ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

မတ်လ ၂၂ ရက်နဲ့ ၂၃ ရက်တွေမှာ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်မြို့မှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ပြည်သူတွေနေထိုင်တဲ့ ကျေးရွာကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ မီးလောင်ဗုံးတွေ ကြဲချတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁ ယောက်သေဆုံးပြီး ၇ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၇ လုံး မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ကျေးရွာမှာ တိုက်ပွဲမဖြစ်ပွားတဲ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေလည်း တိုက်ပွဲဖော်ဆောင်တာ မရှိဘူးလို့ သိရပါတယ်။

အရပ်သားပြည်သူတွေအနေနဲ့လည်း ဗုံးခိုကျင်းတွေ တူးထားဖို့၊ စစ်ကောင်စီတပ်သားတွေနဲ့ ဝေးဝေးနေထိုင်ပေးဖို့ တောင်ငူခရိုင် အမှတ် ၂ တပ်ရင်းက သတိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နတ်တလင်းနှင့် ညောင်လေးပင်တွင် ၃ ရက်အတွင်း ရာအိမ်မှူး ၂ ဦးနှင့် စစ်တပ်သတင်းပေး ၃ ဦး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ နတ်တလင်းနဲ့ ညောင်လေးပင်မြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်နဲ့ ပက်သက်ဆက်နွယ်နေတဲ့ ရာအိမ်မှူးတွေနဲ့ သတင်းပေးဒလန်တွေ ၃ ရက်ဆက်တိုက် ပစ်ခတ်ရှင်းလင်းခံခဲ့ရကြောင်း စစ်တပ်သတင်းရင်းမြစ်နဲ့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။
Read More

ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်များ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၁၀၀၆ တပ်ရင်း (ဖယ်ခုံ PDF 2) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အသံတိတ်သပိတ်တွင် ပြည်မြို့ခံများ ဓာတ်ပုံကမ်းပိန်းဖြင့် ပူးပေါင်းပါဝင် (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ ပြည်မြို့နယ်မှာ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း အသံတိတ်သပိတ်နဲ့အတူ မြို့ခံတွေက ဓာတ်ပုံကမ်ပိန်းအနေနဲ့လည်း ပါဝင်ခဲ့ကြပါတယ်။ ဒီဇင်ဘာ ၁၀ ရက် ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အသံတိတ်သပိတ် လုပ်ဆောင်နေကြတာဖြစ်ပြီး ဒီလိုသပိတ်မှာ ပူးပေါင်းပါဝင်တဲ့ ဈေးဆိုင်တွေကို ထိရောက်စွာ အရေးယူမယ့်အကြောင်း မြို့အာဏာပိုင်တွေက စာတွေပို့ထားတယ်လို့ သိရပါတယ်။
Read More

လားရှိုးမြို့အနီးတဝိုက် စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ်အများအပြားနဲ့ အများပြည်သူဆိုင်ရာ နေရာတွေ၊ လမ်းတွေနဲ့ လျှပ်စစ်ဓာတ်ကြိုးတွေ ပျက်စီးခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့အနီးတဝိုက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

လေးကေ့ကော် စွယ်တော်ကုန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက် မြင်ကွင်းများ…

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့အနီးက စွယ်တော်ကုန်း လက်နက်ကြီးဗျူဟာစစ်စခန်းကို KNLA ဦးဆောင်ပြီး ကော်ဘရာစစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။
Read More

မတရားဖမ်းဆီးခံထားရသည့် အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အကျဉ်းထောင်အတွင်း လုံလောက်သည့် ဆေးဝါးကုသမှု မရ 

အင်းစိန်ထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ အလုပ်သမားအရေးလှုပ်ရှားသူ STUM ခေါင်းဆောင် ဒေါ်မျိုးမျိုးအေးဟာ လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရဘူးလို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ (STUM) က သတင်းထုတ်ပြန်ထားပါတယ်။