ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို မတ်လ ၂၂ နဲ့ ၂၃ ရက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း P23502 က ထုတ်ပြန်ထားပါတယ်။

လက်နက်ကြီးကျည်တွေဟာ ကျေးရွာအတွင်းရှိ အရပ်သားပြည်သူတွေရဲ့ နေအိမ်ပေါ်  ကျရောက် ပေါက်ကွဲပြီး နေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အရပ်သား ၁ ယောက်သေဆုံးကာ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးရိုးမအနောက်ခြမ်းမြို့နယ်များ အကြမ်းဖက်စစ်တပ်စခန်းများကို တော်လှန်ရေးတပ်များ တစ်ပြိုင်နက် တိုက်ခိုက်သိမ်းပိုက်၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀) ဦးခန့် သေဆုံး

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ မင်းလှမြို့နယ်များအတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀)ဦးခန့် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Read More

ဗိုလ်တထောင်မြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကွန်တိန်နာယာဉ်နှင့် စျေးဆိုင်ခန်းများ ပျက်စီး (ရုပ်/သံ)

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်မှာ ဒီနေ့ ဇူလိုင်လ ၂၄ရက် မနက်ပိုင်းက လေဆင်နှာမောင်းတိုက်ခတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

Yawland Operation စစ်ဆင်ရေးအဖြစ် ပျူစခန်းနဲ့ စစ်တပ်စခန်းတွေ တိုက်ခိုက်မှု စစ်ကော်မရှင်တပ်သား ၄၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

ဂန့်ဂေါခရိုင်စစ်ဌာနမှ Yawland Operation စစ်ဆင်ရေးဖြစ် ယောဒေသအတွင်း ပျူစခန်းနဲ့ စစ်တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၄၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ယောအလင်း တန်းမှ ယနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်က မင်းကင်းမြို့နယ် ဝင်ဝပျူစခန်း၊ လယ်ကြီးအနောက်ပျူစခန်း၊ မြောက် ခင်ရမ်းပျူစခန်း၊ ရွှေမြစ်သာပျူစခန်းနဲ့ တောကျောင်းကာကင်းစခန်းတွေကို တော်လှန်ရေးပူးပေါင်း တပ်တွေက တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဝင်ဝပျူစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ပွင့်ဖြူမြို့နယ်ထဲကို စစ်ကောင်စီတပ် လေကြောင်းကနေ လာ‌ရောက်ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းနဲ့ ကျွဲခြံလယ်မရွာဘက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ လာရောက်ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းထံက သိရပါတယ်။
Read More

ဖရူဆိုမြို့ထဲက ရပ်ကွက်အချို့ကို စစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ကရင်နီဒေသက ဖရူဆိုမြို့နယ်ထဲက ရပ်ကွက်နှစ်ခုက နေအိမ်တွေကို အာဏာသိမ်းစစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့  ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗဟိုက ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

ကြိုးဝကျေးရွာအနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်မှု ၃၀ ခန့်သေပြီး လက်နက်အများအပြားသိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း မင်းတုန်းမြို့နယ် ကြိုးဝကျေးရွာအနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၃၀ ခန့်သေပြီး တပ်ကြပ်အဆင့် ၁ ယောက် ဖမ်းဆီးမိခဲ့ကာ လက်နက်အများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။