ရန်ကုန်တိုင်းထဲက မြို့နယ်အချို့ကို ၄ နာရီလာ ၈ နာရီပြတ်စနစ်ဖြင့် ယခင်ကလို လျှပ်စစ်မီး ပြန်လည်ဖြန့်ဝေသွားမှာဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ လျှပ်စစ်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ရန်ကုန်ကို ၄ နာရီလာ ၈ နာရီပြတ် စနစ်နဲ့ ပေးခဲ့တဲ့ ပုံစံအတိုင်း အုပ်စု ၃ စုခွဲကာ ခရိုင်အလိုက် လျှပ်စစ်မီး ဖြန့်ဝေသွားမယ်လို့ ဆိုပါတယ်။

လတ်တလော ၄ နာရီလာ ၈ နာရီပြတ် စနစ်ကို အနောက်ပိုင်းခရိုင်ကလွဲပြီး ကျန်ခရိုင်တွေမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။ အနောက်ပိုင်းခရိုင်ကိုတော့ မူလအတိုင်း ၄ နာရီလာ ၄ နာရီပြတ် စနစ်နဲ့သာ အလှည့်ကျ ဖြန့်ဖြူးသွားမယ်လို့ ဆိုပါတယ်။  

နွေရာသီအတွင်း ရေအားလျှပ်စစ်ကနေ လိုအပ်သလောက် ဓာတ်အားမထုတ်လုပ်နိုင်တာကြောင့် ၄ နာရီလာ ၈ နာရီပြတ် စနစ်ကို ပြောင်းလဲ ဖြန့်ဖြူးပေးတာဖြစ်တယ်လို့လည်း အကြောင်းပြ ပြောဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မှာ ၂၀၂၅ နှစ်စပိုင်းက စတင်ကာ လျှပ်စစ်မီးပြတ်တောက်မှုတွေကို နာရီနဲ့ချီ ဆိုးရွားစွာ ဖြတ်တောက်ထားတာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ စက်မှုဇုန်လုပ်ငန်းတွေကိုလည်း ဓာတ်အားလျှော့ ဖြန့်ဖြူးမှုတွေရှိနေလို့  မီးစက်ကို နာရီပေါင်းများစွာ အသုံးပြုရတာကြောင့် အပိုကုန်ကျစရိတ်တွေ မြင့်တက်လျက်ရှိနေပါတယ်။ 

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်စက်ရုံ ၂၉ ရုံ၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၇ ရုံ၊ ကျောက်မီးသွေးစက်ရုံ ၂ ရုံ၊ နေရောင်ခြည်စွမ်းအင်စက်ရုံ ၆ ရုံတို့ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ 

အဆိုပါစက်ရုံတွေကနေ လျှပ်စစ်မဂ္ဂါဝပ် ၇,၁၈၄.၄၆ အထိ ထုတ်လုပ်ပေးနေပေမယ့် နိုင်ငံတွင်းလျှပ်စစ်ဓာတ်အားလိုအပ်ချက်ဟာ နှစ်စဥ် ၁၅ ရာခိုင်နှုန်းခန့် အထိ လိုအပ်နေတယ်လို့ စစ်ကောင်စီရဲ့ လျှပ်စစ်ဝန်ကြီးက ထုတ်ပြန်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သဘာ၀ဓာတ်ငွေ့သုံးစက်ရုံအများစုဟာ ဆက်လက်မလည်ပတ်နိုင်တော့ဘဲ လျှပ်စစ်မီး လိုအပ်ချက်တွေ ဖြစ်ပေါ်ကာ ပြည်ပကုမ္ပဏီတချို့ ထွက်ခွာသွားရပြီး ပြည်တွင်းလုပ်ငန်းရှင်တချို့ကလည်း ကုန်ကျစရိတ်မြင့်တက်လာတာကြောင့် လည်ပတ်မှုတွေကို ရပ်နားထားရတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

နယ်မြေရှင်းလင်းရေးစစ်ကြောင်းမှ စစ်ကော်မရှင်တပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံ စစ်ကော်မရှင်တပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီရဲ့ ပခုက္ကူ – မြိုင် အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်းအတွင်း ပခုက္ကူ - မြိုင်အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဒရုန်းစစ်ဆင်ရေးအဖြစ် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လွိုင်လင်လေးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ကရင်နီတော်လှန်ရေးတပ်များ တိုက်ခိုက်ရာ စစ်သား (၁၀) ဦးကျော် သေဆုံး၊ ကရင်နီပြည်နယ်နှင့် ကရင်နီ-ရှမ်းအစပ် နေရာများတွင် စစ်အုပ်စု စစ်မျက်နှာ ၅ ခု ဖွင့်ကာ ထိုးစစ်ဆင်နေ

ကရင်နီပြည်နယ်၊ လွိုင်လင်လေးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ရာ စစ်သား (၁၀) ယောက်ကျော် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မော်လမြိုင်တွင် ကျောင်းဆရာမ တဦး အသတ်ခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ အငြိမ်စားကျောင်းဆရာမ တယောက်နေအိမ်အတွင်းထဲ အသတ်ခံရပြီး သေဆုံးနေတာကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မော်လမြိုင်မြို့ခံတွေဆီက သိရပါတယ်။
Read More

နောင်ချိုကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး ထပ်မံလာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဖယ်ခုံတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံး၊ နေအိမ် ၄ လုံး ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး နေအိမ် ၄ လုံး ပျက်စီးခဲ့တယ်လို့ Karenni Human Rights Group (KnHRG) က ဒီနေ့ ထုတ်ပြန်ပါတယ်။