KNLA တပ်မဟာ (၃) နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် စခန်းသိမ်းတိုက်ပွဲတစ်ခုမှာ စစ်ဆင်ရေးဆောင်ရွက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင် ၁ ခုကို  Federal Wings က ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ Jummer တွေကြောင့် ဒရုန်းစစ်ဆင်ရေးဆိုင်ရာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတဲ့  Federal Wings ရဲ့ R&D အဖွဲ့က နည်းပညာ အဆင့်မြှင့်တင်ပေးနိုင်မှုကြောင့် အောင်မြင်စွာ စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

နည်းပညာအဆင့်မြှင့်တင်ရာမှာ အမြဲတမ်း အသာစီးရနေတာမဟုတ်ဘဲ ရန်သူကလည်း အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်နေတဲ့အတွက် Federal Wings ရဲ့ R&D တပ်ဖွဲ့တွေက Research & Development လုပ်ငန်းတွေ အမြဲမပြတ် လုပ်ဆောင်လျက်ရှိတယ်လို့ ပြည်သူတွေထံ အသိပေး ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စပါးရိတ်သိမ်းချိန် တောင်ယာလုပ်ငန်းခွင်အတွင်း အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြ (ရုပ်/သံ)

စပါးရိတ်သိမ်းချိန်‌ တောင်ယာလုပ်ငန်းခွင်အတွင်း အကြမ်းဖက်စစ်အုပ်စု ပြုလုပ်မယ့် အတုအ ယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့တယ်လို့ လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။
Read More

မောတောင်မြို့ ခလရ ၂၂၄ တပ်ရင်း မဆုတ်တမ်းခံစစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် မြင်ကွင်း (ရုပ်/သံ)

ထိုင်း-မြန်မာ နယ်စပ် တနင်္သာရီတိုင်းထဲက မောတောင်မြို့ ခလရ ၂၂၄ တပ်ရင်း မဆုတ်တမ်းခံစစ်စခန်းကို KNLA၊ BPLA နဲ့ FFD တို့ ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရုပ်သံကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ပိတ်မိနေတဲ့ ခရီးသည်တင်ယာဉ်ပေါ်ရှိ ပြည်သူတွေကို ကယ်ထုတ်ခဲ့တဲ့ ရုပ်သံဖိုင် Dragon Brothers Task Force ထုတ်ပြန်

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ပိတ်မိနေတဲ့ ခရီးသည်တင်ယာဉ်ပေါ်ရှိ ပြည်သူတွေကို ကယ်ထုတ် ခဲ့တဲ့ ရုပ်သံဖိုင်ကို Dragon Brothers Task Force မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ထားဝယ်တွင် စစ်ယာဉ်တန်းနှင့် လိုက်ပါလာသည့် စစ်ကော်မရှင်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေပြီး ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ ဝကုန်းကျေးရွာမှာ စစ်ယာဉ်တန်းနဲ့ လိုက်ပါလာတဲ့ စစ် ကော်မရှင်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက်သေပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Eastern Defense Force EDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်မြို့နယ်အတွင်း စျေးဝယ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက်သေ၊ သေနတ် ၃ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထားဝယ်နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ် ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက်သေကာ သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ YePhyu People Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

သာစည်အကျဉ်းထောင်နှင့် ရဲစခန်းကို တိုက်ခိုက်မှု ရဲ ၃ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ကျေးရွာအနောက်ဘက်ရှိ သာစည်အကျဉ်းထောင်နဲ့ ရဲစခန်းကို တိုက်ခိုက်ရာ ရဲ ၃ ယောက် သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော် - Bamar Army က သတင်းထုတ်ပြန်ထားပါတယ်။