ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ရက္ခိုင့်တပ်တော် AA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

ပုသိမ်-မုံရွာ ကားလမ်း အနောက်ဖက် ရခိုင်ရိုးမတောင်ခြေအနီးက တုံးတော၊ ဝက်ကုန်း၊ လဲခုံကြီးနဲ့ လဲခုံလေး စတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က စက်တပ်လေထီးတွေ၊ စစ်ဘက်သုံး လေယာဥ်တွေ အသုံးပြုပြီး တိုက်ပွဲဖြစ်ပွားရာ နေရာတွေနဲ့ ကျေးရွာတွေကို မတ်လ ၁၈ ရက်ကစလို့ နေ့စဥ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ရေကြည်မြို့နယ်၊ ဂွ- ငါးသိုင်းချောင်းလမ်းပေါ်ရှိ အမှတ်(၃၄၄) အမြောက်တပ်နဲ့ လေးမျက်နှာမြို့နယ်အတွင်း ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးတွေ အထိုင်ချထားသလို အမတ (၃၄၄) အနီး တိုက်ပွဲတွေဆက်တိုက်ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ အမတ (၃၄၄) အမြောက်တပ်ရင်းဟာ AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ကြောင့် စစ်ကောင်စီအနေနဲ့ ဧရာဝတီတိုင်းအတွင်း ပထမဦးဆုံး လက်လွှတ်ရမယ့် တပ်စခန်းတစ်ခု ဖြစ်လာနိုင်တယ်လို့လည်း စစ်ရေးလေ့လာသုံးသပ်သူတွေက ပြောဆိုတာတွေ ရှိနေပါတယ်။

မတ်လ ၁၆ ရက်က လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ AA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ရာ လေးမျက်နှာမြို့နယ် ပုသိမ်-မုံရွာကားလမ်းဘေး ကျေးရွာတွေအတွင်း မတ်လ ၁၈ ရက်ကနေ ၂၄ ရက် ဒီနေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆိပ်ဖြူမြို့နယ် စစ်ဆေးရေးဂိတ်ရှိ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ် တိုက်ပွဲဖြစ်၊ စစ်ကော်မရှင်တပ်သား ၄ဦး သေပြီး တော်လှန်ရေးဘက်မှ စစ်ကြောင်းမှူး ကျဆုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်စခန်းက စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းထံက သိရပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် ဝမ်းတွင်းတွင် သေဆုံးသူ ၃၀ဦးအထက်ရှိလာပြီး၊ ထိခိုက်ဒဏ်ရာရသူ ၇၀ ကျော်ရှိဟု ဆို

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ ငလျင်ဒဏ်ကြောင့် မြို့နယ်လုံးကျွတ် ထိခိုက်ပျက်စီးကာ ကလေးငယ်နဲ့ သံဃာတော်များ အပါအဝင် သေဆုံးသူ ၃၀ ကျော်အထိ ရှိတယ်လို့ Voice of Wundwin တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ထီးထဗျူဟာကုန်းစခန်းကို KNLA နှင့် ပူးပေါင်းအဖွဲ့များ သိမ်းပိုက်နိုင်ခဲ့၊ စစ်ကောင်စီ ဗျူဟာမှူးကို အသေဖမ်းမိ

ထိုင်း-မြန်မာနယ်စပ်၊ ထီးခီးဒေသထဲမှာ တည်ရှိတဲ့ ထီးထစစ်ကောင်စီစခန်းကို ကရင်အမျိူးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မနေ့က ဧပြီလ ၁၉ ရက် ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြိတ်ကိုလာတဲ့ စစ်ယာဉ်တန်းနဲ့ လမ်းကင်းယူထားတဲ့ စစ်သားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ကနေ မြိတ်မြို့ကို ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းနဲ့ လမ်းကင်းယူထားတဲ့ စစ်သားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်နဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၃ ယောက် ဒဏ်ရာရသွားတယ်လို့ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ​- ပကဖ မြိတ်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရဲစခန်းနဲ့ မနီးမဝေးမှာ ဂိတ်ချစစ်ဆေးနေတဲ့ ရဲတွေ ရှောင်တခင် ဝင်ပစ်ခံရလို့ ၃ ယောက် သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ ရဲစခန်းနဲ့ မနီးမဝေး ဂိတ်ချစစ်ဆေးနေတဲ့ အကြမ်းဖက်ရဲတွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲ၂ယောက်နဲ့ သတင်းပေး ၁ယောက် သေဆုံးသွားကြောင်း တောင်သာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

ခမရ-၅၉၉ မှ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းရသူ ၈ ဦး KNLA တပ်ရင်း(၈)ထံ လက်နက်ချခိုလှုံ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင် (ညောင်လေးပင်ခရိုင်)၊ မူးမြို့နယ်မှာ အခြေစိုက်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၈) ထံကို စစ်အုပ်စု လက်အောက်ခံ ခမရ-၅၉၉ တပ်ရင်းက တပ်သား (၈) ယောက့ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ဆက်တိုက်အလင်းဝင်ရောက်လာခဲ့တယ်လို့ KNU ကနေ သတင်းထုတ်ပြန်လာပါတယ်။