စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကို မတ်လ ၂၃ ရက် ညပိုင်းက ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar အဖွဲ့ထံက သိရပါတယ်။

ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ၂ လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပြီး နမခအတွင်းရှိ အုပ်ချုပ်ရေးမှူးရုံး၊ ရဟတ်ယာဉ်ရပ်နားရာ ဂိုထောင်နဲ့ အမှတ် ၈၁ အလုပ်အတွင်းရှိ ကြီးကြပ်ကန့်သတ်ပစ္စည်းတွေထားရာ နေရာလည်း မီးလောင်ပြီး အရာရှိ ၁ ယောက်၊ စာရေး ၂ ယောက်နဲ့ အခြားအဆင့် ၆ ယောက်၊ စုစုပေါင်း ၉ ယောက်သေပြီး ၁၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar – BWM အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့အတူ Freedom Revolution Force (FRF)၊ Yan Gyi Aung (ဘုတလင်)၊ Shadow (မုံရွာ) ၊ Democratic Rangers အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့က စစ်ကောင်စီတပ်တွေကို ကွပ်ကဲနေပြီး  ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့  စစ်ဌာနချုပ်တစ်ခုလည်း ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေး-မုံရွာလမ်းပေါ်တွင် ပြည်‌သူများထံမှ ပိုက်ဆံတောင်းနေသည့် စစ်ကော်မရှင်တပ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေး-မုံရွာလမ်းပေါ်မှာ ခရီးသွားပြည်သူတွေထံကနေ ပိုက်ဆံတောင်းနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၄ တပ်ရင်းက သတင်း ထုတ်ပြန်ထားပါတယ်။
Read More

စစ်မှုထမ်းဥပဒေ အိမ်တံခါးလာခေါက်တာ ခံမလား၊ ပြည်သူတွေချစ်တဲ့ တော်လှန်ရေးတပ်ထဲ လာမလား (ရုပ်/သံ)

မြန်မာနိုင်ငံအနှံ့ အမျိုးသား အမျိုးသမီး အသက်အရွယ်စုံကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကနေ ရှောင်တိမ်းလိုတဲ့ လူငယ်တွေအတွက် ထွက်ပေါက်တစ်ခုအနေနဲ့ ကျားသစ်နက်စစ်ကြောင်းကနေ တော်လှန်ရေးတပ်သားသစ်တွေကို ခေါ်ယူနေပါတယ်။
Read More

ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်း နောက်တန်းပြန်ရဲဘော်တွေ တပ်ရိက္ခာအဆင်ပြေစေဖို့ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း (Budalin Mobile Team-BMT) က နောက်တန်းပြန်ရဲဘော်တွေဟာ တပ်ရိက္ခာအဆင်ပြေစေဖို့ စပါး၊ မြေပဲ၊ ငရုတ်၊ ခရမ်းစတဲ့ စိုက်ပျိုးရေးတွေအပြင် မွေးမြူရေးတွေလည်း ကိုယ်တိုင်လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
Read More

မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာအနီး အထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာအနီးက ရေဦးဆီဆိုင်မှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို အောက်တိုဘာ ၂၈ ရက် ညနေပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ DK-PDF MMU အဖွဲ့ထံက သိရပါတယ်။
Read More

မိစ္ဆာစစ်တပ်၏ လေကြောင်းရန်ကို ကြောက်ရွံ့နေသည့် ကလေးငယ်များ (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီး ပျံသန်းတာကို ကြည့်နေတဲ့ မောင်နှမ ၂ ယောက်ထဲက အစ်မ ဖြစ်သူက သူ့မောင်လေးကို အန္တရာယ်ကျရောက်မှာ စိုးရိမ်စိတ်နဲ့ ပြောလိုက်တာဖြစ်ပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၇ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။