စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးပျူစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ မတ်လ ၂၃ ရက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ယင်းမာပင် ခရိုင် အမှတ် ၁၂ တပ်ရင်းထံက သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်သားတွေဟာ အင်မထီးရွာကနေ ရိက္ခာရှာဖို့ ထွက်လာချိန် အင်မထီးရွာတောင်ဘက် လုပ်သားရွာကြားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေရဲ့ ထိခိုက်မှုကိုတော့ မြေပြင်အခြေအနေအရ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ယင်းမာပင် ခရိုင် အမှတ် ၁၂ တပ်ရင်းနဲ့ ယင်းမာပင် ခရိုင် တပ်ရင်း ၃၈ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေတာရှည်မြို့နယ်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား အများအပြားသေဆုံး၊ လူနာကယ်ထုတ်တဲ့ ရဲဘော် ၁ ဦးကျဆုံး (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး အကြမ်းဖက်စစ်သား ၂၀ ဦးခန့်သေဆုံးခဲ့တယ်လို့ သ်ရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဖက်မှလည်း လူနာကယ်ထုတ်တဲ့ ရဲဘော် ၁ ဦးကျဆုံးခဲ့တယ်လို့ တပ်ရင်း ၃၅၀၄ - ရေတာရှည်မြို့နယ် အခြေစိုက်က မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကောင်စီရဲ့ ရိက္ခာ၊ လက်နက်ခဲယမ်း တင်ဆောင်လာတဲ့ ယာဉ်တန်းနဲ့ လမ်းကင်းယူပေးတဲ့ အကြမ်းဖက် စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)က ထုတ်ပြန်ပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်းမှ အလံဖြူထောင်သည့် စစ်ကော်မရှင်တပ်သားများကို ဗိုလ်ဒါဘော ကြိုဆို (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ရဲ့အောင်ဇေယျစစ်ဆင်ရေးကနေ အလံဖြူထောင်ပြီး ပြည်သူ့ဘက် ရဲရင့်စွာ ရပ်တည်ခဲ့တဲ့ စစ်သားတွေကို ဗိုလ်ကြီးဒါဘောတို့အဖွဲ့က ကြိုဆိုခဲ့တဲ့ မှတ်တမ်းကို Black Panther Column - တပ်ခွဲ ၂ က ထုတ်ပြန်ခဲ့ပါတယ်။
Read More

အသက် (၁၃) နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို သေဒဏ်ပေးရန် မြို့ခံပြည်သူများ တောင်းဆို (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ဆောမြို့မှာ အသက် (၁၃) နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို သေဒဏ်ပေးဖို့ အောက်တိုဘာ ၂၆ ရက်မှာ မြို့ခံပြည်သူတွေက တောင်းဆိုခဲ့ကြပါတယ်။
Read More

နခခ ၅ တပ်ကို AA မသိမ်းပိုက်မီ စစ်ကောင်စီတပ်သားတွေ အကူအညီ တောင်းခံနေတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံလာ (ရုပ်/သံ)

ရခိုင်ပြည်နယ် မောင်တောမြို့ နယ်ခြားစောင့်တပ်ခွဲ နခခ ၅ ကို အာရက္ခတပ်တော် AA က မသိမ်းပိုက်မီ စစ်ကောင်စီတပ်သားတွေ အကူအညီတောင်းခံနေတဲ့ ရုပ်သံဖိုင် ၁ ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ရွာမီးရှို့ပြီး ထွက်လာသည့် စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၈ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မြောက်မြို့နယ်၊ ကုလားရှင်ကျေးရွာကို မီးရှို့ပြီး ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းနဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်မြို့နယ် ပကဖထံက သိရပါတယ်။