စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ထဲကို ၁၀၇ မမ ရှော့တိုက်ဒုံး‌ေတွနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က အရာရှိ ၁ ယောက် အပါအဝင် ၉ ယောက် သေဆုံးပြီး ၁၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်လာပါတယ်။ 

မနေ့က မတ်လ ၂၃ ရက်၊ ည ၁၀ နာရီဝန်းကျင်အချိန်မှာ အဆိုပါ နမခ ထဲက တိုင်းစစ်ဌာနချုပ်ရုံးနဲ့ Mi 17 ရပ်နားရာ ရဟတ်ယာဉ်ကွင်းတို့ကို ရှော့တိုက်ဒုံး ၃လုံး ပစ်ခတ်တိုက်ခိုက်ရာမှာမှာ ၂လုံးကိုတော့ အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ခိုက်မှုမှာ နမခအတွင်းရှိ အုပ်ချုပ်ရေးမှူးရုံး မီးလောင်ခဲ့ပြီး အရာရှိ ၁ ယောက်နဲ့ တပ်ကြပ်စာရေးတွေ အပါအဝင် ၆ ယောက် ဒဏ်ရာရရှိခဲ့ရာ အဲဒီထဲက စာရေး ၂ ယောက် ဒဏ်ရာပြင်းထန်တာကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။

ရဟတ်ယာဉ် ရပ်နားတဲ့ ဂိုထောင်လည်း မီးလာင် ပျက်စီးသွားပြီး အရာရှိ ၁ ယောက်နဲ့ အခြားအဆင့် ၆ ယောက် သေဆုံးပြီး ၁၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

နမခ အား ရှော့တိုက်ဒုံး ပစ်ခတ်စဉ်

ဒါ့အပြင် အမှတ် ၈၁ အလုပ်ရုံအတွင်းရှိ ကြီးကြပ် ကန့်သတ် ပစ္စည်းတွေလည်း မီးလောင်သွားပြီး ရဟတ်ယာဥ် ၁ စီးလည်း မီး‌လောင်ဆုံးရှုံးနိုင်ခြေရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“မစ်ရှင်က အောင်မြင်တယ် ပြောရမှာပါ။ အခုလို ထိရောက်တဲ့မစ်ရှင်မှာ အဘက်ဘက်က ပူးပေါင်းပါဝင်ပေးခဲ့ကြတဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့အားလုံးကို BWM အနေနဲ့ ကျေးဇူးတင်ဂုဏ်ယူမိကြောင်း ပြောချင်ပါတယ်” လို့ BWM တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့က စစ်ကောင်စီတပ်တွေကို ကွပ်ကဲနေပြီး  ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့  စစ်ဌာနချုပ်တစ်ခုလည်း ဖြစ်တယ်လို့ သိရပါတယ်။ 

ဒါကြောင့် BWM အဖွဲ့အနေနဲ့ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းကာ ဖက်ဆစ်တော်လှန်းရေးနေ့ အထိမ်းအမှတ် အကြိုလက်ဆောင်အဖြစ် အခုလို တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

တိုက်ခိုက်မှုကိုတော့ Brave Warriors for Myanmar – BWM အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့အတူ Freedom Revolution Force (FRF)၊ Yan Gyi Aung (ဘုတလင်)၊ Shadow (မုံရွာ) ၊ Democratic Rangers အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

 

0 Shares:
You May Also Like
Read More

ကရင်နီပြည်စစ်မြေပြင်မှာ KNDF တပ်ရင်း ၂၅ က ဆေးမှူး ရဲဘော် ကျဆုံးခဲ့

ကရင်နီပြည်စစ်မြေပြင်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ တပ်ရင်း ၂၅ က ဆေးမှူး ရဲဘော် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နေပြည်တော်အကျဥ်းထောင်မှာ ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေအပေါ် စိုးရိမ်ပူပန်နေဟု Kim Aris ပြော

မြန်မာနိုင်ငံအတွင်း ငလျင်ဒဏ်ကြောင့် ပြည်သူတွေ ဒုက္ခခံစားနေရသလို နေပြည်တော်အကျဉ်းထောင်မှာ ထိန်းသိမ်းခံရပြီးအဆက်အသွယ်ဖြတ်တောက်ခံထားရတဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေအပေါ် စိုးရိမ်ပူပန်နေတယ်လို့ Kim Aris (ခ) ကိုထိန်လင်းက လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။
Read More

မြန်မာနိုင်ငံအတွင်း ကျားဖျန့်လုပ်ငန်းမှာ စေခိုင်းဖို့ လူကုန်ကူးခံရသူတွေဟာ ထိုင်းနိုင်ငံကနေ ဝင်ရောက်လာတာလို့ စစ်ကောင်စီပြောခွင့်ရ ပြော…

မြန်မာနိုင်ငံမှာ အကြီးစားလူကုန်ကူးမှုနဲ့အတူ နိုင်ငံတကာရဲ့ အာရုံစိုက်မှု ခံလာရတဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ ခိုင်းစေဖို့ နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံကတစ်ဆင့် ခေါ်ဆောင်နေတာဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေး သတင်းစာတွေကတစ်ဆင့် ပြောပါတယ်။
Read More

သထုံခရိုင်အတွင်း စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၃ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တွေမှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၃ ယောက် သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ပါတယ်။
Read More

ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက်သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ခရစ်ယာန်ဘုန်းတော်ကြီးကို အုပ်စုဖွဲ့ သတ်ဖြတ်မှုကျူးလွန်ခဲ့သူတွေကို NUG က စစ်ခုံရုံးဖွဲ့ စစ်ဆေးမည်

ခရစ်ယာန်ဘုန်းတော်ကြီးကို အုပ်စုဖွဲ့ သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့အပေါ် စစ်ခုံရုံးဖွဲ့ကာ တရားဥပဒေနဲ့အညီ စစ်ဆေးအရေးယူသွားမယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက မနေ့က ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။