်းမူမှာ စစ်တပ်အထိုင်စခန်းကို ဗုံးသီးကြဲချတိုက်ခိုက်ရင်း သိန်း ၃၅၀ တန်ဖိုးရှိ ဒရုန်း ၁ စီး ဆုံးရှုံးခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့ မြောက်ဘက်က ရွှေတောင်ဆီဆိုင်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲတိုက်ခိုက်ခဲ့တယ်လို့ Black Eagle Defence Force - MMU အဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီ၏ စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်များကို အပြင်းထန်ဆုံး လက်တုံ့ပြန့်သွားမည်ဟု AYA PDF ထုတ်ပြန် (ရုပ်/သံ)

ဧရာဝတီတိုင်းအတွင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ လူနေကျေးရွာနဲ့ အိမ်ခြေအဆောက်အအုံ၊ အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက် စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီအား အပြင်းထန်ဆုံးလက်တုံ့ပြန်သွားမယ်လို့ AYA PDF က ထုတ်ပြန်လိုက်ပါတယ်။